Ep 13(z+u)

7.6K 375 0
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 13

ခန့်တည်ကြည် ဒီနေ့ဆေးရုံဆင်းရသည့်ရက်ဖြစ်သည်... ။ တနည်းအားဖြင့်ပြောရလျှင်.... ယုယရတီနှင့် ကွာရှင်းပြတ်စဲမည့်နေ့လည်းဖြစ်သည်.... ။ခတ္တာငုံ အိမ်တော်၏... ဧည့်ခန်းထဲတွင်တော့... ရှေ့နေကြီးနှင့်အတူ ခန့်တည်ကြည်ရော ယုယရတီပါ... ထိုင်နေသည်...။ သူတို့ထိုင်နေတဲ့Sofaရှေ့က စားပွဲပေါ်တွင်တော့.... ကွာရှင်းစာချုပ်နှင့်တကွ... ခန့်တည်ကြည်၏ လက်မှတ်က အခန့်သားနေရာယူလျှက်...

"နှစ်ဦးနှစ်ဖက်...ရတိပြတ်ကွာရှင်းဖို့ တကယ်ဆုံးဖြတ်လိုက်ကြပြီလား"

ရှေ့နေကြီးကမေးတော့... ခန့်တည်ကြည်က သူ့နုတ်ခမ်းကို လျှာဖြင့်တချက်သပ်လိုက်ပြီး တည်ငြိမ်စွာပြောလေသည်....။

"ကျွန်တော့်ဘက်ကတော့... အပြီးတိုင်ကွာရှင်းမှုပါ"

ခန့်တည်ကြည် ကပြောတော့... ယုယရတီက လက်တုန်ခြေတုန်ဖြင့်...

"ကျွန်... ကျွန်မ ကွာမပေးနိုင်ဘူး"

"ကွာနိုင်တာ.. မကွာနိုင်တာ မင်းသမိုင်းပဲ... ငါကတော့ မင်းလိုမိန်းမမျိုးနဲ့ လုံးဝဆက်မပေါင်းနိုင်တော့ဘူး"

"ကောင်းပြီလေ... ရှင့်သဘောတိုင်းကွာပေးမယ်... ဒါပေမယ့် လင်ပစ္စည်းမယားတဝက်ပိုင်တယ်... ကျွန်မတွက် ထိုက်သင့်သလောက်တော့... ရှင်ပေးရလိမ့်မယ်"

"ဟက်..... နောက်ဆုံးတော့လဲ... မင်းကငါ့ပိုင်ဆိုင်မှုကိုမက်မောနေသေးတာပဲ... ကောင်းပြီလေ...မင်းမနစ်နာစေရပါဘူး... မင်းအတွက်ဘဏ်အကောင့်ထဲကို သိန်းနှစ်ထောင်ထည့်ပေးမယ်... ပြီးရင် ငါ့ပန်းဆိုင်ကိုလဲ မင်းကိုပေးမယ်... ဒီလောက်ဆို ကွာရှင်းလို့ရပြီမို့လား"

ယုယရတီတယောက် သူလိုချင်တာရသွားတော့... ဟန်ပင်မဆောင်နိုင်... မျက်လုံးများအရောင်တောက်လာသည်... ။ ယုယရတီ ဖြစ်သွားတဲ့ပုံစံကို ခန့်တည်ကြည် ကြည့်ရင်း သံဝေဂတွေရမိတယ်ဆိုတာ အသေချာပင်.. ။ဒီမိန်းမတော်တော်ငွေမက်တာပဲ...။

"ဒါဆိုလဲ ကွာရှင်းစာချုပ်မှာ... ကျွန်မလက်မှတ်ထိုးပေးမယ်"

ယုယရတီလဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ခတ္တာငုံအိမ်တော်ထဲကထွက်လာသည်...။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now