ထိမ်းမြှားလက်ထပ်ရက်မတိုင်ခင် တော်ဝင်ထုံးတမ်းအရ လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိသေးတယ်
ဒါတွေကို Jeon နဲ့ လုပ်ရမှာပေမဲ့ ဘာမှမရှိတဲ့ အခွံတဲ့လေမာနကိုထိခိုက်လိုက်တာ အဲ့ထက် ရင်ထဲကနာတယ်
”အရှင် သတင်းတွေထွက်နေပါတယ် ”
”ဘာသတင်းလဲ ”
”မင်းသား Jeon Jungkook က မြောက်အိုင်ယာလန်က မင်းသမီးနဲ့ တိတ်တဆိတ် လက်ထပ်ထားတယ်ဆိုပြီး ပြည်သူတွေ အချင်းများနေပါတယ် ”
လက်ထပ်တယ် ? မဖြစ်နိုင်ဘူး ဒီလောက်တော့မရက်စက်နိုင်ပါဘူး သူကလေ
”သား ”
မယ်တော် ဝင်လာတယ်
”သား ဘယ်လိုလုပ်ချင်လဲ ငါ့သားလေးအဆင်မှပြေပါ့မလား ”
”အခု မင်းသား Jeon Jungkook ကို နန်းတော်ကိုဆင့်ခေါ်မယ် ”
မယ်တော်က ခပ်ပြုံးပြုံးရယ် ဘာမှမပြောပါ
***”Jeon Jungkook သတင်းတွေက ဘယ်လိုဖြစ်တာလဲ မင်းကအရှက်ရအောင်လုပ်နေတာပဲ ဘုရင် Kim ကို အားနာစိတ်မရှိဘူးလား !ဟမ် !”
”မင်းကြီး စိတ်လျှော့ပါဦး ”
”အဲ့ဒါတကယ်မဟုတ်ပါဘူး ဖြေရှင်းလိုက်ပါ့မယ် ”
”မလိုချင်ဘူး Buckingham နန်းတော်ကို ပြောင်းနေဖို့ ပြင်ထား ဘုရင် Kim ကို လျှောက်လိုက်မယ် ”
”အဖေ ဒါက ”
”ဘာမှမကြားချင်ဘူး ဒါအမိန့်ပဲ ”
နန်းတော်ကိုပါသွားနေရရင် ဒေလီယာကို တွေ့နိုင်မှာမဟုတ်တော့ဘူး မဂ်လာပွဲ မှ ...ထိမ်းမြှားရင် သေချာပေါက် ဒေလီယာတို့ မိသားစု လာရမှာပဲ အဲ့အချိန်ထိစောင့်ရမယ်
”အရှင် အိုင်ယာလန် ဘုရင် ရောက်ရှိနေပါတယ် ”
မင်းကြီးကိုယ်တိုင်လာတာဆိုတော့ သတင်းကြောင့်ထင်တယ်
”အရှင် ”
”ထိုင်ပါ ”
အရိုအသေပေးလာတဲ့ မင်းကြီး
”လာရတဲ့အကြောင်းက သားငယ်လေးကို ထိမ်းမြှားရက်မရောက်ခင် နန်းတွင်းမှာထားချင်တယ် သတင်းတွေကအမှန်မဟုတ်လို့ ယုံစေချင်တဲ့သဘောပါ အရှင် အားလုံးအတွက် တောင်းပန်ပါတယ်”