ကျွန်တော်အတော်လေးအံ့သြမိသွားသည် ကလေးယူရမည်စဉ်းစားပေမဲ့ဒီလောက်မြန်မြန်ကြီးလို့မထင်ခဲ့ပါ”သားတော် မှာ ကိုယ်ဝန်နဲ့တဲ့ ဝမ်းသာလိုက်တာ ”
Kim ရဲ့ မယ်တော်ကဝမ်းသာအားရဆိုသည် ကျွန်တော်Kim အနားသွားထိုင်လိုက်ရင်း ငေးကြည့်မိသည်
ကျွန်တော် အဖေကောင်းဖြစ်ချင်တယ် Kim...လက်ဖဝါးကခပ်နွေးနွေးအထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ Jeon
”နိုးပြီလား အကြာကြီးအိပ်ပျော်နေတာ ”
”ဘယ်လောက်တောင်ကြာသွားပြီလဲ ”
”တနေ့လုံးနီးပါးပဲ ညရောက်နေပြီလေ ”
အကြောထဲကဆေးပိုက်ကြောင့်မေးခွန်းထုတ်လိုက်သည်
”Doctor ဘာပြောလဲ အားနည်းတာပဲမလား ငါအစာကောင်းကောင်းမစားနိုင်တာနဲ့”
”Kim မှာ ကလေးလေးရှိနေပြီ ”
လက်ဖဝါးဆုပ်ကိုင်ရင်း ခပ်ဖွဖွဆိုလာတဲ့ စကားကြောင့်အနည်းငယ်ကြောင်အသွားသည်
”က..ကလေး ငါ့မှာလား ”
”အင်း ”
ကျွန်တော်ပြုံးလိုက်မိသည် ဗိုက်ကိုခပ်ဖွဖွပွတ်ကြည့်ရင်းပင်
ငါဒါအတွက်မေးခွန်းမထုတ်တော့ဘူး Jeon ကလေးလေးရှိလာပြီမို့ ငါဘာမေးခွန်းမှမေးနေစရာမလိုဘူးထင်တယ်
**”မင်းသမီး ပြန်ဖို့ကားစီစဉ်ထားပါတယ် ”
”အရှင် သက်သာရဲ့လား ”
”သက်သာပါတယ် မင်းသမီး အရှင်ပြန်သတိရပါပြီ ”
Jeon ကိုခနပဲဖြစ်ဖြစ်တွေ့ချင်ပေမဲ့ ဘုရင် Kim ကိုစိုးရိမ်နေတာ ဒေလီယာကိုတောင်မမြင်တဲ့ထိမို့ ပြန်လာခဲ့ပါသည်
”ခမည်းတော်”
”သမီးဒေလီယာ ပြန်လာပြီလား ”
”ဒါ ဒါက.. ”
”စိတ်ဝင်စားစရာတခုကမ်းလှမ်းခံရတာ သမီးနားထောင်မလား ”
ခမည်းတော်၏ခေါ်ဆောင်မှုကြောင့် လိုက်သွားခဲ့ရသည် ဒါက ဘုရင် Kim ရဲ့ဦးရီးတော် ပြည်နှင်ဒဏ်ပေးခံရတာသေချာပေါက်ပဲမလား