Extra(uni+zawgyi)

9.1K 224 20
                                    

Uni

"ကိုရေ မပြီးသေးဘူးလား ဒီမှာနောက်ကျတော့မယ် "

ပြောရင်းဆိုရင်း အခန်းထဲဝင်လာတဲ့

နက်ကြောင့် မိန့်အာဏာ လှည့်ကြည့်လိုက်တော့

ဒါလားကလေးအမေ

မျက်နှာလေးပေါ်အောင် ဆံပင်အားလုံးကိုအနောက်မှာ စုဆီးပြီး

နောက်ကနေ ရှေ့ကိုပြေပြေလေးချထားတယ်

ဘယ်အချိန်ကြည့်ကြည့်လှနေတဲ့ မိန်းမကြောင့်

ကိုယ့်မှာဘယ်ပွဲမှတောင် မခေါ်ရဲဘူး

ကြွားဖို့နေနေသာသာ လူတွေကြည့်မှာဆိုးလို့ ထည့်ဖွက်ထားချင်တာ

ခုကတော့ သူ့အစ်မရဲ့ မဂ်လာဆောင်ဆိုတော့

သိတဲ့ အတိုင်း မသွားမဖြစ်သွားရမှာလေ

ဖြစ်နိုင်ရင် နှင်းဆီနက်ကို မိန့်အာဏာရဲ့ ရင်ခွင်ထဲမှာပဲ တစ်သက်လုံး သော့ခက်သိမ်းထားချင်တာ

"ကို ဘာတွေငေးနေတာလဲ

သွားရအောင်လေ ဘာတွေအဲ့လောက်ပြင်နေတာလဲဟင်

ဘာလဲ အသစ်တွေ့နေပြီလား"

"ဟားဟား ကိုယ့်မှာ အသစ်တွေ့ဖို့နေနေသာသာ

ဒီကမိန်းမကိုတောင် ကြည့်မဝချစ်မဝလို့

အသည်းတွေရော မျက်လုံးတွေရောမအားပါဘူးနော် "

ပြောနေရင်း နက်ပါးကိုလာနမ်းတဲ့ကိုကြောင့်

"ဟာ ကိုရာ ဒီမှာ မိတ်ကပ်တွေလိမ်းထားတဲ့ဟာကို ပျက်ကုန်တော့မှာပဲ "

"ပျက်ပျက်ကွာ နမ်းမှာပဲ "

"ကို့  တော်တော့လို့ ပွဲချိန်နီးနေပြီ

သမီးလေးကိုလည်း မြန်မြန်တွေ့ချင်လှပြီ

မမလည်းအရမ်းလှနေမှာမြင်ယောင်တယ်"

Angelလေးက ဆောင်းဦးယမှုံတို့ မဂ်လာပွဲမှာ ပန်းကြဲရမှာမို့

မေမေနဲ့ခန်းမကိုကြိုသွားနှင့်ပြီလေ

မိန့်အာဏာသာ ဘာတွေလုပ်နေမှန်းမသိ ကြာနေတာ

"ကိုကလေ ဖြစ်နိုင်ရင် ဘယ်မှမသွားချင်တော့ဘူး

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Tempat cerita menjadi hidup. Temukan sekarang