Uni
မနက်မိုးလင်းတော့ မိန့်ကျောင်းသွားဖို့ အောက်ထက်ဆင်းလာတယ်
"သား လာဦး မနက်စာ စားသွားဦး"
"မေမေက မနက်စာတောင် ပြင်ထားတာလား
ဟိုတစ်ယောက်ရောက်မှတို့မေမေတောင် ဝီရိယ တွေကောင်းနေတယ်ဟေ့"
"ဘယ်ကလာ မေမေပြင်ထားတာမဟုတ်ဘူး
နက် အစောကြီးထချက်ခဲ့တာ သူ့ခဗျာ အလုပ်တစ်ဖပ်နဲ့ ပင်ပန်းရှာမှာ သိပ်မပြောပါနဲ့သားရယ်"
မိန့်ကြည့်လိုက်တော့ ပေါင်မုန့်ကြက်ဥကြော်ရယ် ကော်ဖီရယ်
"ကဲပါ ဘာမှဂျီးများမနေနဲ့စားစရာရှိတာစား စားပြီးမှကျောင်းသွား"
...........
ကျောင်းရောက်တော့ အတန်းလည်းမတက်ချင်တာနဲ့ ယမုံဆီထွက်လာလိုက်တယ်
ယမုံကိုကြည့်ရတာ ဒေါသများဖြစ်နေလားမသိဘူး မျက်နှာကြီးနီနေတယ်
"ဟယ် ကိုယမုံဆီလာတာလားဟင်"
"အင်းပေါ့ မင်းဆီမလာလို့ ကိုယ်ကဘယိသူ့ဆီလာရမှာလဲ မင်းဒီနေ့ အတန်းက အရေးမကြီးရင်မတက်နဲ့တော့ ကိုယ်တို့ရုပ်ရှင်သွားကြည့်မယ်"
ယမုံခုဏကဖြသ်နေတဲ့ဒေါသတွေ ပြောက်သွားတယ်"ဟုတ်ကိုကို "
..........
"ကိုကို ဘာစိတ်ညစ်စရာရှိလို့လဲဟင် မနေ့ကတည်းက မျက်နှာမကောင်းဘူး"
"ဘာမှမရှိဘူး"စိတ်ရှုပ်ရတဲ့ထဲ ရုပ်ရှင်ရုံထဲမှာဘေးနားကနေ ချွဲပစ်ပြီးဘာတွေလာပြောနေမှန်းမသိ
"ယမုံမှာတော့ရှိတယ် ဟိုနှင်းဆီနက်ပေါ့
သူကိုဆရာမက ကျောင်းမှာစာတန်းပြုစုဖို့ ရွေးလိုက်တယ်လေ
စာတန်းပြုရင် အခြားကျောင်းတွေကိုပါသွားပြီး ပွဲတက်ရမှာဆိုတော့
ချောမှလှမှဖြစ်မှာကို role1ရတာနဲ့ပဲပြီးပြီးရော ရွေးလိုက်ကြတယ်
ဆရာမတွေက အမြင်ကိုမရှိဘူး
အဲ့တာနှင်းဆီနက်ကြောင့် သူသာမရှိရင် ယမုံရွေးခံရမှာ "
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်