Uni
"နက် နက် သတိထားလေ နက် "
မိန့်ပြောနေတာ ကြားလားမသိ မကြားလားမသိ မျက်ရည်တွေကျပြီး ကြောင်ကြည့်နေတယ်
ဒီကောင်မလေးမှာမှ ဒီလိုအဖြစ်မျိုးတွေကြုံနေရတယ်
မိန့်တို့ဆေးရုံရောက်သွားတဲ့ အချိန်မှာ ဒေါ်မြလေးရဲ့ အလောင်းကိုအားလုံးပြင်ဆင်ပြီးနေပြီ
နှင်းဆီနက်ကတော့ သူ့အဖွားကိုဖက်ငိုပြီးသတိမေ့သွားတယ်
မေမေကတော့ မျက်နှာတော်တော်မကောင်းဘူး
မိန့်လည်းနက်ငိုနေတာထက်စာရင် အိပ်ပျော်နေတာပိုသက်သာမယ်လို့တွေးပြီး စိတ်လျော့လိုက်တယ်
ဒီကလေးတော်တော်ပင်ပန်းနေပြီလေ
ညနေတည်းကသတိမေ့နေတယ့်
ကောင်မလေးကို အိမ်ပဲခေါ်လာခဲ့တယ်
မေမေနဲ့ဆေးရုံဝန်ထမ်းတွေကတော့ ဒေါ်မြလေးရဲ့ အသုဘ ကိစ္စနဲ့ရှုပ်နေတာပေါ့
ကလေးနိုးလာရင် ထပ်မငိုစေချင်တော့လို့ သူ့ကိုအိမ်ပြန်ခေါ်လာက သူ့ကိုသနားတဲ့ ကျွန်တော့ အတ္တသေးသေးလေးပါ
ညနက်တော့ ရှိုက်သံလေးနဲ့တူတူ နိုးလာတယ်
"နက် နိုးပြီလား ဘယ်လိုနေသေးလဲ သက်သာလား "
"ဖွားဖွားကလေ ဖွားဖွားက နက်ကို ဟင့်နက်ကိုထား သွားပြီ
ဟင့်ဟင့် နက်တစ်ယောက်တည့်ထားခဲ့ပြီ ဟင့်ဟင့်ဟင့်"
တသိမ့်သိမ့်ငိုနေတဲ့ကလေးငယ်ကိုသနားတာကြောင့် ရင်ခွင်ထဲထည့်ထားလိုက်တယ် ကိုယ့်ရင်ခွင်ကြောင့် သူလေးနွေးပါစေပေါ့
"ဖွားဖွားဆီပို့ပေးပါလား ဟင် ဖွားဖွားကို တွေ့ချင်လို့ပါ နော်"
"နက်ရယ် တော်တော့လေ နက်ငိုရတာ ပင်ပန်းနေပြီ
နက်အဖွားက နက်ကိုကိုယ်နဲ့စိတ်ချသွားတာလေ နက်ကိုထားခဲ့တယ်ဆိုတာ နက်မှာ ကိုယ်ရှိတယ်လေကွာ
နက်အားမငယ်နဲ့နော် ကိုယ်နက်ဘေးမှာ အမြဲရှိနေပေးမယ်
ခုတော့ အိပ်လိုက်တော့ မနက်ကျရင် အဖွားကို အကောင်းဆုံးနှုတ်ဆက်ရမယ်လေ နော် "
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်