Ep 16(z+u)

6.3K 337 2
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 16

*နယူးယောက်မြို့သို့ လေယာဥ်သက်ဆင်းပါပြီရှင်*

လေယာဥ်မယ်ဆီမှ သတိပေးစကားသံကြားသည်နှင့်.. တလမ်းလုံးအိပ်လိုက်လာသော.. မျောက်သုံးကောင်... အင်း.... သူတို့သုံးယောက်ဆုံမိရင် မျောက်တွေလိုပဲ...။အိပ်နေရာကနှိုးလိုက်တော့ အင်း အဲ ဖြင့် မျက်လုံးများပွင့်လာကြသည်....။

"သားသားပူတူးရေ..  သားထူအောင်.. သား သာထက်... သားတို့ထတော့လေကွယ် လေယာဥ်ဆိုက်တော့မယ်"

"ဝှါးးးး အင်းဟင်းးး  ရောက်ပြီလား ဖေဖေ"

"အင်း ရောက်နေပြီ လာ လေယာဥ်ပေါ်ကဆင်းရအောင်"

ခရီးဆောင်အိပ်တွေယူပြီး အကုန်လုံးလေယာဥ်ပေါ်ကဆင်းလာတော့ ရဲရင့်ကလာကြိုလေသည်...။

"ရတုနဲ့.... ကိုခန့်တည်ကြည်... ကျွန်တော် ဒီဘက်မှာနော်"

နှိုင်းရတုနဲ့ခန့်တည်ကြည်လဲ ရဲရင့်ကိုမြင်တော့ ထိုနေရာသို့ အမြန်လျှောက်သွားလိုက်သည်  ... ။ကလေးသုံးယောက်ကတော့.. ပါလာတဲ့ အထုပ်လေးတွေဆွဲလာသည်....။

"မင်းကိုယ်တိုင်လာကြိုမယ်မထင်ထားဘူး"

"ကိုယ့်သူငယ်ချင်းတွေလာတာပဲ....  ကိုယ်တိုင်လာကြိုရမှာပေါ့... ဒါနဲ့ သူတို့က...."

ခန်ရတုတို့သုံးယောက်ကို လက်ညိုးထိုးပြီး ရဲရင့်ကမေးလိုက်ခြင်းဖြစ်သည်..။ ခန့်ရတုလဲ သူ့ဆီအကြည့်ရောက်လာသော ရဲရင့်ဆိုတဲ့လူကြီးအား မျက်စိတဖက်မှိတ်ပြလိုက်သည်... ။ ခန့်ရတု၏အပြုအမူကြောင့် ရဲရင့် လဲ ကြောင်သွားလေ၏....။

"​ဪ ဒါက ငါ့သား ခန့်ရတုလေ... အေးပေါ့ သားအသက်2နှစ်လောက်ထဲက မင်းပြန်သွားတာ တခေါက်တောင် လာမလည်တော့ ဘယ်မှတ်မိမလဲ.... ဟိုနှစ်ယောက်က ထူးအောင်နဲ့သာထက်တဲ့.... သားရဲ့သူငယ်ချင်းတွေလေ  .. ကလေးတွေကျောင်းအားလပ်ရက်ရတုန်း.. အလည်ခေါ်လာတာ"

"လာကြလေ ကားဆီသွားရအောင်"

ရဲရင့်လဲ သူ့ကိုအကြည့်စူးစူးဖြင့်စိုက်ကြည့်နေသော ခန့်ရတုဆိုသည့် ကလေးပေါက်စရဲ့အကြည့်တို့အား... ဥပေက္ခာပြုလျှက် ကားဆီသာလျှောက်လာခဲ့သည်... ။ထို့နောက် ကားလေးရဲ့ ဦးတည်ရာကတော့ ရဲရင့်ရဲ့အိမ်ကြီးဆီသို့...

မောင့်မူပိုင်ရှင်(Z+U) CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ