Part32(uni+zawgyi)

5.1K 186 27
                                    

Uni

နက်လေ ဘေးနားမှာငိုနေတယ့်အသံတွေ အချိန်တိုင်းကြားနေရတယ်

နက် မျက်လုံးတွေပေါ် လူတစ်ယောက်တက်ဖိထားတယ်ထင်တယ်

လုံးဝဖွင့်လို့မရဘူး

အသားတွေလည်း လှုပ်လို့မရဘူး

နီးနီးလေးကနေ ငိုနေတဲ့အသံပေမယ့် သေသေချာချာသဲသဲကွဲကွဲမကြားရဘူး

ကိုမိန့်အာဏာအသံလိုပဲ

သူငိုနေတာလား

မငိုပါနဲ့ ရှင်ကငိုတာနဲ့မလိုက်ဖက်ပါဘူး

ရှင်ငိုရင်ခေါင်းတွေပြန်ကိုက်မယ်

ရှင့်ကိုသိပ်ချစ်ရတဲ့ကျွန်မလည်း ရှင်ငိုရင် ကိုယ့်ကိုကိုယ်အပစ်တင်နေမိတယ်

ကျွန်မကြောင့်ငိုနေတာလား
ကျွန်မ အိပ်ယာကထချင်ပြီ

ကိုမိန့်အာဏာငိုနေတာကိုမကြိုက်ဘူး

သူက နက်ကိုစိတ်ပူနေရတာမျိုး မဖြစ်စေချင်ဘူး

နက်ကို အားအင်တစ်ချို့ပေးပါ

ကိုမိန့်အာဏာကို ထပြီး နှစ်သိမ့်ပေးချင်လို့ပါ

အကြိမ်ကြိမ်ကြိုးစားပေမယ့် ဘယ်လိုမှထမရတဲ့ အဆုံး အသံအကျယ်ကြီးငိုပစ်လိုက်တယ်

ဒါပေမယ့် ငိုသံက ထွက်မလာခဲ့ဘူး ဒီအမှောင်ထုထဲက ရုန်းထွက်ချင်နေပြီ

ကလေးလေး ဗိုက်ထဲက ကလေးလေးရော

အဆက်ပြေပါ့မလားမသိဘူး ကယ်ပါဦး
ကယ်ကြပါဦး

နက်မျက်လုံးမှိတ်ထားတဲ့ဆီက မျက်ရည်တွေစီးကျလာတယ်

"ဟင်"မိန့်မြင်လိုက်တယ် နက်မျက်နှာမှာ မျက်ရည်တွေ နက်မျက်ရည်ကျနေတယ်

"မေမေ မေမေရေ နက် နက် မျက်ရည်ကျနေတယ် နက်ရေ နက် ကိုယ့်အသံကိုကြားရလား နက်ရယ် နက်"

ဒေါ်သရဖီ စမ်းသပ်နေတုန်းမှာပဲ နက်လက်လေးလှုပ်လာတယ်

"ဟောမေမေ နက် လက်လှုပ်လာပြီ "

မေမေက သူ့ကိုပြုံးပြီးကြည့်လိုက်တယ် မိန့်နက်ပါးလေးကို တဖွဖွနမ်းရင်း

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Tempat cerita menjadi hidup. Temukan sekarang