EP-11

96 3 0
                                    

.💛Yellow Heart💛
[Ep-11]
Unicode💛

တစ်ပတ်ကြာပြီးနောက်...
ရှောင်ကျန့် နဲ့ ကျိုးချန်တို့ ပထမဆုံးရုံးတက်မယ့်နေ့...
ရိပေါ် ဒီနေ့ အလုပ်အသစ်ဝင်မဲ့သူတွေရှိတာကြောင့် ရုံးအရင်ရောက်နေတယ်
ကျိုးချန်တို့တစ်ဖွဲ့လူစုပြီး ရုံးကိုရောက်လာကြတယ်
ကားပါကင်မှာ အလုပ်လုပ်ရမဲ့အကြောင်းကို ပြောနေကြတုန်း
သူတို့နဲ့ မလှမ်းမကမ်းမှာ ကားအနက်အစီးရပ်လိုက်တယ်
ကားပေါ်ကဆင်းလာတဲ့သူကတော့ တခြားသူတွေမဟုတ်
ဝမ်ပါးနဲ့ ရှောင်ကျန့် ပင်
ယွီပင်တစ်ယောက် ရှောင်ကျန့်ကိုမြင်တော့
ယွီပင်  : '' ဟမ် ကျန့်ကျန့်က ဒီကိုဘာလာလုပ် ''
ကျိုးချန်  : '' အန်ကယ်နဲ့လိုက်လာတာနေမှာပေါ့ ''
ယွီပင်  : '' အဲ့လိုနေမှာပေါ့ ''
Knock knock
ရိပေါ်  : '' ဝင်ခဲ့ပါ ''
ဝမ်ပါး  : '' သားရိပေါ် ''
ရိပေါ်  : '' ပါးဒီကို ဘယ်လိုရောက်.ရောက် ''
ဝမ်ပါးနဲ့အတူပါလာတဲ့ ရှောင်ကျန့်ကိုမြင်ပြီး ရိပေါ်စကားတွေထစ်ကုန်တော့တယ်
{A/N: Coolguy ကြီးရယ် သရဲမဟုတ်ပါဘူး }
ဝမ်ပါး  : '' ထွေထွေထူးထူးမဟုတ်ပါဘူး သားကျန့်အလုပ်ဝင်တာကိုလိုက်လာရုံဘဲ ''
ရိပေါ်  : '' အော်... "
အော်တစ်လုံးပြီး ဆန့်ဆန့်ကြီးရပ်နေတဲ့ ရိပေါ်ကို ဝမ်ပါးမေးလိုက်တယ်
ဝမ်ပါး  : '' ရိပေါ် သား ကျန့်ကျန့်ကို အလုပ်နေရာမပေးတော့ဘူးလား ''
ရိပေါ်  : '' ဟုတ်သား ဟီး ဒါမယ့် အခု ကုမ္ပဏီမှာ စာရင်းဌာနမှာဘဲ နေရာလွတ်ရှိတာ အဆင်ပြေပါ့မလား ''
ရိပေါ်စကားဆုံးတော့ ရိပေါ် နဲ့ ဝမ်ပါးပါ ရှောင်ကျန့်ကို လှည့်ကြည့်လိုက်တယ်
ရှောင်ကျန့်  : " အဆင်ပြေပါတယ် ကျန့်က ဘယ်နေရာဘဲဖြစ်ဖြစ် အကောင်းဆုံးလုပ်မှာပါ ''
ရိပေါ်  : '' အင်း အခုကနေစပြီး မင်းကို စာရင်းဌာနက ဌာနမှူးအဖြစ်ခန့်လိုက်ပြီ အလုပ်သွားလုပ်လို့ရပါပြီ ''
ရှောင်ကျန့် ဒီတိုင်းရပ်နေတာမြင်တော့ ရိပေါ်က
ရိပေါ်  : '' အလုပ်သွားမလုပ်ဘူးလား ''
ရှောင်ကျန့်  : '' ကျန့်က စာရင်းဌာန ဘယ်မှာမှန်းမှ မသိတာ ဟီး ''
ရှောင်ကျန့် ပြုံးလိုက်တော့ ရိပေါ် သေတောင်သေချင်သွားတယ်
* မဖြစ်ဘူး သူ့ကို ဒီက မြန်မြန်သွားခိုင်းမှ မဟုတ်ရင် ငါ နှလုံးပြုတ်ထွက်ပြီးသေလိမ့်မယ် *
{A/N: Coolguy ကြီးရယ် သရဲမဟုတ်ပါဘူး }
ရိပေါ်  : '' ဖန်ရှင်း!  "
ဖန်ရှင်း  : '' ဟုတ် ဘော့စ် ''
ရိပေါ်  : '' သူ့ကို စာရင်းဌာနလိုက်ပို့ပေးလိုက် ''
ဖန်ရှင်း  : '' ဟုတ်ကဲ့...ဒီက ''
ဖန်ရှင်း ရှောင်ကျန့်ကို မြင်တော့ ပြောစရာတွေ ပျောက်ရှကုန်တယ်
ခဏလောက်မှ အသိဝင်လာပြီး
ဖန်ရှင်း  : '' နောက်ကလိုက်ခဲ့ပါ ''
ရှောင်ကျန့်လည်း ရိပေါ်ကို ယဲ့ယဲ့လေး ပြုံးပြ နှုတ်ဆက်ပြီး ဖန်ရှင်းနောက်လိုက်သွားတော့တယ်
{A/N: ယဲ့ယဲ့လေးပဲ.... ရိပေါ်  : တိတ်စမ်း ယဲ့ယဲ့လေးနဲ့ ငါသေနိုင်တယ် }
ကျိုးချန်တို့တစ်ဖွဲ့ အလုပ်လုပ်နေရင်း ဝမ်ချောင်က စကားစလိုက်တယ်
ဝမ်ချောင်  : '' ဟျောင့်တွေ ငါတို့မှာ အဖွဲ့မှူးနေရာက လွတ်နေတာကွ ''
ကျိုးချန်  : '' အဲ့နေရာလွတ်နေလွတ်နေပေါ့ ငါနဲ့ ဘာဆိုင်တာမှတ်လို့ ''
ဝမ်ချောင်  : '' ချီး ဦးနှောက်နဲ့ကောင် အဲ့နေရာမှာ စည်းကမ်းကြီးတဲ့ တစ်ယောက်ရောက်လာရင် ငါတို့သေပြီပဲ ''
ယွီပင်  : '' ဟေး ဟေး ဟိုကိုကြည့်အုံး အဲ့တာ ရိပေါ်ရဲ့ အတွင်းရေးမှူးမလား ငါတို့စီလာနေပုံရတယ် ''
ဖန်ရှင်းနောက်က ပါလာတဲ့သူကိုမြင်တော့ သုံးယောက်လုံး ဆွံ့အသွားတော့တယ်
ဖန်ရှင်း  : '' အားလုံးပဲ... ''
ဖန်ရှင်းစကားတောင်ဆုံးအောင်မပြောရသေးဘူး
ယွီပင်  : '' ကျန့်ကျန့် မင်းဒီကို ဘယ်လိုရောက် ''
ဖန်ရှင်း  : '' ကျွန်တော်စကားပြောနေတာဖြတ်မပြောပါနဲ့လား ''
ဖန်ရှင်းစကားကြောင့် ယွီပင် ငြိမ်သွားတော့တယ်
ဒါမယ့် စိတ်ထဲမှာတော့
* ရိပေါ်ရဲ့ အတွင်းရေးမှူးလို့ကို မပြောရဘူး *
ဖန်ရှင်း  : '' အားလုံးပဲ ဒီက ရှောင်းရှောင်ကျန့်က စာရင်းဌာနရဲ့ ဌာနမှူးဘဲ ''
ကျိုးချန်တို့သုံးယောက် အံ့သြသွားရပြန်တယ်
ရိပေါ်က သူတို့ကို အလုပ်လုပ်ဖို့ခေါ်တာလား စပရိုက်တိုက်ဖို့ခေါ်တာလားတောင်မသိတော့
ဖန်ရှင်းလည်းထွက်သွားပြီ ရှောင်ကျန့်က သူ့နေရာ သူထိုင်ပြီး အလုပ်စလုပ်နေပြီ
ကျိုးချန်တို့ကတော့ အံ့သြနေတုန်း
အေးလေ ရှောင်ကျန့်က ဘယ်လိုလုပ်ပြီး စာရင်းဌာနရဲ့ ဌာနမှူးဖြစ်လာတာလဲ
ပုံမှန်ဆို ဝမ်ပါးရဲ့ အချစ်တော်လေးက မန်နေဂျာချုပ်လောက်ဖြစ်လောက်တယ်မလား
ရှောင်ကျန့် ကျိုးချန်တို့ကိုမြင်ပြီး
ရှောင်ကျန့်  : '' ကောတို့ အလုပ်မလုပ်ကြဘူးလား ''
ကျိုးချန်  : '' အော် အင်း လုပ်တော့မှာပါ ''
ယွီပင်  : '' ဌာနမှူး ''
ရှောင်ကျန့်  : '' အရင်ကလိုပဲခေါ်ပါ ''
ယွီပင်  : '' ကျန့်ကျန့် မင်း အခြေအနေနဲ့ဆို မန်နေဂျာချုပ်လောက်ရနိုင်တယ်မဟုတ်လား ''
ရှောင်ကျန့်  : '' အဲ့လောက်လည်းမဟုတ်ပါဘူး အခုက နေရာလွတ်က ဒီတစ်နေရာထဲရှိတာ ကျန့်ကလည်း အောက်ခြေကနေလေ့လာကြည့်ချင်လို့ ရွေးချယ်ရမယ်ဆိုရင်တောင် ဒီနေရာကိုဘဲရွေးမှာလေ ''
ကျိုးချန်  : '' အာ့ဆိုတော့ ငါတို့က ကံကောင်းတာပေါ့ သဘောကောင်းတဲ့ ဌာနမှူးလေးနဲ့တွေ့လို့ ''
ရှောင်ကျန့်:  '' ဟီး ကျန့်ကသာကံကောင်းတာပါ ကောတို့နဲ့ တစ်ဌာနတည်းကျလို့ ''
ဝမ်ချောင်  : '' ကျန့်ကျန့် မင်း ကုမ္ပဏီက လူတိုင်းကို ပြုံးပြမနေနဲ့အုံး လူတွေအကုန်သေကုန်အုံးမယ်
"
ရှောင်ကျန်​့  : '' ကောတို့ကလည်း ''
ရှောင်ကျန့် ရှက်ပြီး နားရွက်ဖျားလေးတွေရဲလာတော့တယ်
ယွီပင်  : '' စမနေပါနဲ့တော့ ဌာနမှူးလေး ရှက်နေပြီ ''
ရှောင်ကျန့်  : '' ဟုတ်ပါပြီ အလုပ်လုပ်ကြပါတော့ ''
ဖန်ရှင်း သူ့နေရာသူပြန်ရောက်တော့ တစ်ယောက်တည်းပြောနေမိတယ်
ဖန်ရှင်း  : '' ဟူး ချောချက်က လက်လန်တယ် စာရင်းဌာနကိုသွားတဲ့လမ်းတစ်လျှောက် ကြည့်လိုက်ကြတဲ့ မိန်းကလေးတွေများ ငါ့ကိုငါတောင်သနားတယ် မဟုတ်ပါဘူး အဲ့ကောင်လေးသနားရမှာပေါ့ ''
ရိပေါ်  : '' ဘယ်သူကလက်လန်တာလဲ ဘယ်သူကချောတာလဲ ဘယ်သူကကြည့်တာလဲ ''
ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ရိပေါ်ကပြောလိုက်တယ်
ဖန်ရှင်း  : '' ဟင် ဘော့စ် ''
ရိပေါ်  : '' ငါမေးတာဖြေ ''
ဖန်ရှင်း  : '' ရှောင်ကျန့်က ချောတာလက်လန်.လန်တယ်လို့ သူ့ကို မိန်းကလေးတွေက ကြည့်ကြလို့ အာ. အာ့ကြောင်​့ သူ့ကို သနားတောင်သနား..နားတယ်လို့ပါ ဘ.ဘ.ဘော့စ် ''
ရိပေါ်  : '' အပိုစကားတွေပြောမနေဘဲ အလုပ်လုပ် ''
ရိပေါ်ထွက်သွားတော့
ဖန်ရှင်း  : '' ငါကလည်း သောက်ရူးဟ ဘော့စ်ရောက်နေမှန်းတောင်မသိဘဲ ဘာတွေပြောမှန်းမသိဘူး ''
ရိပေါ် ရုံးခန်းပြန်ရောက်တော့ အလုပ်လုပ်ဖို့ကြိုးစားပေမယ့် ဘာလို့ စာရင်းဌာနကိုဘဲသွားချင်နေတာလဲ စဥ်းစားမရ
ပြီးတော့ ခုန ဖန်ရှင်းပြောတာကြားပြီးကတည်းက ဘာလို့စိတ်တိုနေတာလဲဆိုတာ ကိုယ်တိုင်တောင် နားမလည်တဲ့ ရိပေါ်ပါ

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now