final

11.4K 382 5
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 20 (final)

"စိတ်လှုပ်ရှားနေလား သား.."

ဟုတ်ပါတယ်... ဒီနေ့ဟာဆိုရင်ဖြင့်... ခန့်ရတုနဲ့ရဲရင့်၏ မင်္ဂလာနေ့မြတ်တရက်ဖြစ်ပေသည်...။ နှိုင်းရတုက သားဖြစ်သူပြင်ဆင်နေတာကို ကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်..။

"ဟုတ်တယ်ဖေဖေ... သား အရမ်းစိတ်လှုပ်ရှားနေတယ် ဟူးးးး. ."

"ဖေဖေ့ သားလေးတောင်... အရွယ်ရောက်လာပြီ.... ဖေဖေ့ရဲ့ မျက်လုံးထဲမှာတော့ သားလေးကို ကလေးတယောက်လိုမြင်နေတုန်းပဲ..."

ခန့်ရတုရဲ့ သတို့သားဝတ်စုံလေးကို.. အင်္ကျီကြယ်သီးလေးတပ်ပေးရင်း... မျက်ရည်များဝဲကာဆိုလေသော ဖခင်ဖြစ်သူအား ခန့်ရတုဖက်လိုက်လေသည်...။

"သားကို ဒီအရွယ်ထိရောက်အောင်...ကျွေးမွေးပြုစုပေးခဲ့လို့ ဖေဖေနဲ့ ဒယ်ဒီကို ကျေးဇူးတင်ပါတယ် ဟင့်..."

"အို..ဖေဖေ့ရဲ့ သားလေးက အိမ်ထောင်သည်ဖြစ်တော့မယ် ခုထိကလေးလိုငိုနေတုန်းလား... တိတ်နော်.. သားကငိုတော့ ဖေဖေလဲ ငိုချင်တယ် ဟင့်.."

တယောက်နဲ့တယောက်အပြန်လှန်ဖက်ကာ ငိုနေမိသည်မှာ အချိန်မည်မျှကြာသွားသည်မသိ..။ ခန့်တည်ကြည် လာခေါ်တော့မှ မျက်ရည်များသုတ်နေကြသည်..။

"မောင် နဲ့ သားရေ ပွဲချိန်နီးနေပြီ လာကြတော့လေ..."

"ဟုတ်.. လာပြီဒယ်ဒီရေ... "

သားဖနှစ်ယောက်လုံး အခန်းပြင်ကထွက်လာလေသည်...။ ခန်းမထဲမှာတော့ ဦးရဲ့ မိတ်ဆွေတွေဟာ မနည်းမနော....။ ခန့်ရတုလဲ အရင်ဦးဆုံး ဖာသာရှေ့တွင်နေရာယူလိုက်သည်...။ ထို့နောက် ဒယ်ဒီလက်ကိုတွဲကာ ဝင်လာသော ဦး ကနတ်သားလေးတပါးလို... မြတ်နိုးလို့ရူးတော့မယ်ထင်တယ်...။

ပါးမို့လေးတွေရဲတက်နေတဲ့ ဦးဟာ သူ့ကိုမြင်တော့... အပြုံးနုနုချွေချပြန်၏... ။ ဒီလူသားကိုတရားဝင်ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အတွေးက... ခန့်ရတုရင်ထဲနွေးထွေးမိသည်...။ ခန့်တည်ကြည်လဲ ရဲရင့်ကို သားဖြစ်သူဆီခေါ်ဆောင်သွားပြီး... လက်လွှဲယူစေ၏... ။ခန်းမအလယ်တွင် သတို့သားနှစ်ဦး နေရာယူပြီးသည်နှင့် ကတိသစ္စာပြုကြ၏..။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now