Uni
ဒီနေ့ ဆေးရုံမှာညဂျူတီကို မဆင်းဘဲ အိမ်ကို အမြန်ပြန်လာရတယ့်ဒေါ်သရဖီပါ
သားတော်မောင်က"မေမေ နက်လေ နက်မူးလဲသွားလို့ မေမေမြန်မြန်ပြန်လာ ဟိုသီဟကိုမလွှတ်လိုက်နဲ့နော် မေမေပဲမြန်မြန်ပြန်လာခဲ့"
အိမ်ရောက်တော့ "မေမေ နက်ကိုကြည့်ပါဦး သူသတိလစ်သွားပြန်ပြီ အားများနဲနေတာလား အိပ်ရေး အရမ်းပျက်လို့လား ပင်ပန်းလို့နေမယ်"
"သားရယ် မေမေအရင်စမ်းသပ်ပါဦးမယ် မေမေကဆရာဝန်ပါ "ဒေါ်သရဖီစိတ်ထဲ မတင်မကျဖြစ်နေတာ ခုတော့ သေချာသွားပြီ စမ်းနေတုန်း နက်နိုးလာတယ်
"သားမင်းအပြင်ခဏထွက်ဦး မေမေနက်ကိုမေးစရာရှိလို့ "
မိန့်အာဏာမထွက်ချင် ထွက်ချင်နဲ့ အပြင်ထွက်သွားတယ်
စိတ်မချတာလဲပါတာပေါ့ ပြီးတော့ အခန်းဝမှာ ချောင်းနားထောင်နေလိုက်တယ်
"သမီး မေမေ့ကိုမှန်မှန်ပြောနော် သမီးမှာချစ်သူရှိနေပြီလား "
"ဟင့်အင်းဒေါက်တာ ကျွန်မချစ်သူလည်းမရှိဘူး ထားဖို့စိတ်ကူးလုံးဝမရှိပါဘူး"နက်စကားကြားတော့ မိန့်နုတ်ခမ်းလေးတွန်ကျိုးနေအောင်ပြုံးလိုက်တယ်
"သမီးမှာ ကိုယ်ဝန်ရှိနေတယ်သမီး"
"ရှင်"
"ဒေါက်တာကတော့လေ နောက်နေပြန်ပြီ ဟင်းဟင်း"
"သမီးရယ် မေမေမလိမ်ပါဘူး တကယ်ကိုယ်ဝန်ရှိနေတာပါ"
"ကိုယ်ဝန်ရှိရအောင် ကျွန်မဘယ်သူနဲ့မှ ဟာကျွန်မက လေဥ ဥရမှာလား မဖြစ်နိုင်တာ"
"ဝုန်း"တံခါးကို စောင့်တွန်းလိုက်တဲ့ အရှိန်ကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လိုက်တယ်
"မေမေဘယ်လို နက်မှာ ကိုယ် ကိုယ်ဝန်ရှိနေတာတကယ်လား တကယ်လားမေမေ"
ဒေါ်သရဖီခေါင်းငြိမ့်လိုက်ပေမယ့် နက်ကတော့ မျက်ရည်တွေနဲ့ မိန့်ကိုစိုက်ကြည့်နေတယ်
"ရှင်လား ရှင်ပဲလား ရှင့်ကြောင့်လားလို့ ကျွန်မမေးနေတယ် ဖြေလေ ရှင်ကျွန်မကိုမုန်းလို့ပေါ့ ရှင့်ကြောင့်ပဲလားလို့"
KAMU SEDANG MEMBACA
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romansaမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်