Ep 5 (z+u)

8.3K 488 18
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 5

ခန့်တည်ကြည် နိုးလာတော့ ဘေးကိုစမ်းကြည့်တဲ့အခါ အေးစက်နေသော ... အိပ်ယာပြင်အထိအတေ့်ကြောင့် အနားမှာနှိုင်းရတုမရှိတော့တာကိုသိလိုက်တော့...  ရင်ထဲတခုခု လစ်ဟာသွားသလိုခံစားလိုက်ရသည်...။ ခန့်တည်ကြည်လဲ မျက်နှာသစ်ပြီး နာရီကြည့်တော့ နေ့လည် တစ်နာရီရှိပြီဖြစ်၏..။ ခန့်တည်ကြည်လဲ အောက်ထပ်ကိုဆင်းလာတော့ အေပရွန်အပြာရောင်လေးဝတ်ကာ မီးဖိုဆောင်တွင် ချက်ပြုတ်နေသော နှိုင်းရတုကိုတွေ့လိုက်သည်....။

"အို.... အကိုတောင်နိုးလာပြီပဲ"

နှိုင်းရတုချက်ပြုတ်နေစဥ် နောက်ကျောမှတဆင့် ခါးကိုသိုင်းဖက်လာသော လက်တစုံကြောင့် ခန့်တည်ကြည် နိုးလာပြီဆိုတာသိလိုက်ရသည်... ။သူတို့ရဲ့အခုလိုပုံစံက အရမ်းချစ်ကြတဲ့ ကြင်စဦးအိမ်ထောင်သည်တွေနှင့်ပင်တူ၏.... ။နှိုင်းရတု သူ့အတွေးနှင့်သူ တချက်ပြုံးလိုက်မိသည်....။

"ကိုကို လို့ခေါ်ပါ နှိုင်း"

ရုတ်တရက် ခန့်တည်ကြည် ပြောသောစကားကြောင့် နှိုင်းရတု ကြောင်သွားသည်... ။ထို့နောက် အရှက်သည်းစွာဖြင့် နှိုင်းရတုရဲ့ နားရွက်ဖျားလေးများနီရဲလာပြီး ပါးပြင်မို့မို့ဟာ စတော်ဘယ်ရီရောင်သန်းလာ၏..။ထို့နောက် သူ့ရဲ့နောက်ကျောမှာရောက်နေတဲ့ ခန့်တည်ကြည်နှင့် မျက်နှာချင်းဆိုင်အနေထားဖြစ်စေရန်လှည့်လိုက်သည်....။

"အပေးယူရှိတယ်"

"အမ်.. ဘာအပေးယူလဲ"

"အကို့ကို ကျွန်တော်က ကိုကိုလို့ခေါ်မယ်.. ဒါပေမယ့် အကိုလဲ ကျွန်တော့်ကို မောင် လို့ပြန်ခေါ်ပေးပါ"

နှိုင်းရတု၏စကားကြောင့် ခန့်တည်ကြည် နှာခေါင်းလေးရှုံးကာ လက်ဖဝါးတဖက်ဖြင့် လည်တိုင်အနောက်ကိုပွတ်နေမိ၏...။

"အာ..ဒါတော့ နှိုင်း တမင်သက်သက် ညစ်တာပဲ"

"အကို​သဘောလေ.. အတင်းမတိုက်တွန်းပါဘူး အဟွန်း"

နှိုင်းရတု၏ အဟွန်း ဆိုတဲ့ရယ်သံကြီးကြောင့် ခန့်တည်ကြည် ကြက်သီးထသွားသည်...။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now