Ep 19

6.6K 305 1
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 19

"ဦး!!!!"

မီးဖိုဆောင်ထဲမှာ အေပရွန်အပြာရောင်လေးဝတ်ဆင်ကာ.. ဟင်းအိုးမွှေတဲ့ယောင်းမလေးကို ကိုင်ထားတဲ့ ဦး ကိုမြင်လိုက်ရတော့ ခန့်ရတု အံ့ဩသွားရသည်...။

"ဦး.. ဘယ်လိုဖြစ်ပြီး အိမ်ကို ရောက်လာတာလဲ..."

"အင့်..."

သူမေးတုန်းရှိသေးတယ် သူ့ကိုလာဖက်တဲ့ ဦးကြောင့် ထပ်ဆင့်အံ့ဩရပြန်သည်..။

"လွမ်းနေတာ.."

"ဗျာ...."

သူ့ကိုဖက်ထားရင်း ဦးက လေသံတိုးတိုးလေးဖြင့် ပြောလာသည်... ။

"အရမ်းလွမ်းနေခဲ့တာ ဟင့်..."

ပြောရင်း ငိုနေပါသော ဦး ကြောင့် ခန့်ရတုလဲ ဦးရဲ့  ခါးလေးကိုပုတ်ကာ ချော့မိသည်... ။ခန့်ရတုက အသက်ဆယ့်ခြောက်နှစ်သာရှိသေးတာမို့ ဦးက သူ့ထက်အရပ်ရှည်သည့်အတွက်  ဦးရဲ့ခါးကိုသာ ဖက်လို့ရသည်....။ ခန့်ရတု၏အရပ်က ဦး ရင်ဘတ်နားထိသာ ရှိသောကြောင့်ဖြစ်၏...။

ဦးက သူ့ကိုလွမ်းသည်တဲ့... ဒီကမ္ဘာမှာ အပျော်ဆုံးသူဟာ ခန့်ရတုသာ​ြဖစ်လိမ့်မည်..။

"ကျွန်တော်လဲ ဦး ကိုအရမ်းလွမ်းနေတာ.."

ထိုသို့ပြောလိုက်တော့ ဖက်ထားရာမှပြန်ခွာကာ... ရဲရင့်က ခန့်ရတုအား ...  ချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းများဖြင့်ကြည့်ကာ စကားဆိုသည်..။

" ချာတိတ်မေးတဲ့မေးခွန်းကို.. ကိုယ်ဖြေဖို့အဆင်သင့်ဖြစ်ပြီ.."

" ဒါဆို ကျွန်တော်ထပ်မေးမယ်... ဦး ကျွန်တော့်ကိုချစ်လား..."

"ချစ်တယ်... ကိုယ် ပူတူးကို အရမ်းချစ်တာမို့ ကိုယ့်ကိုထပ်ပြီးမထားခဲ့ပါနဲ့"

" ပျော်လိုက်တာဗျာ... ကျွန်တော်လဲ ဦး ကိုအရမ်းချစ်တယ်...."

ဘုတ်

"အ့ ဘာလို့လဲ ဦး.."

သူချစ်တယ်ပြောကာမှာ သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ဖွဖွထုပါလေသော ဦး... ဘာဖြစ်ရပြန်ပြီလဲ ကျွန်တော့် အချစ်ရယ်...။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now