~Ep-6~

124 7 0
                                    

Unicode💛

ရိပေါ် ရှောင်ကျန့်ကို နမ်းတာကြာလာတော့ ရှောင်ကျန့်အသက်ရှူကျပ်လာတော့တယ်
ရင်ဘတ်ထုနေတဲ့လက်တွေကလည်း တဖြည်းဖြည်းအားလျော့လာတယ်
ရှောင်ကျန့်ရိပေါ်ကို အားနဲ့တွန်းထုတ်ပြီး လက်သီးနဲ့ထိုးလိုက်တယ်

* ခွပ် *

ရိပေါ် : " မင်း....... "

ထိုအချိန် ဆိုင်မန်နေဂျာပြေးရောက်လာပြီး

မန်နေဂျာ : " ဘာတွေများဖြစ်လို့ပါလဲရှင် "

ရိပေါ် : " ဟင်း.....ဒီအလုပ်သမားက ကာစတန်မာကို.....လက်သီးနဲ့ထိုးတယ်.....အလုပ်ဖြုတ်သင့်တယ်လို့ခင်ဗျားမထင်ဘူးလား "

မန်နေဂျာလည်း ရိပေါ်ကို တောင်းပန်ပြီးတော့ ရှောင်ကျန့်ကို သူနဲ့အတူခေါ်သွားတယ်

မန်နေဂျာ : " ရော့...ကျန့်.....မင်းရဲ့ ခြောက်လစာ "

ရှောင်ကျန့် : " ဟုတ်...မမ.... "

မန်နေဂျာ : " မမလည်းစ်ိတ်မကောင်းမပါဘူး.....သူ့ဘက်ကအရင်လာစတယ်ဆိုလည်း......သူကကာစတန်မာဘဲလေ "

ရှောင်ကျန့် : " ဟုတ်....ကျန့်နားလည်ပါတယ်မမ "

ရှောင်ကျန့် အဝတ်လဲပြီး ဆိုင်ထဲကနေထွက်ခဲ့တယ်
........................................................................

ကျူ့ရှက ရိပေါ်မှာ ပေနေတဲ့ cream တွေကို သုတ်ပေးရင်း

ကျူ့ရှ : " သူကလည်း....ကာစတန်မာကို...ဒီလိုလုပ်တယ်...ရိုင်းလိုက်တာ "

ကျိုးချန် : " ဟမ်.....ရိပေါ်ကဘဲအရင်....ရှောင်ကျန့်ရဲ့မိဘတွေကိုစော်ကားတာလေ "

ကျူ့ရှ : " ကျိုးချန်....နင်သူ့ဘက်ကပါနေတာလား "

ဝမ်ချောင် : " မဟုတ်ဘူးလေ....ငါတို့က အမှန်တိုင်းပြောနေတာ "

ကျူ့ရှ : " နင်တို့....... "

ရိပေါ် : " တော်တော့ "

ရိပေါ်တားမှ သုံးယောက်လုံးငြိမ်သွားတော့တယ်
ရိပေါ် မဲ့ပြုံးပြုံးလိုက်ပြီး

ရိပေါ် : " ရှောင်ကျန့်.....မင်း....ဒါအတွက်ပေးဆပ်ရမယ် "

ရှောင်ကျန့် အိမ်ကို လေးပင်တဲ့ ခြေလှမ်းတွေနဲ့ ပြန်လာခဲ့တယ်
ရုတ်တရက်.....
ရိပေါ် ရှောင်ကျန့်ကို နောက်ကနေ လှမ်းဆွဲပီး ရှောင်ကျန့်ရဲ့ခန္ဓာကို နံရံမှာကပ်ပြီး အပေါ်ကနေအုပ်မိုးထားလိုက်တယ်

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now