Uni
💗မောင့်မူပိုင်ရှင်💗
Ep 12
ေ..မာ..င်...
နှိုင်းရတုလဲ သန့်စင်ခန်းအပေါက်ဝကနေ.. ခန့်တည်ကြည်ကို ကြောင်ကြည့်နေမိသည်..။ ပြီးမှ သတိဝင်လာပြီး..ဝမ်းသာအားရဖြင့်ခန့်တည်ကြည်၏ အနားသို့သွားလိုက်သည်..။
"အကို... အကိုသတိရလာပြီ"
မျက်ရည်များဝဲကာ ပြောနေသော နှိုင်းရတုကို ကြည့်ပြီး.. ခန့်တည်ကြည် မယုံနိုင်သေးပေ... ။ဒါဟာအိမ်မက်လား....။
"အူဝဲ...အူဝဲ..အူဝဲ"
"အော်.. သားသားလေးငိုနေတာပဲ... ဖေဖေ ချီမယ်နော်...အကိုခနနေခဲ့ဦးနော်... ကျွန်တော် ဆရာဝန်ကိုသွားခေါ်လိုက်ဦးမယ်"
ကလေးကိုပွေ့ချီကာ ရင်ဝယ်ပိုက်ရင်း.. တရစပ် သူ့ကိုပါပြောကာထွက်သွားသည့်.. ကျော ပြင်ငယ်ကိုကြည့်ကာ.. ဖြစ်ပျက်နေသမျှ ခန့်တည်ကြည် နားမလည်နိုင်ပေ..။
{မောင်က ဘယ်လိုရောက်လာတာလဲ... ကလေးလေးနဲ့ရော ဘယ်လိုပတ်သတ်နေလဲ.. မောင်က သူ့ကိုသူ ဖေဖေ လို့သုံးတယ်ဆိုတော့... မောင် နောက်အိမ်ထောင်ပြုလိုက်တာလား}
ခန့်တည်ကြည် တယောက် ဦးနှောက်ကိုအလုပ်ပေးနေမိသည်...။ အတွေးတွေယောက်ယက်ခက်နေသော်လည်း.. အဖြေကခုထိထွက်ပေါ်မလာ...။ ထိုစဥ် အခန်းထဲသို့ ဆရာဝန်နှင့် နှိုင်းရတုဝင်လာလေသည်...။
"လူနာသတိရလာပြီပေါ့"
ဆရာဝန်ကမေးတော့ ခန့်တည်ကြည်လဲ ခေါင်းငြိမ့်ကာ အဖြေပေးမိသည်..။
"ဟုတ်..ကဲ့...ဒေါက်...တာ"
"ဒါဆို ဆရာနဲနဲစမ်းသပ်ကြည့်မယ်နော်"
ခန့်တည်ကြည် နောက်တကြိမ် ခေါင်းငြိမ့်၍သာဖြေမိသည် ဆရာဝန်က ... ခန့်တည်ကြည် ကိုစမ်းသပ်နေ သော်လည်း ခန့်တည်ကြည်၏ အကြည့်ကတော့ .... မွေးကင်းစကလေးလေးကိုပိုက်ချီကာ... သူ့ကိုစိုးရိမ်သလိုကြည့်သလိုသော နှိုင်းရတုထံသို့သာရောက်နေ၏...။
"ဒေါက်တာ.. အကို့အခြေနေဘလိုရှိလဲဟင်"
"အားလုံး အဆင်ပြေသွားပါပြီ... ဆေးရုံမှာ တရက်နှစ်ရက်ထပ်နေပြီး ပတ်တီးဖြေပြီးရင် ဆင်းလို့ရပါပြီ"
YOU ARE READING
မောင့်မူပိုင်ရှင်(Z+U) Complete
Romanceဘယ်လိုပြိုင်ပြိုင် ကိုကို အနိုင်ပါ.. ဒီလူသားက ခေါင်းကျကျ ပန်းကျကျ အရှုံးပေးနေပြီးသားမို့ နိုင်တော်မူပါ ကိုကိုရယ်..... Start date-June 10.2021 End date-July 18.2021 ဘယ်လိုပြိုင်ပြိုင် ကိုကို အနိုင်ပါ.. ဒီလူသားက ခေါင်းကျကျ ပန်းကျကျ အရှုံးပေးနေပြီးသားမိ...