Zawgyi
မနက်အစောကြီး ဖေဖေ့အခန်းရှေ့မှာ ထိုင်စောင့်နေမိတယ်ဒါသူ့အတွက်အခွင့်အရေးပဲ
နှင်းဆီနက်ယူသွားတဲ့ အရာတွေအကုန်လုံး ခုချိန်မှာ ပြန်ယူဖို့အချိန်တန်ခဲ့ပြီလေ
မေမေရဲ့သွေးကျွေးကိုလည်း သူဆပ်နိုင်တော့မယ်
ညကတစ်ညလုံးမအိပ်နိုင်ခဲ့ဘူး
နှင်းဆီနက်က ကိုယ့်အသွေးအသားနဲ့
အသက်ရှင်စေရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးထားနိုင်ခဲ့တာလေ
ဘဝကြီးက ခုတော့ ဆောင်းဦးယမုံအတွက်
အနိုင်နဲ့ပိုင်းရမယ့်အချိန်ကိုရောက်ခဲ့ပြီကိုး
"ဟင် သမီး"ဦးမိုးသောက်ဦးအခန်းထဲက ထွက်လာတော့ အခန်းရှေ့မှာ ရပ်နေတဲ့ သမီးကြောင့် အံ့သြသွားတယ်
"သမီးနဲ့ တရုတ်ပြည်ကိုပြန်လိုက်ခဲ့ပေးမလား ဒါဆိုလှူမယ်
လှူပြီးတာနဲ့ သမီးတို့တွေတရုတ်ပြည်ကိုအပြီးသွားတော့မယ်"
"ကျေးဇူး ကျေးဇူးတင်ပါသမီးရယ်
ဖေဖေလေ သမီးကို ကျေးဇူးတင်ပါတယ်
သမီးလေးကိုကယ်တာက ဖေဖေကိုကယ်တာနဲ့ အတူတူပါပဲ"ဖေဖေဆက်ပြောမယ့်
စကားတွေကိုထပ်မကြားချင်တော့တာနဲ့
မိမိအခန်းထဲကိုသာပြန်လာခဲ့တယ်
နှင်းဆီနက်ဆိုတာ တက္ကသိုလ်ရောက်မှ ကိုယ့်ဘဝကို ဒုက္ခပေးခဲ့တာမဟုတ်ဘုးပဲ
မွေးကတည်းက ဒုက္ခပေးဖို့မွေးလာတာကိုး
မပူနဲ့ နင်သိမ်းထားတဲ့ ငါပိုင်တဲ့ အရာအားလုံး ငါပြန်ယူပြမယ်
ဖေဖေ့ကိုရော ကိုကို့ကိုရော နင့်ရဲ့ပျော်ရွှင်မှုတွေကိုရော
ရေမိုးချိုးပြီး အလှဆုံးပြင်ဆင်သွားရမယ်လေ
ဦးမိုးသောက်ဦးနဲ့ဒေါ်နှင်းဝတ်မှုံတို့ရဲ့ သမီး
ဆောင်းဦးယမှုံအနေနဲ့ သွားတွေ့ရမယ့်သူတွေ ရှိနေပြီကိုး
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်