Ep 18(z+u)

5.9K 311 1
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 18

ခန့်ရတုထွက်သွားသည်နှင့်.. ရဲရင့်လဲထိုနေရာတွင် ဒူးထောက်ထိုင်ချလိုက်ပြီး ခေါင်းငိုက်စိုက်ကျကာ မျက်ရည်များလဲ..တာကျိုးကျသလို တားဆီးမရစီးဆင်းလာ၏..။ကိုယ့်ခံစားချက်ကို  ကိုယ်ကလွဲရင်  မည်သူမျှမသိနိုင်ဘူးမဟုတ်လား....။ အချစ်ဆိုတဲ့ခေါင်းစဥ်အောက်က... နယ်ရုပ်လေးတရုပ် ဖြစ်ရမှာကြောက်နေမိသူမို့....။

*Ring.... Ring...Ring....*

ရုတ်တရက်ဘောင်းဘီအိပ်ထောင်ထဲမှ... ဖုန်းမြည်သံကြောင့် မျက်ရည်များကို...  လက်ခုံဖြင့်သုတ်ကာ ဖုန်းကိုင်လိုက်တော့..  ခေါ်ဆိုသူက နှိုင်းရတု ပင်ဖြစ်သည်...။

📱ဟယ်လို..📱

📲ဟယ်လို.. ရဲရင့်.. နုတ်မဆက်ခဲ့မိလို့ တောင်းပန်ပါတယ်ကွာ.. သားနဲ့မင်းဘာတွေဖြစ်ခဲ့လဲ ငါမသိပေမယ့်.. သားကခုချက်ချင်း အြန်မာနိုင်ငံကို ပြန်မယ်ဆိုလို့.. ငါတို့လေဆိပ်ရောက်နေပြီ...📲

နှိုင်းရတုပြောသောစကားကြောင့်... ရဲရင့်လဲ ခေါင်းတည့်တည့် မိုးကြိုးပစ်ခံရသလိုခံစားရသည်...။ ကလေး.. ကလေးက သူ့ကိုထားခဲ့ပြီလား...။

📱ငါခုချက်ချင်း လေဆိပ်ကိုလိုက်ခဲ့မယ်..📱

📲မလိုက်နဲ့တော့.. ငါတို့အခုလေယာဥ်ပေါ်တက်တော့မှာ... ရန်ကုန်ကိုပြန်ရောက်မှ ဖုန်းဆက်လိုက်မယ်.. မင်းလဲအိမ်ပြန်ပြီနားတော့...📲

ဖုန်းကျသွားသည်နှင့်.. ရဲရင့်လဲ အားရပါးရ ငိုချလိုက်မိသည်...။ ကံကြမ္မာက သူ့ဘက်မှာမရှိဘူး... ။ ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်.. ခုလိုအချစ်ရေးမှာ ကံဖယ်နေရသလဲ....။

☸☸☸☸☸☸☸☸☸☸☸☸☸☸

ရန်ကုန်ကိုပြန်ရောက်သော်လဲ... အခန်းထဲကအခန်းပြင်မထွက်သော သားဖြစ်သူကြောင့် ခန့်တည်ကြည်ရော နှိုင်းရတုပါ စိတ်ပူနေမိသည်...။

"သားကို ဖေဖေ မေးစရာရှိတယ်"

ကုတင်ပေါ်တွင် ဂိမ်းထိုင်ဆော့နေသော ခန့်ရတု၏ဘေးတွင် နှိုင်းရတုဝင်ထိုင်လိုက်တော့... ဖခင်ဖြစ်သူအား ခန့်ရတုက ခေါင်းထောင်ကြည့်လာသည်..။ မျက်လုံးတွေနီနေပုံအရ.. ငိုထားသည်မှာမလွဲ...။

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now