တဖက်နိုင်ငံခေါင်းဆောင်နဲ့ စကားပြောစရာရှိသည်ကိုပြောဆိုရင်းပွဲကပြီးခါနီးလို့လာသည်
သူ့ကိုကြည့်လိုက်တော့ လက်ဆောင်ယမကာကိုသောက်နေသည် ကျွန်တော့်ကိုနမ်းနေတုန်းက ခါးသက်သက်ကိုခံစားမိသည်က မူးနေလို့ဖြစ်မည် ဒါကြောင့်ဒီလိုတွေပြုမူနေသည်ပေါ့"မင်း အရမ်းသောက်မနေနဲ့ အဲ့ဒါကပြင်းတယ် "
"ဒါလား အဆင်ပြေပါတယ် "
လက်ထဲကကိုင်ထားတဲ့ခွက်ကို မြှောက်ပြရင်းပြောလာသည် အခုတောင်ရီဝေဝေမျက်လုံးများနှင့်
ပွဲတော်ပြီးဆုံးသွားတော့ စကားလက်ဆုံပြော နှုတ်ဆက်ပြီး ရေချိုးဆောင်ကိုထွက်ခဲ့သည် ဝတ်ရုံထူကြီးနှင့်အတော်ကိုနေရခက်ပြီးပူအိုက်ပါသည်"အရှင် မယ်တော်ကြီးရှာနေပါတယ် "
ညဝတ်စုံလဲပြီးသား ကျွန်တော့်ကို လာပြောတဲ့ အထိန်းတော်Ji
"အခုပဲသွားလိုက်မယ် "
မယ်တော့်အိပ်ဆောင်ကို သွားရင်း
"မယ်တော် "
"သား ရေချိုးဆောင်မှာဆို "
"ဟုတ်တယ် မယ်တော်တခုခုရှိလို့လား "
"အင်း မေးစရာရှိတာပါ သား အမှန်အတိုင်းပြောပေးလို့ရမလား "
"ဘာများလဲ "
"မင်းသားငယ်နဲ့အဆင်ပြေရဲ့လား သားတို့ခွဲအိပ်နေကြတာ.."
မယ်တော်ကဆက်ပြီးပြောမလာပါ
"အဲ့လိုတော့မဟုတ်ပါဘူး မယ်တော် ကျွန်တော်တို့ကသိပ်မရင်းနှီးသေးလို့ပါ "
"အော် မယ်တော်ကစိတ်ပူနေတာ ဒါများသားရယ် မင်းသားငယ်လေးက သားကိုသဘောကျတဲ့ပုံပါပဲ "
ကျွန်တော်ပြုံးရုံသာပြုံးမိလိုက်သည် ကျွန်တော့်ကိုသူကသဘောကျမည်တဲ့လား ဘယ်လိုအကြောင်းနဲ့များလဲ မယ်တော်
"မယ်တော် စိတ်မပူပါနဲ့ အဆင်ပြေပါတယ် ဒါဆို မယ်တော် နားတော့လေ "
"ကောင်းသောညပါ ဘုရင်ကြီး "
သဘောတကျပင်ရယ်လိုက်မိသည် မယ်တော်က ဘုရင်ကြီးဟုတခါတရံခေါ်တတ်ပါသည်
အဆောင်တော်ကို ပြန်ရောက်တော့ မည်သူမျှမတွေ့ပါ သူဟိုဘက်မှာအိပ်သည်ထင်သည် အတော်လေးလဲမူးနေလောက်မှာ