EP-13

235 10 2
                                    

💛Yellow Heart💛
[Ep-13]
Unicode💛

နောက်တစ်နေ့~
ရိပေါ် သီချင်းလေးညီးပြီး အိမ်အောက်ဆင်းလာတော့ လီလီနဲ့ဝမ်ပါးက ကြောင်တောင်တောင်နဲ့ကြည့်နေတော့တယ်
ရိပေါ်  : '' ဘာလို့ကြည့်နေကြတာလဲ ''
ဝမ်ပါး  : '' ငါ့သား ဒီနေ့ထူးဆန်းနေလို့လေ ''
ရိပေါ်  : '' ဘာတွေများထူးဆန်းနေလို့လဲလို့ ''
လီလီ  : '' အကိုလေး ဒီနေ့ တော်တော်ကို ပြင်ပြင်ဆင်ဆင်လေးဝတ်စားထားတာပဲ ''
ရိပေါ်  : '' အဟင်း အဲ့တာက ဒီနေ့ကုမ္ပဏီမှာ အစည်းအဝေးရှိလို့ ''
ဝမ်ပါး  ; လီလီ  : '' Aww.... ''
ရိပေါ်  : '' ဒါဆိုကျွန်တော်သွားပြီ ''
ရိပေါ် ကားလေးမောင်းပြီး ကုမ္ပဏီကိုလာခဲ့တော့တယ်
ကားပေါ်မှာ သီချင်းတွေတောင်ညီးလိုက်သေး
ကားပါကင်မှာ ကားထားပြီးထွက်လာတော့ ကုမ္ပဏီအဝင်ဝမှာ ရှောင်ကျန့်နဲ့ တွေ့ပါလေရော
ရှောင်ကျန့်  : '' နိဟောင် CEO ''
ရိပေါ်  : '' နိဟောင် ပေါ့ပေါ့ပါးပါး ရိပေါ်ကောလို့ခေါ်လို့ရတယ် ''
ရှောင်ကျန့်  : '' ဟုတ် ''
ရိပေါ်  : '' ခဏနေရင်လေ... ''
ကျိရန်  : '' သခင်လေး! "
ရိပေါ် ပြောမဲ့စကားပြတ်သွားပြီး နောက်လှည့်ကြည့်လိုက်တယ်
ရှောင်ကျန့်  : '' ဘာကိစ္စရှိသေးလို့လဲ ကော ''
ကျိရန်  : '' ကားပေါ်မှာ သခင်လေးရဲ့ Green Tea ကျန်ခဲ့လို့ နမော်နမဲ့နဲ့ ''
ရှောင်ကျန့်  : '' ကောကလည်း Green Tea လေးမေ့ကျန်ခဲ့တာကို ''
ကျိရန်  : '' သခင်လေးကို မဆူရဲပါဘူး ဒါမယ့် Green Tea မသောက်ရလို့ စိတ်ကောက်တော်မူရင် ကျွန်တော်မျိုးမချော့တတ်ကြောင်းပါ ''
ရှောင်ကျန့်  : '' အယ် မသိရင် ကျန့်ကပဲ အမြဲတမ်း စိတ်ကောက်နေသလိုလို ''
ကျိရန်  : '' သခင်လေးရဲ့စိတ်က ခန့်မှန်းရခက်တယ် ဒါနဲ့ သူက? "
ရိပေါ်ဘက်လှည့်ပြီးမေးလိုက်တော့
ရှောင်ကျန့်  : '' အာ...သူက... ''
ရိပေါ်  : '' ဒီကုမ္ပဏီရဲ့ CEO ပါ ''
ကျိရန်  : '' အာ....နိဟောင် ကျွန်တော်က သခင်လေး ရှောင်းရှောင်ကျန့်ရဲ့ ကလေးထိန်းနဲ့မခြားနားတဲ့ သက်တော်စောင့်ကျိရန်ပါ ''
ရှောင်ကျန့်  : '' ကော!! "
ရိပေါ်  : '' ရှောင်ကျန့် အဲ ငါခုနကဘာပြောမလို့ပါလဲ အာ ဒီနေ့လုပ်ရမယ့် စာရွက်စာတန်းတွေယူပြီး ငါ့ရုံးခန်းလာခဲ့လို့ ငါ့ကိုနည်းနည်းလာကူပေးအုံး ''
ရှောင်ကျန့်  : '' ဟုတ် ''
ရိပေါ်မြန်မြန်ပြောပြီး မြန်မြန်ထွက်လာခဲ့တော့တယ်
မဟုတ်ရင် သူ့ရှေ့က ကလေးထိန်း အဲ မဟုတ်ပါဘူးလေ သက်တော်စောင့်ကို ဆူဆူပုတ်ပုတ်နဲ့ရန်တွေ့နေတဲ့ ယုန်ပေါက်ကြောင့် ရင်ဘက်ကြီးပေါက်ထွက်တော့မယ်
ရှောင်ကျန့်  : '' ရိပေါ်ကောက ဘာလို့အတွင်းရေးမှူးကိုမကူခိုင်းပဲ ကျန့်ကိုလာကူခိုင်းတာလဲ ''
ကျိရန်  : '' မသိဘူးလေ ကျွန်တော်ပြန်ပါတော့မယ် သခင်လေး ''
ရှောင်ကျန့်  : '' အေး သူများကိုဖဲ့ပြီးမှ ကြွ ''
ကျိရန်  : '' သခင်လေးကို မဖဲ့ရဲပါဘူး ''
ရှောင်ကျန့်  : '' စုန့်ကျိရန်!!!!! "
ရှောင်ကျန့်က နာမည်အစုံအော်ရင် ကြောက်စရာကောင်းတာမို့ ကျိရန်မြန်မြန်သာ ပြေးထွက်ခဲ့တော့တယ်
ဒီလို စနောက်လို့ကောင်းပြီး ချစ်စရာကောင်းတဲ့ သခင်မျိုးကို စောင့်ရှောက်နေရတာ ကျိရန်အတွက် ဂုဏ်ဆာစရာပါလေ
ရိပေါ်ရုံးခန်းထဲရောက်လို့ မကြာခင်မှာပဲ ရှောင်ကျန့်ရောက်လာတယ်
ဆိုဖာပေါ်ထိုင်ပြီး စာရွက်စာတမ်းတွေကြားမှာ အလုပ်ရှုပ်နေတဲ့ ဌာနမှူးလေးကို ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ CEO တစ်ယောက်ရှိသတဲ့
ရိပေါ်ခမျာ ရှောင်ကျန့်ကို မကြည့်ပဲလည်းမနေနိုင် ဟိုက ပြန်ကြည့်လာရင်လည်း ပိတ်နေတဲ့ Laptop ကြီးနဲ့ အလုပ်ရှုပ်ယောင်ဆောင်ရတာက အမော
ပြီးတော့ အလုပ်လုပ်နေရင်း ရှောင်ကျန့် Green Tea ခဏခဏသောက်တာကိုကြည့်ပြီး Green Tea အရမ်းကြိုက်တဲ့သူပါလားဆိုပြီး ရိပေါ်ကောက်ချက်ချလိုက်တယ်
တကယ်တော့ ဌာနမှူးလေးက သူ့ကိုပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ CEO ကြောင့် မနေတတ်မထိုင်တတ်ဖြစ်ပြီး Green Tea တွေ ဇွတ်သောက်နေတာပါ
နောက်ဆုံး Green Tea လည်းကုန်သွားရော ရှောင်ကျန့်ခမျာ ခေါင်းမဖော်စတမ်း အလုပ်တွေသာ လုပ်နေပါတော့တယ်
Knock ~ Knock ~
ရိပေါ်  : '' ဝင်ခဲ့ ''
ကျူ့ရှ  : '' ရိပေါ်........... ''(ချွဲသံအနေဖြင့်ဖတ်ရန်)
တိတ်ဆိတ်နေတဲ့ရုံးခန်းကြီးက ကျီးအော်သံလို အသံဆိုးကြီးနဲ့ ဖုံးလွှမ်းသွားပါတော့တယ်
ကျူ့ရှ ရိပေါ်ပေါင်ပေါ်တက်ထိုင်ရင်း
ကျူ့ရှ  : '' ရိပေါ်....ငါလေ တစ်ရက်တည်းနဲ့ ဒီဇိုင်းကိုအပြီးဆွဲလိုက်တာပြီးသွားပြီသိလား ငါတော်တယ်မလား ''
ရိပေါ်  : ''.......... ''
[A/N: အာ့.....အာ့.....အာ့(ကျီးကန်းတစ်ကောင်ဖြတ်ပြေးသွား)😁]
ရိပေါ် ဆိုဖာမှာ အလုပ်လုပ်နေတဲ့ ရှောင်ကျန့်ကို လှမ်းကြည့်မိတော့ ရှောင်ကျန့် မျက်မှောင်ကြုတ်နေတာကို သတိထားမိလိုက်တယ်
ကျူ့ရှ  : '' ငါ ဒီဇိုင်းတွေဆွဲတာ လက်တွေတောင်နာနေပြီ ''
ရှောင်ကျန့်  : '' လက်ကိုပိုင်းထားလိုက်လေ အာ့ဆို နောက်တစ်ခါ ဒီဇိုင်းလည်းဆွဲစရာမလိုတော့သလို လက်လည်းမနာတော့ဘူး ''
ရှောင်ကျန့်က တိုးတိုးလေး ရွဲ့ပြောလိုက်ပေမယ့် ရိပေါ်က ကြားဖြစ်အောင်ကြားသေးတယ်
ရိပေါ်ရယ်ချင်စိတ်ကို အောင့်ထိန်းထားရတယ်
ကျူ့ရှကတော့ ချွဲကောင်းတုန်းမို့ ရှောင်ကျန့်ရှိမှန်းတောင်မသိဘူးထင်တယ်
နောက်ဆုံး ရှောင်ကျန့် စိတ်မရှည်တော့ အပြင်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်
ရှောင်ကျန့် မတ်တပ်ထရပ်လိုက်တော့
ရိပေါ်  : '' အဲ့တာဘယ်သွားမလို့လဲ ''
ရှောင်ကျန့်  : '' သန့်စင်ခန်းလေ ''
ရိပေါ်  : '' အင်း သွား သွား ''
ကျု့ရှ  : '' အယ် ရှောင်ကျန့်ရှိနေတာလား ကျဲသတိမထားမိလိုက်ဘူး ဆောရီးနော် ''
ရှောင်ကျန့်  : '' ရပါတယ် ဘေးမှာ ကျီးကန်းတစ်ကောင်အော်နေတာလောက်ကတော့ အလုပ်လုပ်လို့ရပါတယ် ''
ပြောပြီးချင်းထွက်သွားတဲ့ ရှောင်ကျန့်နဲ့ အပြောခံလိုက်ရလို့ ဒေါသထွက်ကျန်ခဲ့တဲ့ ကျူ့ရှ
ကျူ့ရှ တစ်ယောက် ဒေါသထွက်ပေမယ့် ပြန်မပြောနိုင်လိုက်လို့ဖြစ်ပျက်နေပုံကိုကြည့်ပြီး ရိပေါ်ရယ်ချင်တာကို အောင့်အီထားလိုက်တယ်
ကျူ့ရှထွက်သွားတော့မှ ခွက်ထိုးလန်အောင်ရယ်တော့တယ်
ရိပေါ်  : '' ဒီကောင်လေးက မထင်မှတ်ပဲ ကျူ့ရှကို ဒေါသထွက်အောင်ပြောနိုင်သားပဲ ''
တကယ်ပင် Wang ကုမ္ပဏီမှာ ဒီဇိုင်နာ ကျူ့ရှကို ဒေါသထွက်အောင်လုပ်နိုင်တဲ့သူနဲ့ ပြန်ခံပြောနိုင်တဲ့သူ တစ်ယောက်မှမရှိသေးဘူးရယ်
ရိပေါ်တစ်ယောက် ရယ်လို့ပြီးမှ အလုပ်ကိုဆက်လုပ်တော့တယ်
စာရင်းဌာန~
ကျိုးချန်  : '' ကျန့်ကျန့်ရုံးမလာဘူးလား ဘာများဖြစ်နေပါလိမ့်နော် "
ယွီပင်  : '' ဟိုမှာ ဖန်ရှင်း သူ့ကိုသွားမေးကြည့်ရအောင် ''
ဝမ်ချောင်  : '' ဟေ့ကောင် ဖန်ရှင်းက ရိပေါ်ရဲ့အတွင်းရေးမှူးကွ ကျန့်ရဲ့အတွင်းရေးမှူးမဟုတ်ဘူး ဘယ်လိုသိမှာတုန်း ''
ယွီပင်  : '' ငတုံးက တစ်မျိုး CEO ရဲ့ အတွင်းရေးမှူးဆိုတော့ ကျန့်ခွင့်ယူရင် ဘာလို့လဲဆိုတာသိမှာပေါ့ လဒူရဲ့ ''
ဝမ်ချောင်  : '' ဟုတ်သား ''
ကျိုးချန်  : '' လာ....သွားမေးကြည့်ရအောင် ''
ကျိုးချန်တို့ ဖန်ရှင်းဆီလျှောက်လာကြပြီး
ယွီပင်  : '' ဖန်ရှင်း ''
ဖန်ရှင်း  : '' ဘာကိစ္စရှိလို့လဲ ''
ကျိုးချန်  : '' ရိပေါ်ရဲ့အတွင်းရေးမှူးလို့ကိုမပြောရဘူး ''
ဖန်ရှင်း  : '' ငါအားမနေဘူး ခဏနေရင် အစည်းအဝေးရှိသေးတယ် ''
ယွီပင်  : '' ကျန့်ကျန့် ရုံးမလာတာဘာလို့လဲသိလား ''
ဖန်ရှင်း  : '' ကျန့်ကျန့်လား ရုံးလာပါတယ် CEO ရုံးခန်းထဲမှာလေ CEO က သူ့ကိုကူပေးဖို့ဆိုပြီးခေါ်ထားတာ ''
ကျိုးချန်;ယွီပင်;ဝမ်ချောင်  : '' ဟမ်!  "
ဖန်ရှင်း  : '' မေးစရာမရှိသွားပြီနော် ''
ကျိုးချန်တို့သုံးယောက် အံသြမဆုံးနိုင်
သူငယ်ချင်းအရင်းခေါက်ခေါက်တွေနဲ့တောင် သုံးစက္ကန့်တောင်မနေတဲ့အချေကိုယ်တော်ကြီး ရိပေါ်က သူ့ကိုကူညီဖို့အတွက် ရှောင်ကျန့်ကိုခေါ်ထားတယ်ဆိုကတည်းက အံ့သြစရာပင်
ပြီးတော့ ရှောင်ကျန့် နဲ့ ရိပေါ်က အရင်တုန်းက တွေ့တာနဲ့ ရန်ဖြစ်နေကြတဲ့သူတွေလေ
ကျိုးချန်တို့အံ့သြမဆုံးနိုင်
ရှောင်ကျန့်တစ်ယောက် အစည်းဝေးခန်းမထဲရောက်နေတယ်
အစည်းဝေးလာတက်တာတော့မဟုတ်ဘူး
CEO က လိုက်ခဲ့ဆိုလို့ လိုက်လာခဲ့တာ
အခုတော့ ထောင့်နားလေးက ခုံတန်းလေးမှာ ဖန်ရှင်းနဲ့ နှစ်ယောက်ထိုင်နေတယ်
ရိပေါ်  : '' ကျူ့ရှ နင် ဒီဇိုင်ဆွဲပြီးပြီဆို ''
ကျူ့ရှ  : '' အင်း ဒါကတော့ ကျမ ညလုံးပေါ်ကဆွဲထားတဲ့ ဒီဇိုင်းပုံပါ ''
LED မှာပေါ်လာတဲ့ ဒီဇိုင်းပုံကြမ်းကိုကြည့်ပြီး အားလုံးကသဘောကျကြပေမယ့်
ရှောင်ကျန့် မျက်မှောင်လေးကြုတ်လိုက်တယ်
အဲ့တာကိုမြင်တဲ့ရိပေါ်က
ရိပေါ်  : '' ဌာနမှူးရှောင်ကျန့် ဒီ ဒီဇိုင်းအပေါ်မှာ ပြောချင်တာရှိလို့လား ''
ရှောင်ကျန့်  : '' ဆွဲထားတဲ့လူကို မထီမဲ့မြင်လုပ်တာလဲမဟုတ်ပါဘူး ဝေဖန်တာလည်းမဟုတ်သလို အထင်သေးတာလည်းမဟုတ်ဘူး ဒါမယ့် ဒီ ဒီဇိုင်းကို မြင်ဖူးနေသလိုပဲ ''
ရှောင်ကျန့်ပြောလိုက်တာနဲ့ အစည်းအဝေးခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်
ကျူ့ရှက အလျင်စလိုထပြောတယ်
ကျူ့ရှ  : '' ဘယ်လိုမှမဖြစ်နိုင်ဘူး ဒါ ငါကိုယ်တိုင် ညလုံးပေါက် မအိပ်ပဲ သေသေချာချာဆွဲထားတာ နင်မသေချာပဲမပြောနဲ့ ရှောင်ကျန့် ''
ရှောင်ကျန့်စိတ်ထဲတွင်
* ကိုယ်ဆွဲထားတဲ့ ဒီဇိုင်းကို မမှတ်မိရအောင် ကျန့်မတုံးပါဘူး *
ရှောင်ကျန့်  : '' သေချာလို့လား ''
ကျူ့ရှ  : '' သေချာတယ် ငါ့Copy ထားပါတယ်ဆိုတဲ့ သက်သေရှိလား ရှိရင်ထုတ်ပြစမ်းပါ ''
ရှောင်ကျန့်  : '' ဟက် ကောင်းပြီလေ ''
ရှောင်ကျန့် LED နဲ့ ဆက်ထားတဲ့ Computer ဆီကိုသွားပြီး Baibu မှာ Sean Xiao's Design ဆိုပြီးရိုက်ထည့်ပြီးရှာလိုက်တယ်
[A/N: Baibu ဆိုတာ တရုတ်နိုင်ငံက Google လို့ App မျိုးပါ]
အဲ့အချိန်မှာ ကျူ့ရှရဲ့ ဒီဇိုင်းနဲ့တူတဲ့ ဒီဇိုင်းတစ်ခုထွက်လာတယ်
ရှောင်ကျန့်  : '' ကဲ ပြောချင်တာရှိပါသေးလား ကျဲကျဲ ''
ကျူ့ရှ  : '' ဒါ.ဒါ.CEO ရိပေါ် ကျမတောင်းပန်ပါတယ် ဒါရိုက်တာကြီးတွေကိူလည်းတောင်းပန်ပါတယ် ကျမ.ကျမ ဒီဇိုင်းက အမြန်တင်ပြရမယ်ဆိုလို့ ကြံမိကြံရာကြံမိတာပါ တောင်းပန်ပါတယ် သွေ့ပုချီ ''
ရိပေါ် ဒေါသထွက်လာပြီး
ရိပေါ်  : '' ကျူ့ရှ! ကိုယ့်အပြစ်ကိုယ်သိရင် 24နာရီအတွင်း နောက် ဒီဇိုင်းတစ်ခုတင်ပါ ''
ကျူ့ရှ  : '' ဟုတ်ကဲ့ အားလုံးကို တကယ်တောင်းပန်ပါတယ် ''
ကျူ့ရှပြောလည်းပြောရင်း ရှောင်ကျန့်ဆီကို မျက်စောင်းထိုးလိုက်တယ်
ရှောင်ကျန့်မှာတော့ အဲ့မျက်စောင်ကြီးမြင်ပြီး လန့်ဖြန့်သွားတော့တာပေါ့
* ရှောင်းရှောင်ကျန့် ငါနင့်ကိုဘယ်လိုလက်စားပြန်ချေမလဲစောင့်ကြည့်နေ *
ဖန်ရှင်းက ရှောင်ကျန့်နားကပ်ပြီးပြောလိုက်တယ်
ဖန်ရှင်း  : '' ကျန့်ကျန့်ကယ်ပေလို့ မဟုတ်ရင် ဒီဇိုင်း Copy တယ်ဆိုပြီး ကုမ္ပဏီနာမည်ပျက်မှာ ''
ရှောင်ကျန့်  : '' ရပါတယ် ကျန့်က လုပ်သင့်တာကိုလုပ်ရုံပါပဲ ''
ရိပေါ် အစည်းအဝေးလည်းပြီးရော ရှောင်ကျန့်လက်ကို ဆွဲပြီး ရုံးခန်းကိုပြန်လာခဲ့တော့တယ်
ရှောင်ကျန့်ကတော့ ရိပေါ်ဆွဲခေါ်သွားတဲ့နောက်ကနေ မှီအောင်လိုက်ကတော့တယ်
ရှောင်ကျန့် နောက်လှည့်ပြီး ဖန်ရှင်းကို ဘာလို့ ကျန့်ကိုဆွဲခေါ်လာတာလဲဆိုတဲ့အကြည့်မျိုးနဲ့ကြည့်တော့
ဖန်ရှင်းကလည်း မသိဘူးလေ ဆိုတဲ့ အကြည့်မျိုးနဲ့ပြန်ကြည့်တယ်
ရိပေါ်ဆိုသည်မှာလည်း ရုံးခန်းရောက်မှ လက်ကိုဆွဲခေါ်လာမိတာသတိရပြီး ဆောရီးဆိုပြီး ပြန်တောင်းပန်လေရဲ့
ရိပေါ်  : '' အဲ့တာ Copy ထားတယ်ဆိုတာ မင်းဘယ်လိုသိလဲ ''
ရှောင်ကျန့်  : '' မူရင်းဒီဇိုင်းကို အရင် US မှာတုန်းကမြင်ဖူးတယ် US မှာလည်း အဲ့လို ဒီဇိုင်းမျိုးဝတ်တာများတယ် ''
ရိပေါ်  : '' Aww....ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး မင်းကို ငါ့လက်ထောက်အဖြစ်ခန့်လိုက်ပြီ ''
ရှောင်ကျန့်  : '' ဟင် အာ့တာက ဖန်ရှင်းကောနေရာမဟုတ်ဘူးလား ''
ရိပေါ်  : '' ဖန်ရှင်းက အတွင်းရေးမှူး မင်းက လက်ထောက် မတူဘူးလေ ''
ရှောင်ကျန့်  : '' အာ...ဟုတ် ဒါနဲ့ ကျန့် ရုံးဆင်းလို့ရပြီလား ''
ရိပေါ်  : '' ဟုတ်သားပဲ ရုံးဆင်းချိန်တောင် ကျော်နေပြီ ရုံးဆင်းလို့ရပါပြီ ''
ရှောင်ကျန့်  : '' ဟုတ်ကဲ့ ဒါဆို ကောင်းကောင်းနေခဲ့ပါ ''

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now