ခမည်းတော်၏ ရုပ်အလောင်းကိုကြည့်ပြီး သက်ပြင်းချမိသည် ကျွန်တော်ကဘာမှတောင်လုပ်မပေးလိုက်ရဘူး ခမည်းတော်”မယ်တော် ဘယ်လိုဖြစ်တာလဲ ”
”နှလုံးရပ်သွားတာတဲ့ သားငယ် မယ်တော်အဲ့လိုဖြစ်မယ်လို့မထင်ခဲ့ဘူး ”
မယ်တော် ကမျက်ရည်ဖြင့်ဆိုသည် မယ်တော့်ကိုပွေ့ဖက်ထားရင်းသာ..
ခမည်းတော်ရဲ့ ဈာပနကို အိုင်ယာလန်ပြည်သူတို့က ဝမ်းနည်းစွာနှုတ်ဆက်သည် Kim လာမည်လို့သိရသည်
”အကို ကျွန်တော်မယ်တော့်ကို စိတ်ချမယ်နော် ”
”မင်း လုပ်ရမဲ့နေရာနော် Jungkook ငါ့အတွက်အဲ့လိုတွေမလိုဘူး ”
”ကျွန်တော်က Kim ရှိသေးတယ် နန်းတက်ဖို့မဖြစ်နိုင်ဘူး အကိုလုပ်နိုင်ပါတယ် မယ်တော့်ကိုပြောခဲ့ပြီးပြီ ”
”ငါ မင်းကိုကြည့်ပြီး နားလည်သွားတာတွေများတယ် Jungkook ”
”ကျွန်တော် အားလုံးဆုံးဖြတ်ထားတာတွေရှိတယ် တဖြည်းဖြည်းသိရမှာပါ ”
ဘုရင် Kim လာရောက်သည်ဟုဆိုသဖြင့် အခမ်းအနားထဲပြန်ရောက်သွားပါသည်
”Kim ”
”မင်းအဆင်ပြေရဲ့လား ”
”အင်း ”
Jeon ကခေါင်းငြိမ့်ပြပါသည် ဈာပနပြီးဆုံးသည်ထိတက်ရောက်ပြီး အချိန်လင့်တော့ ကျွန်တော်ကပြန်လာနှင့်သည်
Charles နဲ့ Gasby က သေချာပေါက်မျှော်နေမှာသိပါသည်
မယ်တော်နဲ့ အပ်ခဲ့သည်မို့ စိတ်ပူစရာမလိုပါ”Pa! ”
အငယ်လေး က လှုပ်လှုပ်" နှင့်ပြေးလာကာ ဖက်တော့သည်
Charles က ပြုံးကာကြည့်နေသည် အဲ့ကောင်လေးကတကယ့်လူကြီးပင်”Pa ပဲလား Daddy ရော ”
”Daddy က လိုက်လာမှာ ဘိုးဘိုးကြီးနေမကောင်းလို့ ”
ခေါင်းငြိမ့်ပြလာတဲ့ အငယ်လေးရဲ့ ဆံပင်ခပ်ညိုညိုအားဆွဲဖွလိုက်သည် Charles က ဆံပင်အနက်ဖြစ်သော်လဲ Gasby က မွေးရာပါဆံပင်အညိုရောင်ကို ပိုင်ဆိုင်ထားသူပင်