Ep 4 (z+u)

8.5K 549 15
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 4...

မိုးစင်စင်လင်းသည်အထိ ခန့်တည်ကြည် ပြန်ရောက်မလာသေးပေ... ။ နှိုင်းရတုလဲ အလုပ်ပိတ်ရက်ဖြစ်တာကြောင့်... စျေးသွားရန်ခြံပြင်သို့ထွက်လာစဥ် ခန့်တည်ကြည် ပြန်ရောက်လာသည်...။

"အကိုပြန်ရောက်လာပြီလား"

ခန့်တည်ကြည် ကတော့ သူ့မူအကျင့်အတိုင်း နှိုင်းရတု၏မေးခွန်းကိုဥပေက္ခာပြုလျက် ဘာစကားမှမပြောပဲ အိမ်ထဲဝင်သွားလေသည် ...။ နှိုင်းရတုလဲ သက်ပြင်းချကာ ဘာမှမပြောတော့ပဲ စျေးသို့သာထွက်လာခဲ့သည်..။ စျေးထဲသို့ရောက်သော်..

"ကိုကိုက ပုစွန်ဆီပြန်ချက်တာလေးအရမ်းကြိုက်တာ များများဝယ်သွားရမယ်"

နှိုင်းရတုလဲ ပုစွန်ဝယ်ရန် ငါးပုစွန်ရောင်းတဲ့ အတန်းဘက်သို့လျှောက်လာခဲ့သည်...ါ

"အန်တီ... ပုစွန်ထုတ်က ဘယ်စျေးလဲခင်ဗျ"

"ဆယ့်ငါးကျပ်သားကို နှစ်ထောင်.."( ဈေး အတိကျမသိဘူးနော် ဈေး လဲတခါမှမသွားဖူးဘူး ရမ်းရေးတာ ဖြည့်ဖတ်ပေးပါဗျ...🙏)

"ကျွန်တော်ကို သုံးဆယ်သားလောက်ပေးပါဗျ"

နှိုင်းရတုလဲ ငွေရှင်းပြီး တခြားလိုအပ်တာများဝယ်ကာ အိမ်သို့ပြန်လာခဲ့သည်...။ အိမ်ပြန်ရောက်တော့ ပစ္စည်းတွေကို ရေခဲသေတ္တာထဲထည့်ကာ ... အိပ်ခန်းထဲဝင်လာတဲ့အခါ ခန့်တည်ကြည်က အဝတ်စားလဲပြီး အိပ်နေလေပြီ... ။ နှိုင်းရတုလဲ ခန့်တည်ကြည် ချွတ်ထားသော အဝတ်စားများကို လျှော်ရန်ယူလိုက်စဥ် ... ခန့်တည်ကြည်၏ အင်္ကျီကော်လံတွင်ပေနေသောနုတ်ခမ်းနီရာများကြောင့် မျက်ရည်ဝိုင်းသွားသည်...။

{ကိုကိုက မိန်းကလေးတွေနဲ့ ညဘက်အိပ်ပြီးမှ ပြန်လာတာလား နာကျင်လိုက်တာ ကိုကိုရယ်..}

ကျလုလုဆဲဆဲမျက်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်ပြီး သက်ပြင်း တချက်ချကာ လျှော်ရမယ့် အဝတ်စားတွေကို အဝတ်လျှော်စက်ထဲထည့်လိုက်သည်..။ ထို့နောက် အိပ်ပျော်နေသောခန့်တည်ကြည်၏ အနားသို့သွားကာ ခန့်တည်ကြည် အိပ်နေတာလေးကို ခိုးကြည့်နေမိသည်..။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now