Uni
နက်အိပ်ယာကနိုးလာတော့ မိန့်ကသူ့ကိုကြည့်နေတယ်
"ဟိုတောင်းပန်ပါတယ် ကျွန်မညက မိုးလင်းခါနီးမှအိပ်ပျော်သွားလို့ "
"အော်ဟော် သိတော့သိသားပဲ မင်းကဘာ်လိုလူလဲကွ အိမ်ရှင်တွေနိုးတာတောင်
မင်းကမနိုးသေးဘူးဆိုတော့ ဘယ်လိုထမင်းချက်လဲ ခုရောငါကဘာစားရမှာလဲ"
"ခုသွားစီစဉ်လိုက်ပါမယ် ကျွတ်ကျွတ် "
ခါးလေးကိုင်ပြီး ထွက်သွားတဲ့ကောင်မလေးကိုကြည့်ပြီး မိန့်သက်ပျင်းမောတစ်ခုချလိုက်တယ်
ဒီမျက်နှာလေးနဲ့ ဒီအသံလေးကကိုကြားရင် ကိုယ့်မှာဘာမှမတွေးနိုင်လောက်အောင်မတ်မောနေမိတယ်
ဆောင်းဦးယမုံပြောပုံအရတော့
(နှင်းဆီနက်ဆိုတာ မြွေဟောက်လိုအဆိပ်ပြင်းတယ်တဲ့ ထမင်းချက်ဘဝကနေ
ကိုယ့်မိန်းမဖြစ်အောင် အကောက်ကြံပြီး အမိဖမ်းထားတာတဲ့
မေမေ့ကိုလည်း သိမ်းသွင်းပီ့း အမွေတွေရအောင်လုပ်နေတာတဲ့)
အဲ့လိုတော့ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး
မိန်အာဏာဆိုတာ ဘယ်တော့မှ သူများချည်လယ်တဲ့ဘဝမှာမနေဘူး
မိန့်အရမ်းထူးဆန်းနေတယ်
အရာအားလုံးကိုမှတ်မိပြီးတော့ သူ့တစ်ယောက်တည်းကို ကွက်ပြီးမေ့နေတာဟာ လောကကြီးတစ်ခုလုံးက သူ့ကိုပတ်လိမ်ထားတာလား
မဖြစ်နိုင်ဘူး မေမေကတော့ သူ့ကိုလိမ်မှာ မဟုတ်ဘူး
ဒါဆို အမှန်တွေပေါ့ မေမေကတော့ သူ့ကိုဘာမှမပြောဘူး
ယမုံကတော့ သူ့ကိုငိုပြီးပြောတယ် သူအမှန်တွေပြောနေဆိုပေမယ့် မိန့်လက်မခံနိုင်သေးဘူး
ဒီနေ့တစ်နေ့လုံး
ဘဝငရဲဆိုတာ အရှင်လက်လက်ရောက်နေရသလိုပါပဲ
ညက ကောင်းကောင်းမအိပ်ရတဲ့ အပြင်ကိုမှ
ဟင်းချက်နေရင့် ပျို့ပျို့တက်လာလို့ အန်နေရတာလဲ အခါခါပဲ
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်