အနားကိုထပ်ကပ်ဖို့ကြိုးစားလာတာကြောင့် ချက်ချင်းပြန်လှည့်လိုက်တယ် သူကဘာဖြစ်ချင်နေလဲမသိ နားလည်ရခက်လွန်းတယ်ဆက်ပြီး သင်ရင်းနဲ့ အချိန်တော်တော်ကုန်သွားသည်
"ဘုရင် Kim က အတတ်မြန်တာပဲ "
ဘာမှပြန်မပြောတော့ အကဲခတ်ကြည့်နေတယ်
"နေရခက်နေတာလား J မဟုတ်လို့ "
"J ?"
"ချစ်သူဆို မဟုတ်ဘူးလား "
"အရင်ကပါ "
"အခုရော သဘောမကျဘူးလား "
"အဲ့လိုတွေမရှိတာကြာပြီ "
"ဘာလို့လဲ အဆင်ပြေနေတာပဲ ထိမ်းမြှားပြီး အခွံထက်စာရင် နှယောက်လုံးအတွဲရှိတာ ကောင်းတယ်မဟုတ်လား "
ဒီလိုစကားကို ဘာမှမဖြစ်သလိုပြောနေတာ သူက
ရင်ထဲကနာလိုက်တာ ဒေါသလဲထွက်တယ် သူကျွန်တော့်ကိုသိပ်စော်ကားတယ်"ငါ့သိက္ခာကို အဲ့လိုစော်ကားရတာ မင်းအတွက်ဘာမှမဖြစ်တာလား ထွက်သွားတော့ "
"ဒါ အမိန့်လား "
"ဘုရင့်အမိန့် "
အဲ့လိုပြောလိုက်တော့ ထွက်သွားပါသည် Jeon ကို ထိမ်းမြှားရမှာကို တွေးလိုက်တိုင်း ကြောက်လာတယ် အဲ့အချိန်အခါ မှာ သူ့ရဲ့အပြုအမူတွေက ကျွန်တော့်ကိုပိုနာကျင်စေမှာ
***
ထိမ်းမြှားရက်က နောက်၂ရက်ပဲလိုတော့တယ်
အခုချိန် နိုင်ငံရေးထက် ဒီဘက်အတွက် ပိုအားစိုက်ရတယ် ဘုရင့် မဂ်လာပွဲမို့ အထူးဧည့်သည်တွေကနည်းမှာမဟုတ်ဘူးမင်းသမီးဒေလီယာလဲ ပါသည်ပေါ့
"သား ညီလာခံပြီးရင် မင်းကြီးနဲ့ မိဖုရားကြီးတို့ လာမှာ ဧည့်ဆောင်ကိုလာဖို့မမေ့နဲ့ဦး "
"ဟုတ်ကဲ့ မယ်တော် "
ညီလာခံတွင်း စီးပွားရေးတိုင်ပင်ခဲ့ပြီး သိပ်တော့ဘဝင်မကျခဲ့
မင်းကြီး တို့လာသည်မို့ သွားတွေ့ရမည်"အရှင် "
"ထိုင်ပါ "
"သားငယ်လေး ပြသာနာမရှာဘူးမဟုတ်လား ကျွန်တော်မျိုးတို့စိတ်ပူလို့ပါ "