Ep 17(z+u)

5.5K 309 0
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 17

"ထက်ပိုင်... ထက်ပိုင်.. ငါ့ကိုမထားခဲ့ပါနဲ့ ဟင့်..."

အချိန်အားဖြင့် မနက်2နာရီရှိပြီဖြစ်၏... ။ ခန့်ရတုတရေးနိုး၍ ရေဆာလာသောကြောင့် ရေသောက်ရန်အခန်းပြင်အထွက်.. ဦး အခန်းဆီမှကြားရသော အသံကြောင့် ခန့်ရတုလဲ ဦးရဲ့ အခန်းတံခါးနားတိုးကပ်သွားပြီး နားစွင့်မိသည်..။

"ထက်ပိုင်.. ဟင့်... ချစ်တယ်.. ငါ့ကိုမထားခဲ့ပါနဲ့.."

ထပ်မံကြရသော ဦးအသံကြောင့် ခန့်ရတု၏ရင်ထဲဆစ်ခနဲ နာကျင်ရသည်...။ထက်ပိုင်ဆိုတာ ဘယ်သူလဲ..  ။ ဦး နဲ့ဘယ်လိုပတ်သတ်လဲ...။ အတွေးပေါင်းများစွာဖြင့် ရေသောက်ဖို့လဲမေ့သွားပြီး အခန်းထဲပြန်ဝင်လာခဲ့သည်.. ။ဆက်အိပ်လို့လဲ မရတော့...။

"မောင်.. ဒီနေ့ ကိုကိုတို့ ကလေးတွေကိုခေါ်ပြီး လျှောက်လည်ရအောင်လေ...ရဲရင့်က နေရာစုံအောင် လိုက်ပို့ပေးမယ်ပြောတယ်..."

"ဟုတ်ကဲ့ ကိုကို.. ဒါဆို မောင် သားတွေကို သွားနှိုးဦးမယ်နော်.."

*ဒေါက်... ဒေါက်... ဒေါက်...*

"သားတို့ရေ အိပ်ယာထကြတော့လေ.. ဒီနေ့လျှောက်လည်ရအောင်..."

လျှောက်လည်မယ်ဆိုတဲ့အသံကြောင့် ..ထူးအောင်ရောသာထက်ပါ အိပ်နေရာမှ ငေါက်ခနဲထလာသည်...။

"နိုးပြီဗျ... ပြင်ဆင်ပြီးဆင်းလာခဲ့ပါမယ်.."

"အင်း..အင်း... ဖေဖေ တို့စောင့်နေမယ်.."

နှိုင်းရတုလဲ ကလေးတွေကိုနှိုးပြီးအောက်ဆင်းလာခဲ့သည်... ။ထူးအောင်နဲ့သာထက်လဲ နှိုင်းရတု ထွက်သွားတော့မှ ပန်ဒါမျက်လုံးတွေနှင့် ထိုင်နေတဲ့ ခန့်ရတုကိုတွေ့တော့ အထူးဆန်းဖြစ်နေကြသည်..။

"ပူတူး ဘယ်ချိန်ထဲကနိုးနေတာလဲ..."

သာထက်မေးလိုက်တော့ နွမ်းလျစွာပြောလာသော.. အသံလေး.. ။ တိုးနေပေမယ့်. ပြတ်သားစွာကြားရလေသည်...။

"မနက်2နာရီထဲက.."

ခန့်ရတု၏စကားကြောင့်.. သာထက်ရောထူးအောင်ပါ. အံဩသွားရသည်...။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now