💛Yellow Heart💛
[Ep-9]
Unicode💛ရိပေါ်ဆေးရုံအပြင်ပြေးထွက်လာခဲ့တယ်
ရှောင်ကျန့်ဘယ်လိုကျန်ခဲ့လည်းသူမသိ
ပန်းခြံထဲကခုံမှာ ငူငူကြီးထိုင်မိတယ်
နောက်ကနေလိုက်လာတဲ့ ကျိုးချန်နဲ့ ဝမ်ချောင်တို့ကလည်း
ကျိုးချန် : '' ဘယ်လိုဖြစ်ရတာလဲကွာ ရိပေါ်ရာ ''
ရိပေါ် : '' ငါ.ငါက တောင်းပန်မလို့နောက်နေလိုက်သွားတာကွ ပြီးတော့ ငါက ပျော်ပါစေဆိုပြီးတော့ နည်းနည်းခြောက်လိုက်တာ ဒီလိုဖြစ်သွားမယ်မှန်းမှမသိတာ ''
ဝမ်ချောင် : '' အေးပါကွာ ငါတို့လည်း ကျန့်ကျန့်ကိုပြောပေးပါ့မယ်ကွာ ''
ရိပေါ် : '' အင်း ''
ရှောင်မားစျာပနာမှာ ရှောင်ကျန့်ငြိမ်ငြိမ်လေးထိုင်နေတယ်
အဲ့ဒါကိုမြင်တဲ့ ရိပေါ်ကလည်း သွားနှစ်သိမ့်ချင်ပေမယ့် မသွားရဲပြန်ဘူး
မသွားရဲတာကြောင့် နောက်လှည့်ပြန်ခဲ့တော့တယ်
ဝမ်ပါး : '' သားကျန့်..... ''
ရှောင်ကျန့် : '' အန်ကယ်..... ''
ဝမ်ပါး : '' သားကျန့်... အဆင်ပြေသွားမှာပါ...ယွမ့်လည်း ကောင်းရာမွန်ရာရောက်မှာပါကွယ် ''
ရှောင်ကျန့် : '' အခုထိ မားဆုံးတာမယုံနိုင်သေးဘူး ''
ဝမ်ပါး : '' ပြီးတော့ ရိပေါ်အစား အန်ကယ်တောင်းပန်ပါတယ် ''
ရှောင်ကျန့် : '' ရပါတယ် အန်ကယ် ကျိုးချန်ကောတို့ပြောပြလို့ အကုန်သိပြီးပါပြီ မားရဲ့ကံကြမ္မာလို့ပဲမှတ်လိုက်ပါပြီ ''
ဝမ်ပါး : '' အေးကွယ် ရိပေါ်ကိုခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ် ''
ရှောင်မားကို မီးသဂြိုလ်တော့ ရှောင်ကျန့်ခမျာ ယွီပင်ကို ဖက်ပြီး အားကြီးငိုရှာတာ
လူကလည်း ပင်ပန်းလွန်းလို့ နွမ်းနယ်နေပြီ
အဲ့ကြားထဲ အစားကလည်းမစား ရေသောက်တောင်ကံကောင်းသေးတယ်
ရိပေါ်ကတော့ ရှောင်ကျန့်ငိုတာကို အဝေးကြီးကနေကြည့်နေရုံ
စျာပနာပြီးတော့ ရှောင်ကျန့်လဲ အိပ်ရာထဲတန်းလဲတော့တာဘဲ
အိပ်ရာထဲလဲနေတယ်ဆိုပေမယ့် ငိုတာကမပြီးသေး
Knock...knock
ရှောင်ကျန့် : '' ဝင်လာလို့ရပါတယ် ''
ဝမ်ပါး : '' သားကျန့် ငိုနေတုန်းပဲလား သားရယ် ငိုမနေပါနဲ့တော့ နောက်ဆိုပိုပြီးကြံခိုင်ရတော့မှာလေကွယ် ''
ရှောင်ကျန့် : '' ဟုတ် အန်ကယ် ဘာကိစ္စများရှိလို့ပါလဲ ''
မျက်ရည်တွေသုတ်ရင်းမေးလိုက်တယ်
ဝမ်ပါး : '' အဲ့တာက အမေရိကမှာ သားအမေရဲ့အကိုဝမ်းကွဲရှိတယ်ဆိုတာသိတယ်မလား ''
ရှောင်ကျန့် : '' ဟုတ်ကဲ့ ''
ဝမ်ပါး : '' သူက သားကို မွေးစားချင်လို့တဲ့ ''
ရှောင်ကျန့် : '' ဟင် ''
ဝမ်ပါး : '' အဲ့တာနဲ့ပဲ သားကျန့်ကို အမေရိကကိုခေါ်မလို့တဲ့လေ ''
ရှောင်ကျန့် : '' ကျန့် အမေရိကမသွားချင်ဘူး အန်ကယ် မားရှိတဲ့နေရာမှာဘဲနေချင်တယ် ''
ဝမ်ပါး : '' အန်ကယ်လည်း သားကျန့်ကို ခေါ်ထားချင်ပါတယ်ကွယ် ဒါမယ့် အမေရိကမှာပညာသွားသင်ရင် သားရဲ့ ရှေ့ရေးအတွက်စိတ်ချရတာပေါ့ ကျောင်းပြီးလို့ ပြန်လာချင်လည်းရတယ်လေကွယ် အန်ကယ့်ကုမ္ပဏီမှာလည်း အလုပ်ဝင်ချင်ဝင်ပေါ့ ''
ရှောင်ကျန့် ခဏလောက် စဥ်းစားလိုက်ပြီး
ရှောင်ကျန့် : '' ဟုတ်ကဲ့ ကျန့်သွားပါ့မယ် ဒါနဲ့ ဘယ်တော့လာခေါ်မှာလဲဟင် ''
ဝမ်ပါး : '' နောက်အပတ်လောက်ပေါ့ ''
ရှောင်ကျန့် : '' အဲ့လောက်တောင်မြန်မြန်ကြီးလား ''
ဝမ်ပါး : '' ဒီအချိန်ဆို ဟိုမှာက ကျောင်းဖွင့်တော့မှာလေကွယ် ''
ရှောင်ကျန့် : '' ဟုတ်သားပဲ ကျန့်မေ့သွားတယ် ဟီး ''
ဝမ်ပါး : '' သားကျန့် ဒီလိုရီနေတော့လည်း အန်ကယ်ဝမ်းသာပါတယ် သားပြန်လာရင် အန်ကယ့်ကုမ္ပဏီမှာ မန်နေဂျာခန့်ပေးမယ် ''
ရှောင်ကျန့် : '' အန်ကယ်ကလည်း ကျန့်က အောက်ခြေနေစလုပ်မှာပါ ''
ဝမ်ပါး : '' အေးကွယ် ရေမိုးချိုးအနား ယူလိုက်အုံး ''
ရှောင်ကျန့် : '' ဟုတ်ကဲ့ ''
ဝမ်ပါး ရှောင်ကျန့််အခန်းထဲကထွက်လာတော့ အခန်းရှေ့မှာ ရိပေါ်နဲ့ တိုးပါလေရော
ကြည့်ရတာ ရှောင်ကျန့်နဲ့ပြောနေတာတွေ အကုန်ကြားရတယ်ထင်တာဘဲ
ဝမ်ပါး : '' ရိပေါ် စာဖတ်ခန်းခဏလာခဲ့အုံး ''
စာဖတ်ခန်းတွင်-
ရိပေါ် : '' ဟင် ဒါဆို ဟိုမိန်းမကြီးနဲ့ ပါးက လက်ထပ်မှာမဟုတ်ဘူးပေါ့ ''
ဝမ်ပါး : '' ငါမင်းကိုလက်ထပ်မယ်လို့ပြောမိလို့လား သူရောက်လာကတည်း မင်းဘာသာမင်း တွေးချင်ရာတွေး ထင်ချင်ရာထင်နေတာကို ''
ရိပေါ် : '' ပါးကရော ဘာလို့ ကျွန်တော့ကို မပြောသလဲ ''
ဝမ်ပါး : '' မင်းကရော ငါပြောတာနားထောင်လို့လား ''
ရိပေါ် : '' ဟုတ်ပါပြီ ကျွန်တော်မှားပါတယ် ''
ဝမ်ပါး : '' သိလည်းပြီးရော သားကျန့်က နောက်အပတ်ဆို သွားတော့မှာ သွားနှောင့်ယှက်မနေနဲ့အုံး ''
ရိပေါ် : '' ဟုတ်ကဲ့ ''
[A/N : ဝမ်ပါးက ရှောင်မားကို တတ်နိုင်သမျှ စောင့်ရှောက်မယ်ဆိုပြီး ကတိပေးခဲ့တာပါနော် အဲ့တာကိုရိပေါ်က မသိဘဲ ရှောင်မားနဲ့ဝမ်ပါးလက်ထပ်မယ်လို့ထင်နေတာပါ အခုမှအဖြစ်မှန်သိတာပါ]
ရိပေါ် စာဖတ်ခန်းကနေထွက်လာပြီး အခန်းကို သွားမလို့လုပ်တုန်း ရှောင်ကျန့်အခန်းဆီကို စိတ်ရောက်သွားတယ်
ရိပေါ် ရှောင်ကျန့်အခန်းထဲဝင်သွားတော့ ရှောင်ကျန့်က အိမ်နှင့်နေပြီ
အိပ်နေတဲ့ ရှောင်ကျန့်ဘေးမှာထိုင်ပြီး ရှောင်ကျန့် မျက်နာကို တဝကြီးထိုင်ကြည့်ပြီးမှ ကိုယ့်အခန်းကိုယ်ပြန်သွားတော့တယ်
.....................................................
သာသာ up တာ နည်းနည်းတိုသွားတယ်ထင်တယ်
နောက်နေ့အရှည်ကြီး Up ပေးပါ့မယိ
ဒါဒါလေးတွေ ချစ်တယ်မွ 😘😘
YOU ARE READING
💛အဝါရောင်နှလုံးသား💛[Yizhan]
Fiksi Penggemarသာသာ လက်ကမြင်းပြန်ပြီ😊 Yellow က BJYX ကို ကိုယ်စားပြုလို့ Yellow Heart လို့ Title တပ်ဖြစ်သွားတာပါ 💛🙆 ဇာတ်လမ်းအကျဥ်း...💛💛 သွက်လက်ထက်မြက်ပြီးချစ်စရာကောင်းတဲ့ကောင်လေး Xiao Zhan🐰 နဲ့ အဖေ့အပေါ်နာကျည်းမှုတွေကြောင့်ဆိုးသွမ်းပွေရှုပ်နေတဲ့ကောင်လေး Wang...