EP-12

94 6 0
                                    

💛Yellow Heart💛
[Ep-12]
Unicode💛

နေ့လည်စာစားချိန်~
ရိပေါ်က ကန်တင်းမှာစားလေ့မရှိပေမယ့် ကျိုးချန်တို့နဲ့အတူ ကန်တင်းမှာပဲစားတော့မယ်ဆိုပြီး ထွက်လာခဲ့တယ်
စာရင်းဌာနရောက်တော့ ကျိုးချန်တို့ကို အော်ခေါ်မလို့လုပ်ပေမယ့် ရှောင်ကျန့်ရှိနေတာသတိရသွားတာကြောင့် ခပ်တည်တည်ပဲဝင်သွားလိုက်တယ်
ကျိုးချန်  : '' ရိပေါ်...မင်းဘယ်လိုရောက်လာတာလဲ ''
ရိပေါ်  : '' ခြေထောက်နဲ့လာတာလေ ''
ယွီပင်  : '' ငှက် ဘာလို့ရောက်လာတာလဲလို့ ''
ရိပေါ်  : '' နေ့လည်စာစားမလို့လာခေါ်တာ ''
ဝမ်ချောင်  : '' အစောကြီးကတည်းကပြောပါလား ''
ကျိုးချန်  : '' သွားမယ် ''
ကျိုးချန်တို့သွားမလို့လုပ်တုန်း ယွီပင်က တစ်ခုခုကိုသတိရသွားပြီး
ယွီပင်  : '' ကျန့် မင်းရောလိုက်အုံးမလား ''
အားလုံးက ရှောင်ကျန့်ဆီလှည့်ကြည့်လိုက်ကြတယ်
ရှောင်ကျန့်လည်း အလုပ်လုပ်နေရာကနေ ခေါင်းထောင်လာပြီး
ရှောင်ကျန့်  : '' မလိုက်တော့ဘူး ကျဲက ဆိုင်ကိုလာခဲ့ပါဆိုလို့ နောက်နေ့မှအတူတူသွားတာပေါ့ ဟီး ''
ကျိုးချန်  : '' ဟုတ်သား...ကျန့်ကျန့်ရဲ့ကျဲဆိုင်နဲ့ ရုံးနဲ့ နီးတာပဲ ''
ဝမ်ချောင်  : '' ရိပေါ်...ငါတို့အာ့မှာသွားစာရအောင် ''
ရိပေါ်  : '' အဟမ်း မစားဘူး ဒီနေ့တော့ ကန်တင်းမှာစားမယ် နောက်နေ့မှသွားစား ''
ယွီပင်  : '' ရိပေါ်ရယ် သွားစားရအောင်လေနော် ''
ရိပေါ်  : '' မရဘူးဆို မရဘူးပဲ အထက်လူကြီးအမိန့်လွန်ဆန်တာလား ''
[A/N: အာဏာအလွဲသုံးစားလုပ်နေပါတယ် ]
ကျိုးချန်  : '' ဟုတ်ပါပြီ လာမြန်မြန်သွားမယ် ငါဗိုက်ဆာနေပြီ ''
ယွီပင်  : '' ရိပေါ် မင်းရဲ့ကန်တင်းက အစားအစာတွေက စားမကောင်းရင် မင်းနဲ့ငါတွေ့ပြီ ''
ထိုအချိန် ရှောင်ကျန့်ဆီကို Ph ဝင်လာတယ်
ကျိရန် 📱 : '' သခင်လေး သွားရအောင်ပါ ''
ရှောင်ကျန့်  : '' အင်း လာပြီ ကျန့်သွားလိုက်အုံးမယ်နော် ''
ရှောင်ကျန့် ထွက်သွားပြီး ရိပေါ်တို့လည်း ကန်တင်းဆီလာခဲ့တယ်
ရိပေါ်တို့ကန်တင်းလည်းရောက်ရော
ရိပေါ်က ကန်တင်းကို တစ်ခါမှမလာတာမို့ အလုပ်သမားတွေက ရိပေါ်လာတာတွေ့တာနဲ့ ကြောက်ပြီး ငြိမ်သွားကြတယ်
အစက စကားသံတွေ ဆူညံသံတွေနဲ့ပြည့်နေတဲ့ ကန်တင်းကြီးက တိတ်ဆိတ်သွားတယ်
ခဏလောက်ကြာမှ ကန်တင်းကြီးက ပုံမှန်အတိုင်းဖြစ်သွားတော့တယ်
ကန်တင်းကအစားအစာတွေက အရသာလည်းရှိတယ် စားလို့လည်းကောင်းတာကြောင့် ကျိုးချန်တို့လည်း ဘာမှမပြောတော့ ရိပေါ် နေ့လည်စာစားပြီး ရုံးခန်းပြန်လာတော့ တံခါးနားမှာ ရစ်သီသီလုပ်နေတဲ့ ဖန်ရှင်း
ရိပေါ်  : '' ဖန်ရှင်း ဘာဖြစ်နေတာလဲ ''
ဖန်ရှင်း  : '' ဟို ဟိုလေ မမလေးကျူ့ရှ ရုံးခန်းထဲမှာစောင့်နေပါတယ် တား တားလို့မရလိုက်လို့ပါ တောင်း တောင်းပန်ပါတယ် သူဌေး ''
ရိပေါ်  : '' ကိုယ့်အလုပ်ကိုယ်လုပ်တော့ ''
ဖန်ရှင်း  : '' ဟုတ်ကဲ့ သူဌေး ''
ရိပေါ်ရုံးခန်းထဲဝင်လာတော့ ဆိုဖာပေါ်ထိုင်နေတဲ့ ကျူ့ရှက သူ့မြင်တာနဲ့ ပြေးလာဖက်ပြီး
ကျူ့ ရှ: '' ရိပေါ် ငါ့ကိုလွမ်းနေတယ်မလား '' ရိပေါ်  : '' ဖယ်အုံး ''
ကျူ့ရှကိုဖယ်ထုတ်ပြီး အလုပ်ခုံမှာ ဝင်ထိုင်လိုက်တယ်
ရိပေါ်  : '' ဘာကိစ္စရှိလို့လဲ ''
အလုပ်လုပ်ရင်းမေးလိုက်တယ်
ကျူ့ရှ  : '' မနက်ဖြန်ကနေစပြီး အလုပ်ပြန်ဆင်းတော့မယ်လို့ ဒီဇိုင်နာနေရာကလည်း အကြာကြီးလွတ်နေတာမဟုတ်လား ''
ပြောရင်းဆိုရင်း ကျူ့ရှက ရိပေါ်လည်ပင်းကို သိုင်းဖက်ပြီး ပေါင်ပေါ်ဝင်ထိုင်ပါလေရော
ရိပေါ်  : '' ငါ့မှာ ဒီဇိုင်နာက နင်တစ်ယောက်တည်းရှိတာမဟုတ်ဘူး ''
ကျူ့ရှ  : '' ငါနင့်ကို အရမ်းလွမ်းနေခဲ့တာ နင်ရောငါ့ကို သတိမရဘူးလား ''
Knock knock~
ရိပေါ်  : '' ဝင်ခဲ့ ''
ရိပေါ် ကျူ့ရှကို တွန်းဖယ်မရတော့ ဒီတိုင်းပဲထားလိုက်တော့တယ်
ဒါမယ့်ကျူ့ရှကတော့ ရိပေါ်ပုခုံးပေါ် ခေါင်းတောင်မှီချလိုက်သေးတယ်
ရှောင်ကျန့် ကျဲဆီကပေးလိုက်တဲ့ဆူရှီနဲ့ကော်ဖီအေးကိုရိပေါ်ဆီပေးမလို့လာရင်းရုံးခန်းထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြောင်သွားတော့တယ်
ပြန်ထွက်သွားရမလား စကားပဲဆက်ပြောရမလား စဥ်းစားမရတော့
ရိပေါ်က ဖန်ရှင်းကော်ဖီလာချတယ်ထင်ပြီး ဖန်ရှင်းကလည်း ကျူ့ရှဒီလိုလုပ်တတ်တာသိနေမို့ ကျူ့ရှကို ဒီတိုင်းထားလိုက်တာ
ဒါမယ့် ဝင်လာတဲ့သူက ရှောင်ကျန့်ဖြစ်နေတော့ကျူ့ရှကို အမြန်ခွာချရတော့တယ်
ရိပေါ်  : '' အဟမ်း ဘာကိစ္စလဲ ''
ရှောင်ကျန့်  : '' ကျဲက သူဌေးအတွက်ဆိုပြီးပေးခိုင်းလိုက်လို့ အာ့တာ လာပေးတာပါ ''
ရိပေါ်  : '' စားပွဲပေါ်ထားခဲ့ ''
ရှောင်ကျန့်  : '' အွင်း ''
ရှောင်ကျန့်လည်း မြန်မြန်ထားပြီး မြန်မြန်ထွက်ခဲ့တော့တယ်
* သူဌေးက ရုံးမှာဒီလိုနေတတ်တာလား * ရုတ်တရက်ထွက်လာတဲ့ ဖန်ရှင်းအသံကြောင့် ရှောင်ကျန့်ခမျာ လန့်သွားတော့တယ်
ဖန်ရှင်း  : '' အထဲမှာမြင်ခဲ့ရတာတွေကိုအံသြနေတာမလား...ဘာမှမဟုတ်ဘူး...အာ့ဒီဇိုင်နာမမက သူဌေးကိုကြိုက်နေတာလေ..အဲ့လိုအမြဲကပ်နေကျ...သူဌေးခွာချတာတောင် အတင်းလိုက်ကပ်နေတာ ''
ရှောင်ကျန့် ခေါင်းငြိမ့်လိုက်ပြီး
ရှောင်ကျန့်  : '' အာ့ကျဲက ဒီက ဒီဇိုင်နာလား ''
ဖန်ရှင်း  : '' အင်းလေ ဘာလို့လဲ ''
ရှောင်ကျန့်  : '' ဒီတိုင်းမေးကြည့်တာပါ သွားလိုက်ပါအုံးမယ် ''
ရှောင်ကျန့်ကိုကြည့်ပြီး ဖန်ရှင်းတွေးမိတယ်
*ဒီကောင်လေးက ချစ်စရာကောင်းပြီး ယဥ်ယဥ်ကျေးကျေးရှိသားပဲ *
ကျူ့ရှ  : '' သူက ရှောင်ကျန့်ဆိုတဲ့ကောင်လေးမလား ဘာလို့ဒီရောက်နေတာလဲ ''
ရိပေါ်  : '' သူနိုင်ငံခြားကပြန်လာတော့ ပါးကဒီမှာအလုပ်သွင်းပေးထားတာ ''
ကျူ့ရှ  : '' Aww..... ''
ရိပေါ်  : '' ငါအလုပ်ရှိသေးလို့ ထွက်သွားတော့ ''
ကျူ့ရှ  : '' အင်း ငါ ဆူရှီနဲ့ကော်ဖီအေးလေး ယူသွားမယ်နော် ''
ရိပေါ်  : '' မရဘူး အာ့တာကို ထိရဲထိကြည့် ''
ကျူ့ရှ  : '' အေးပါဟယ် ''
* အေးပါဟယ်ဆိုလို့ ယူမသွားဘူးလို့မထင်လိုက်နဲ့ *
ကျူ့ရှ ပြောရင်းဆိုရင်း ဖြတ်ခနဲဆို ကော်ဖီအေးကို ယူသွားလေရဲ့
ရိပေါ် အလုပ်လုပ်နေတာ ဂနာမငြိမ် ရှောင်ကျန့်ဘယ်လိုထင်သွားမလဲပဲ စိုးရိမ်နေတယ်
ရှောင်ကျန့်နိုင်ငံခြားကပြန်လာပြီးနောက် ရိပေါ်တစ်ယောက်ကိုယ်ကိုကိုယ်ဘာဖြစ်လည်းဆိုတာနားမလည်တော့
Knock Knock~
ရိပေါ်  : '' ဝင်ခဲ့ ''
ဖန်ရှင်း  : '' ဆူရှီလာပေးတာပါ သူဌေး ''
ရိပေါ်  : '' အင်း ဒါနဲ့ ရှောင်ကျန့်ဘာပြောသွားသေးလဲ ''
ဖန်ရှင်း  : '' ကျန့်ကျန့်လား ဘာမှမပြောသွားပါဘူး ''
ရိပေါ်  : '' အင်း ''
ဖန်ရှင်း  : '' သူဌေးက ကျန့်ကျန့်တစ်မျိုးထင်သွားမှာကြောက်နေတာလား စိတ်မပူပါနဲ့ ကျွန်တော်ရှင်းပြလိုက်ပါပြီ ''
ရိပေါ်  : '' Aww....အင်း ''
ရိပေါ်အခုမှအသက်ကျသလိုခံစားလိုက်ရတော့တယ်
ရိပေါ်ရုံးဆင်းတော့ ယွီပင်တို့ကို ပြုံးပြနှုတ်ဆက်ပြီး ကားပေါ်တက်သွားတယ် ရှောင်ကျန့်ကိုကြည့်ပြီး
* အာ့ကောင်လေးက ဘာလို့ဒီလောက်ချစ်စရာကောင်းနေပါလိမ့် *
ရိပေါ်  : '' အာ ငါဘာတွေတွေးနေပါလိမ့် ''
ကျိုးချန်  : '' ဘာတွေတွေးနေလို့လဲ ''
ရိပေါ်  : '' ယုန်အကြောင်းလေ ''
All: '' ယုန်! "
ရိပေါ်  : '' ဟင် မဟုတ်ဘူးလေ ငါတောင်ယောင်ကုန်ပြီ ဘာပစ္စည်းတွေကျန်ခဲ့လည်း စဥ်းစားနေတာ ''
ယွီပင်  : '' Aww. . အာ့လိုလာ ငါက မင်း ကျန့်ကိုကြည့်ပြီး ဘာတွေတွေးနေသလဲလို့ ''
ဝမ်ချောင်  : '' ကျိုးချန် ယွီပင် စမနေနဲ့တော့ ​ပြန်ကြမယ် တော်ကြာနောက်ကျနေအုံးမယ် ''
ယွီပင်  : '' အင်း ငါတို့သွားပြီ ''
ရိပေါ်  : '' အင်း ''
ရှောင်ကျန့်အိမ်ပြန်ရောက်ပြီး မီးဖိုချောင်မှာ ကျဲကို ကူညီပေးရင်းနဲ့ ရိပေါ်အကြောင်းတွေးမိတယ်
* အလကားပါ ခွာချလို့မရဘူးတဲ့ အခြားသူတွေရှေ့ကျ အာဏာပြသလို ရန်လိုသလိုလုပ်နေပြီး အဲ့ကျဲတစ်ယောက်ကိုကျ ခွာချလို့မရဘူးတဲ့ လူရှုပ်ကြီး *
တွေးရင်းတွေးရင်းနဲ့ လက်ကိုဓားရှသွားလေရဲ့
ရှောင်ကျန့်  : '' အ့! "
လီယွဲ့  : '' ဘာဖြစ်တာလဲ အားကျန့် ဟင် ဓားရှသွားတာပဲ လာ ကျဲဆေးထည့်ပေးမယ် ''
ဓားရှသွားတဲ့ရှောင်ကျန့်လက်ကို ရေဆေးပြီး ဆေးထည့်ပေးလိုက်တယ်
လီယွဲ့  : '' ဘာတွေများတွေးပြီးလုပ်နေလို့လဲကျန့်ရယ် အနာတရတွေဖြစ်ကုန်ပြီ ကျဲပြောပါတယ် အလုပ်ကပြန်လာရင် နားပါတော့ဆိုတာကို လူက အပင်ပန်းခံနိုင်တာလည်းမဟုတ်ပဲနဲ့ ''
ရှောင်ကျန့်  : '' ကျဲကလည်း လက်နည်းနည်းပဲရှသွားတာကို ဆူနေတော့တာပဲ ''
လီယွဲ့  : '' အေးပါကွယ် မဆူတော့ပါဘူး ထပ်ဆူရင် ကျန့်ရဲ့နှုတ်ခမ်းက ကျဲကိုထိုးမိတော့မယ် ''
ရှောင်ကျန့်  : '' ဟီး ''
လီယွဲ့  : '' ရေသွားချိုးတော့ ပြီးရင် ထမင်းစားမယ်လေ ''
ရှောင်ကျန့်  : '' ဟုတ် ''
ရှောင်ကျန့် ရေမိုးချိုးထမင်းစားပြီးတာနဲ့ တစ်မိုးတည်းအိပ်စက်ခြင်းကိုရောက်လေရော
ရိပေါ်ကတော့ ထမင်းဝိုင်းမှာ ဝမ်ပါးချီးကျူးခန်းဖွင့်နေတဲ့ ရှောင်ကျမ့်အကြောင်းတွေကို နားထောင်နေရပါလေရဲ့
လီလီကတော့ဘေးမှာထိုင်ပြီး တဝိုးဝိုးနဲ့နားထောင်နေတာပေါ့
ရိပေါ်တွေးနေတာက
* ပါးရဲ့သားကဘယ်သူမှန်းမသဲကွဲတော့ဘူး ငါလား ရှောင်ကျန့်လား ရှောင်ကျန့်ဆိုမှ အဲ့ကောင်လေးက အရင်တုန်းကမုန်းစရာကောင်းသလောက် အခုပြန်တွေ့တော့ကိုက်စားချင်စရာလေး နေအုံး ရှောင်ကျန့် ဖန်ရှင်းပြောတာတွေကို နားကောဝင်ပါ့မလား အထင်လွဲသွားရင်ဒုက္ခ မဟုတ်သေးပါဘူး သူ့ဘာသာ အထင်ပဲလွဲလွဲ ချစ်စရာပဲကောင်းကောင်း ငါနဲ့ဘာဆိုင်တာမှတ်လို့ *
ဝမ်ပါး  : '' ရိပေါ် !! "
ရိပေါ်  : '' လန့်လိုက်တာဗျာ ဖြေးဖြေးခေါ်ပါ ပါးရဲ့ ''
ဝမ်ပါး  : '' ပါးခေါ်နေတာ သားမှမကြားပဲကို ဘာတွေတွေးနေတာလဲ ''
ရိပေါ်  : '' ဘာမှမတွေးပါဘူး ပါးက ဘာပြောမလိုလဲ ''
ဝမ်ပါး  : '' ညဉ့်နက်အောင်ထိအလုပ်မလုပ်နဲ့အုံးလို့ ''
ရိပေါ်  : '' ဟုတ် ဒါဆို သားအပေါ်တက်တော့မယ် ''
ရိပေါ် အခန်းထဲပြန်ရောက်တော့ အိပ်ရာပေါ်ကန့်လန့်ဖြတ်လဲချလိုက်တယ်
ရိပေါ်  : '' ရှောင်ကျန့် ရှောင်ကျန့် မင်းကကိုယ့်ကို ဒီလိုဖြစ်အောင်လုပ်နိုင်တာပဲ မင်းပဲကိုယ့်ကိုမြူစွယ်နိုင်မလား ကိုယ်ကပဲမင်းကိုအပိုင်သိမ်းမလားကြည့်ကြသေးတာပေါ့ ''
ထိုညမှာ ရိပေါ်ကတော့ သူ့ယုန်ပေါက်အကြောင်းစဥ်းစားရင်း အလုပ်မလုပ်ပဲအိပ်ရာဝင်ပါတော့သတဲ့

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now