~Ep-1~

680 15 1
                                    


Unicode.....

ကျောင်းဝင်းနားက လမ်းမှာ အရှိန်နဲ့မောင်းနင်းနေတဲ့ ဆိုက်ကယ်တစ်စီး
ဆိုက်ကယ်ပေါ်ကကောင်လေးကလည်း ဝမ်းနည်းမှု နာကျည်းမှုတွေအပြည့်နဲ့

ရိပေါ် : '' မားဖျားတယ်…ပါးကဂရုမစိုက်ဘူး…ပါးအလုပ်ဘဲပါးလုပ်နေတယ်…မားမသေခင်…နောက်ဆုံးအချိန်မှာ…ပါးကိုတွေ့ချင်ခဲ့တယ်…ဒါမယ့်…ပါးက…ရောက်မလာခဲ့ဘူး…မားသေရတာ…ပါးကြောင့်!! "

မားရဲ့ အုတ်ဂူ​ဘေးမှာ ပါးနဲ့ပြောခဲ့တဲ့စကားတွေကို ပြန်တွေးရင်း မျက်ရည်တွေက အဆက်မပြတ်ကျလာတယ်
ဒေါသတွေ ပြေငြိမ်းသွားစေဖို့ ဆိုက်ကယ်ကို အရှိန်တအားတင်မောင်းလိုက်တယ်
ထိုအချိန်ကျောင်းကနေထွက်လာတဲ့ ကောင်လေးတစ်ယောက်
လမ်းသေချာကြည့်ပြီး ဖြတ်ကူးနေတဲ့ လူတကာ ငေးမောလောက်အောင်လှပတဲ့ကောင်လေး ရှောင်ကျန့်
ရိပေါ် ဆိုက်ကယ်အရှိန်မထိန်းနိုင်ဘဲ ရှေ့က ​ရှောင်ကျန့်ကို တိုက်မိတော့မလိုဖြစ်တော့
ရှောင်ကျန့်လည်းကြောက်ပြီး နောက်ကို ဆုတ်လိုက်တော့
ရိပေါ်က အရှိန်မထိန်းနိုင်ဘဲ ဆိုက်ကယ်မှောက်သွားတယ် လူကတော့ဘာမှမဖြစ်
ရှောင်ကျန့်လဲ ကြောင်ပြီး ရိပေါ်ကို ရပ်ကြည့်နေတယ်
နောက်မှ ပြေးလာပြီး

ရှောင်ကျန့် : '' ခင်ဗျား… အဆင်ပြေရဲ့လား … ''

ရိပေါ်ကို ထူပေးမယ်လုပ်တော့ ရိပေါ်က Helmet ယူပြီး လမ်းဘေးက မြက်ခင်းမှာ ဝင်ထိုင်လိုက်တယ်
ရှောင်ကျန့်စိတ်ထဲမှာ * ဘာလား… အကောင်းလည်းထူပေးရသေးတယ် *
ရှောင်ကျန့်လည်း ရိပေါ်ထိုင်နေတဲ့နေရာကိုလာပြီး

ရှောင်ကျန့် : " ခင်ဗျား ဘာဖြစ်သွားသေးလဲ ဘယ်နားနာသွားသေးလဲ ''

ရှောင်ကျန့် ရိပေါ်ရဲ့ ခန္ဓာမှာ ထိခိုက်မိတာရှိလား ကြည့်နေတယ်

ရိပေါ် : '' မင်း လမ်းကို ဘယ်လိုကူးနေတာလဲ …… ဆိုက်ကယ်လာတာမမြင်ဘူလား……ငါသာမရှောင်လိုက်ရင် မင်းသေနေပြီ ''

ရှောင်ကျန့် : '' ခင်ဗျားကရော……ဒီလမ်းမှာ ဆိုက်ကယ်ပြိုင်ပွဲဝင်နေတယ်ထင်လို့လား……ခင်ဗျားအရမ်းမောင်းပြီး……အရှိန်မထိန်းနိုင်လို့ဖြစ်တာလေ ''

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now