အေးစက်စက်ညတွင် လမင်းသည်တဆောင်လုံးအလင်းပေးနေသည်
နားထဲတွင် စုတ်တံစွဲယူသံသဲ့သဲ့ ကြားနေရသည် သူ ပန်းချီဆွဲနေခြင်းပင် ညနက်ကြီးပန်းချီထိုင်ဆွဲနေသည်မှာအတော်လေးထူးဆန်းသည်”မင်း ဒီအချိန်ကြီးဘာလို့ပန်းချီဆွဲနေတာလဲ ”
”စိတ်ရှူပ်နေလို့ ”
”ပန်းလက်ဖက်ရည် အထိန်းတော်Ji ကိုပဲဖြစ်ဖြစ်လုပ်ခိုင်း-”
”သက်သာမယ်မထင်ဘူး ”
ကျွန်တော်ထသွားကာကြည့်လိုက်တော့ သူဆွဲနေသောပုံမှာ တော်ဝင်မြင်းတကောင်ရဲ့ပုံ
”အိုင်ယာလန်ကိုမသွားပဲ ဘာလို့နေခဲ့တာလဲ ”
”မင်းသားJရောက်လာလို့ ”
”J? ဘာဆိုင်လို့လဲ မင်းကိုတခုခုပြောလို့လား ”
ဘာမှအဖြေမလာပဲ အတော်ကြာမှပြောလာသည်က
”အဲ့နေ့ညက ဒေလီယာလို့ထင်ခဲ့တာ တောင်းပန်ပါတယ် ”
ရုတ်တရက် ကျောက်ရုပ်လိုဖြစ်သွားသည် အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိကာ ဝေဝါးလာတဲ့အမြင်
ဒီစကားက အတွေးထက်ကြားရတာပိုနာကျင်သည်
တကယ်ပဲ ဒေလီယာလို့ထင်ခဲ့တာပဲ”မတောင်းပန်နဲ့ ငါအဲ့နေ့ညအတွက်ခွင့်မလွှတ်ဘူး ”
မော့မကြည့်သည့်တိုင် အသံတွေတုန်နေတာကိုအသေအချာပင်ကြားရသည် ကျွန်တော်အမှန်ကိုပြောလို့မထွက်ဘူးထင်ပါသည်
”ကျွန်တော် ဒီအခြေအနေကိုတကယ်မကြိုက်ဘူး ”
မင်းငါနဲ့အတူရှိရတာ အဲ့လောက်တောင်မုန်းသလား Jeon
ငါဒီတိုင်းလက်လွှတ်လိုက်ရမလား မဟုတ်ဘူး ငါအစတည်းကမင်းကိုလက်မခံသင့်တာ သဘောမကျသင့်တာ”မင်းနဲ့ငါ မတွေ့ခဲ့သင့်တာ ”
ထိုမျှသာပြောပြီး အိပ်ရာဆီတွင်အိပ်စက်သွားသည်
တကယ်ပဲ ကျွန်တော်နဲ့မတွေ့ခဲ့သင့်ဘူး Kimထိုညက တညလုံးမျက်ရည်တွေနဲ့အိပ်စက်သွားသော သူလေးရှိခဲ့သည်
**
လက်ပေါ်ကိုလာထိတဲ့ လက်တစုံကြောင့် မျက်လုံးများပွင့်လာရသည်