Uni
ည ကိုးနာရီလောက်မှာ နှင်းဆီနက်ရဲ့ဖုန်လေးထမြည်တယ်
ကိုင်မယ်လုပ်တော့ကျသွားတယ် သိပ်မကြာလိုက်ရာဇာဆိုတဲ့contactနဲ့messageရောက်လာတယ်
"နက်ရေ နင်နေမကောင်းသေးဘူးလား ငါဂျာကြီးကိုခွင့်တိုင်ပေးထားတယ်
နေကောင်းအောင်နေနော် ဆိုင်ကိုစိတ်ပူမနေနဲ့ နင့်ဟာနင်ဂရုစိုက်ဦး😍"မိန့်စာကိုဖွင့်ဖတ်ပြီး မျက်နှာကအကြောတွေထောင်သွားတဲ့အထိ အံကြိတ်လိုက်တယ် ဘယ်လိုကောင်က emoji နဲ့တောင် စာပို့ရတာတုန်း
နှင်းဆီနက် ကိုယ်ပေါ်ကို အက်ျီသေချာဝတ်ပေးလိုက်တယ်
'ကျွန်တော်က အခွင့်အရေးယူတတ်တဲ့ကောင်တစ်ယောက် ယုတ်မာတဲ့ကောင်တစ်ယောက်မဟုတ်ပါဘူး ဒါပေမယ့် နှင်းဆီနက်ဆိုတဲ့မိန်းမကိုတော့ ကျွန်တော် ယုတ်မာမိလိုက်ပြီ
ဒါပေမယ့် လူတသ်ယောက်လုံးသေသွားတာနဲ့ဆိုရင် သူခံရတာ ဘာမှမပြောပလောက်ပါဘူး
ကျွန်တော် သူ့အခန်းထဲကထွက်လာတော့ မနက်သုံးနာရီထိုးနေပြီသူအခုထိမနိုးသေးဘူး ကျွန်တော်ခြံပြင်ထွက်ပြီး လေငြင်းခံနေတုန်းမေမေရောက်လာတယ် "သားမအိပ်သေးဘူးလား သမီးလေးမသက်သာလို့လား "
"သက်သာပါတယ် သားတစ်ရေးနိုးလာတာ မေမေပင်ပန်းနေပြီလား နားတော့လေ"
"အေးသား သမီးဆီခဏ သွားကြည့်ပြီးရင်မေမေနားတော့မယ် "
ဒေါ်သရဖီ နက်အခန်းထဲရောက်တော့ နက်ကအိပ်ပျော်နေတုန်း မနက်ငါးနာရီပဲရှိသေးတယ် 'ဟယ်ကလေးကချွေးတွေထွက်နေတာပဲ ရေပတ်တိုက်ပေးဦးမှ '
နက်အက်ျီကျယ်သီးတစ်လုံးဖြုတ်လိုက်ချိန် နက်လည်ပင်းမှာ အနီကွက်လေးကို အမှတ်မထင်တွေ့လိုက်တယ်
"ဟင် ဒေါက်တာ အင်း ကျွန်မ ကျွန်မဘာဖြစ်တာလဲ "နိုးလာလာချင်း မေးလာတဲ့နက်ကို"သမီးမနေ့က ညနေက ဈေးသွားဝယ်ရင်း သတိမေ့သွားလို့လေ "
"အော် ဟုတ်လား ကျေးဇူးပါဒေါက်တာ "
"သမီးသက်သာလား ခုဘယ်လိုနေသေးလဲ"
"ဟုတ်သက်သာပါတယ် ဒေါက်တာလည်းတညလုံး ကျွန်မကို စောင့်နေရလို့ ပင်ပန်းနေပြီထင်တယ် နားလိုက်ပါ ကျွန်မ မနက်စာပြင်ပြီး ဒေါက်တာ အခန်းထဲယူလာပေးပါ့မယ် "
ВЫ ЧИТАЕТЕ
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Любовные романыမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်