D.E.C.I.S.I.O.N :07

819 123 17
                                    

မျက်နှာတည်နဲ့ ပေါင်မုန့်စားနေတဲ့ ကောင်လေးကိုဘယ်လိုခေါ်ရမလဲ ဘတ်ဟျွန်းမသိပါ ။

စိတ်ဆိုးနေသေးတာလား? မနေ့ညက အော်လိုက်မိလို့လေ ။ နည်းနည်းလေးတောင် စိတ််မကွက်စေချင်တဲ့ တစ်ဦးတည်းသော လူမလို့ ပြန်ချော့ရမယ်ဆိုတာ သိသည်။ ဒါပေမဲ့ ဘယ်ကဘယ်လိုစရမလဲ သေချာမသိ ။

"ချန်းယောလ် "

တုန်တုန်ယင်ယင်နဲ့ ခေါ်မိလိုက်သည်။ မော့ကြည့်လာမဲ့အစား ထထွက်သွားတာကိုသာ ကြုံလိုက်ရသည်။ သက်ပြင်းချသံအကျယ်ကြီး ဘတ်ဟျွန်းစီက ထွက်ပေါ်လာပြီး လေးလေးပင်ပင်နဲ့ မနက်စာစားဖို့ ဝင်လာလိုက်သည်။
စကားမပြောချင်နေတာကိုသိရဲ့နဲ့ မျက်နှာပြောင်တိုက်ပြီးသူသွားမပြောရဲပါ။

အထဲဝင်လာတော့ စားပွဲပေါ်မှာ
ယိုသုတ်ထားတဲ့ပေါင်မုန့်တွဲနှစ်ချပ်နဲ့ ခပ်နွေးနွေးရှိနေတဲ့ ကော်ဖီခွက်လေးတွေ့ရသည်။

ကော်ဖီခွက်ကိုင်ရင်းပြုံးနေတဲ့ ဘတ်ဟျွန်းအပြုံးတို့က ရင်ခုန်နေတဲ့ ဆယ်ကျော်သက်ကလေးလို ။

သူ့ကလေးလေးက သူ့အတွက် မနက်စာပြင်ပေးထားပါသည်။ စိတ်ကောက်နေလားမသိပေမဲ့ ချန်းယောလ်စီက ဂရုစိုက်မှုရနေတော့ ဘတ်ဟျွန်းမှာ ပျော်ရွှင်ရရော ။

မင်းမရှိရင် မဖြစ်တော့ဘူးထင်ရလောက်အောင် မင်းကို သဘောကျတဲ့ ငါ့နှလုံးသားကို မရပ်တန့်ချင်တော့ဘူး ။

••• DECISION •••

တံခါးကို ဖြည်းဖြည်းလေးခေါက်ပြီး အခန်းထဲ ဝင်လာလိုက်သည်။
အပြင်သွားမည်ဖြစ်ကြောင်း အိမ်ပိုင်ရှင်ကြီးကို အကြောင်းကြားရဦးမယ်လေ....

အဖြူရောင်မွေ့ယာကြီးထက် နစ်မြုပ်ပြီး အိပ်စက်နေတဲ့ ဘတ်ဟျွန်းကို တွေ့လိုက်ရတာနဲ့ ချန်းယောလ် သူ့ရဲ့ တရှပ်ရှပ်မြည်နေတဲ့ခြေလှမ်းတွေကို ရပ်လိုက်မိသည်။

ညနေကြီးကို အိပ်နေတယ် ။ ဖျားရင် ဘယ်လိုလုပ်မလဲ ။
ခြုံထားတဲ့စောင်ကို အပေါ်ဆွဲတင်ပေးပြီး မျက်နှာလေးသာပေါ်စေသည်။ ဖြူအုအုမျက်နှာလေးက အဖြူရောင်တွေကြားထဲမှာ ။
စတော်ဘယ်ရီရောင်သန်းနေတဲ့ နှုတ်ခမ်းပါးလေးက ချန်းယောလ်ကို အချိန်တိုင်း မရိုးမရွဖြစ်အောင် လုပ်တဲ့ တရားခံ ။

D.E.C.I.S.I.O.N (C)Where stories live. Discover now