ရွှေညိုရောင် မျက်နှာကျက်က မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတယ် သတိမေ့သွားခဲ့တာပဲ ဒီရက်ပိုင်း stress များတာကြောင့်လဲဖြစ်မယ်”အရှင် သတိရပါပြီ ”
”သား သက်သာရဲ့လား ”
မယ်တော်က စိုးရိမ်တကြီးမေးလာတယ်
”အဆင်ပြေပါတယ် မယ်တော် ”
စဉ်းစားကြည့်တော့ မေ့လဲခါနီး သူ ကျွန်တော့်ကို ...?
”သား မေ့လဲသွားတာကို ချီပြီး အိပ်ဆောင်ထိလိုက်ပို့ခဲ့တာ မင်းသားငယ်လေးက စောစောလေးကမှပြန်သွားတယ် ”
သူက ပွေ့ချီခဲ့တာလား သူကျွန်တော်အသားကိုထိခဲ့တာလား
ရုတ်တရက်ကြီး မျက်နှာပူလာတာက ဘယ်လိုခံစားချက်လဲ”လက်ထပ်ထိမ်းမြှားကိစ္စက မယ်တော်တို့ရက်သတ်မှတ်မယ်မဟုတ်လား ပြည်သူကိုအသိပေးရမယ်လေ ”
”တိုင်ပင်ပြီးသားပါ သား အဆင်မပြေမှာစိုးရိမ်တာ ”
”ကျွန်တော်အဆင်ပြေပါတယ် ”
အဆင်ပြေတယ် သူမို့လို့ထင်တယ် ဒီလိုမြင်မြင်ချင်းသဘောကျမိတာက ရှိတာလား သူရော ကျွန်တော့်ကိုသဘောကျပါ့မလား
အားတဲ့အချိန် အိုင်ယာလန်ရဲ့ မင်းသားငယ်အကြောင်းကို ရှာကြည့်လိုက်တော့ IG က သူရဲ့ကောင်းကြောင်းတွေ
ဓားရေး စစ်ရေး ပညာ ထက်မြတ်လွန်းတယ် အိုင်ယာလန်အိမ်ရှေ့စံထားဖို့တောင် စီစဉ်နေသည်တဲ့
'ဒေလီယာ?'
သူမက မြောက်အိုင်ယာလန်က မင်းသမီး သူနဲ့ ချစ်နေတာတဲ့လား မင်းသမီးဒေလီယာ က ထိမ်းမြှားပြီးသားကို ဘယ်လို ..
ဒါကြောင့် ကျွန်တော့်ကိုငြင်းချင်ခဲ့တာလား သဘောကျတဲ့သူရှိနေလို့လေ
***ဘုရင် Kim ဆီကပြန်လာပြီး မယ်တော် နဲ့ ခမည်းတော်တို့က ပျော်ရွှင်နေတယ် သူတို့အပျော်ကိုမဖျက်ချင်ပေမဲ့ ဒေလီယာနဲ့တွေ့ရမှဖြစ်မယ် မကြာခင် ပြည်သူကိုအသိပေးမှာပဲ သူမအထင်လွဲမှာစိုးတယ်
”အကိုလေး မင်းသမီးပြန်ရောက်နေပြီတဲ့ ”
”မြင်းစီစဉ်ထား ညကျရင်နန်းတော်နောက်ဘက်က ဥယျာဉ်မှာတွေ့မှာ ”