သက်တန့်ရောင်စုံတွေလို့ထင်ရလောက်စေသော ပန်းပွင့်များကအစီအရီဝန်းရံထားလျက်ရှိနေပြီး အလှပဆုံး ဝန်းကျင်းတခု
ကျွန်တော်ကပြေးနေခဲ့ပြီး နောက်က အရင်းနှီးဆုံးအသံတခုက ကျွန်တော့်နာမည်ကိုခေါ်ကာ အပြေးလိုက်နေသည်'Tae'
Tae တဲ့လေ ဘယ်သူ့မှမခေါ်သောကျွန်တော့်နာမည်အစိတ်အပိုင်းတခုပါလား ကျွန်တော့်ဆီကိုပြေးလာနေတဲ့ ဝိုးတဝါးပုံရိပ်ကဘယ်သူများလဲအားယူကြည့်တော့သည်
ခါးကိုဖက်တွယ်လာသောလက်အစုံနှင့် အတောက်ပဆုံးပြုံးပြနေသော လူသား က...”Jeon ”
မျက်စိအစုံပွင့်လာခဲ့သည် အိပ်မက်လား အိပ်မက်မက်နေခဲ့သည်လား
အိပ်မက်တဲ့ထိရူးလွန်းလိုက်တာ Tae တဲ့လားလေ”Jeon? အိပ်မက်မက်နေပုံပဲ ”
အတော်လေးမှကိုလန့်သွားမိသည် ဘယ်ချိန်တည်းကဘယ်လိုရောက်နေမှန်းတောင်မသိရပါ မဲ့ပြုံးဟုထင်ရသော အမည်မသိအပြုံးကိုချိတ်ဆွဲပြီးပြောလာသည်
”မင်း ဒီမှာဘာလုပ်နေတာလဲ ”
”အခုမှရောက်လာရင်မေးတဲ့မေးခွန်းမျိုးပဲ တညလုံးဘေးမှာအတူအိပ်နေခဲ့တာပါ ”
မျက်လုံးအစုံပြူးကျယ်ကုန်ရသည် တညလုံးရော ယောင်နေခဲ့မိသေးလား ဘာတွေပြောမိသေးလဲ ဆိုတဲ့အတွေးတွေက အစီအရီဝင်ရောက်လာပြီးချာလည်လည်နေတော့သည်
”ညီလာခံမသွားရဘူးမလား တခုကူညီပေးဦး ”
”ဘာကူညီရမှာလဲ ”
”အခု ကိုယ်လက်သန့်စင်လိုက်ဦး စောင့်နေမယ် ”
ကျွန်တော်က ရေချိုးဆောင်ထဲကိုထွက်လာခဲ့သည် ဘာတွေကူညီရဦးမလဲတွေးနေရသည် မဟုတ်မှ ဒေလီယာနဲ့ပတ်သတ်ပြီးတော့များလား အဲ့လိုပြောလာရင်ငြင်းရမလား ကူညီရမလား ဘယ်အရာကကျွန်တော်လဲအဆင်ပြေနေတဲ့ဆိုတဲ့ ပုံစံပေါ်နေမှာလဲ သေချာပေါက် ကူညီတာပဲပေါ့ တကယ်ကကျ အဆင်မပြေဘူးလေ Jeon
အဆောင်တော်ပြန်လာတော့ ပန်းချီဆွဲကိရိယာအချို့နဲ့ ထိုင်နေတဲ့ သူ
”ရပြီလား အဲ့ကုတင်ပေါ်ဒီတိုင်းလေးထိုင်နေပေး ”
”ကူညီရမှာဘာလဲ ”