Uni
"နင်တာဝန်မဲ့လှချည်လားမိန့်
နင်ငါ့သားမိန့်အာဏာရောဟုတ်ရဲ့လား
နင်ဖျက်ဆီးလိုက်လို့ကြွေသွားတဲ့ပန်းကို
နင်ကတာဝန်မယူရင် ဘာ်သူတာဝန်ယူမှာလဲ
ဘာလဲ နင့်ကိုငါက
နင်ယုတ်မာ လူမဆန်ခဲ့တဲ့အကြောင်းကို ဂုဏ်ဖော်ပြီးပြောနေရဦးမှာလားဟင်"
"ဘယ်လိုမေမေ သားက သားက သူ့ကို ဟာမဖြစ်နိုင်တာ"
"အေးမဖြစ်နိုင်ဘူးဆို
မင်းခုချက်ချင်း အိမ်ပြန် မင်းရဲ့ diary ကို
မင်းဟာမင်းပြန်ဖတ်ကြည့်လိုက်
မင်းဘယ်လောက်လူမဆန်လဲဆိုတာ
သိသွားလိမ့်မယ် "
မိန့်ဘာမှမပြောနိုင်တော့ဘူး
နက်ကိုစိတ်မချပေမယ့်
သူခုချိန်မှာ အမှန်တရားကိုသိရမှဖြစ်မယ်
ကားပေါ်တက်လိုက်တော့
ခုံမှာ နက်ရဲ့သွေးတွေ သူအတန်ငယ်သတိရလာတယ်
နက်သွေးတွေ နက် ရေချိုးခန်းထဲမှာ သူ့လက်ကိုဓားနဲ့ လှီးပြီး သက်သေဖူးတယ်
ဘာလို့လဲ စဉ်းစားစမ်း
ပြီးတော့ ခြေထောက်မှာ လည်းသွေးထွက်ဖူးတယ် အသံသေးသေးလေးပဲထွက်ခဲ့နိုင်တယ့်
နက်ရဲ့မျက်နှာနုနုလေး
မိန့်ခေါင်းတွေ ချာချာလည်နေအောင်ကိုမူးနေပီ
မျက်လုံးကိုစုံမှိတ်လိုက်တော့ မျက်ရည်တွေနဲ့ နက်ကို မြင်နေရတယ်
{"[အား နက် မငိုနဲ့ ကိုယ်ဘာမှမဖြစ်ဘူး ကိုယ်အား "
"မပြောပါနဲ့တော့ နာနေမယ် ကျွန်မတို့ဆေးရုံသွားကြမယ်လေနော် မအိပ်လိုက်နဲ့နော် ကိုမိန့် မအိပ်နဲ့နော်""မငိုပါနဲ့နက်ရယ် အင့် ကိုလေ နက်ကိုချစ်တယ်နော် နက်ငိုရင် ကိုယ်အရမ်းခံစားရလို့ မငိုနဲ့တော့နော် နက်"]}
မျက်လုံးတွေ ပြန်ဖွင့်လာနိုင်ပေမယ့်
မျက်ရည်တွေနဲ့ သူဘာကိုမှ မမြင်နိုင်
BẠN ĐANG ĐỌC
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Lãng mạnမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်