Part - 7

11.6K 1.4K 131
                                    


မွေးနေ့ပွဲကိုတက်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါသည် ကျွန်တော်လဲဘာမှမဖြစ်သလိုနေနိုင်သင့်သည်မဟုတ်လား ဘုရင်တပါးကဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်မာနတော့ မစွန့်လွှတ်နိုင်ပါ

သူ့နဲ့အတူရှိနေတဲ့ ကျွန်တော်ကတော့အနည်းဆုံးပိုသာသေးသည်မဟုတ်လား

"သား အိုင်ယာလန်မွေးနေ့သွားမှာလား "

"ဟုတ် မယ်တော် ခြေထောက်လဲသက်သာနေပါပြီ သံတမန်ခန့်အပ်ပွဲကလိုသေးတော့ သွားလို့အားပါတယ် "

"မင်းသားငယ်နဲ့အတူသွားမှာပဲလေ စိတ်ချပါတယ် "

တနေ့လုံး သူ့ကိုအရိပ်တစွန်းတစတောင်မတွေ့ပါ မနေ့ကစကားကြောင့်စိတ်ဆိုးသွားသည်လားမပြောတတ်
မဟုတ်ပါ ကျွန်တော်ကစိတ်ဆိုးသင့်သည်မဟုတ်လား သူကပဲအမြဲနားလည်ရခက်နေတော့တာ

"အရှင် အရှင့်ဦးလေးဖြစ်သူကဝင်ခွင့်တောင်းပါတယ် "

အထိန်းတော်Ji စကားကြောင့်စိတ်ထဲဘဝင်မကျပေမဲ့ ခေါင်းငြိမ့်ပြလိုက်သည်

"တူတော် ဦးလေးစကားအတွက်တောင်းပန်တာပါ စိုးရွံ့မိပါတယ် အဲ့အတွက်ကြောင့် ပြစ်ဒဏ်ကိုလျှော့ပေါ့စဉ်းစားပေးတော်မူပါ "

"အရေးတကြီးလိုအပ်တဲ့အခါ ငွေပမဏကိုမတုံ့မဆိုင်းပေးမှာပါ ဦးလေး ကျန်တာကဘုရင်တပါးရဲ့ချမှတ်ပြီးသားအမိန့်အတွက်ပြင်ဆင်စရာမရှိပါဘူး လောင်းကစားတွေဆက်မလုပ်ပါနဲ့ နောက်တခါထပ်သိရရင် သက်ညှာတော့မှာမဟုတ်ဘူး ကျွန်တော့်စိတ်ကိုသိမှာပါ သွားလို့ရပါပြီ "

ဒီလိုငြင်းဆန်ရတာတွေအတွက် စိတ်ခုတာများလာတဲ့အခါ ရန်လိုတာတွေမဖြစ်ချင်ပါ ဘုရင်တပါးဖြစ်ရင်ဒါတွေကတော့ထုံးစံတခုလိုဖြစ်နေပါသည်လေ

မွေးနေ့ပွဲနေ့..

အထိန်းတော်Ji ကို မွေးနေ့သွားဖို့အတွက်သူ့အဆောင်ကိုသွားပြောခိုင်းခဲ့သည် ကျွန်တော်နဲ့လုံးဝကိုမတွေ့ရသေးတာ မယ်တော်ရိပ်မိမှာလဲစိုးရိမ်ရသည်

"သား မင်းသားငယ်ရော "

"ပြင်နေတယ် မယ်တော် လာပါလိမ့်မယ် "

The Legendary : Kim (Intro Completed)Tahanan ng mga kuwento. Tumuklas ngayon