D.E.C.I.S.I.O.N :14

482 66 12
                                    

ညနေကျောင်းပြန်တာနဲ့ မိဘအိမ်ကို ဘတ်ဟျွန်းရောက်လာရသည်။ မိသားစု ညစာစားပွဲဖြစ်သလို သူ့ရဲ့ တော်စပ်ရမဲ့မရီးကို ကြိုဆိုသည့်ပွဲလည်း ဖြစ်သေး၏ ။

လက်ထပ်ပြီးထဲက မရောက်ဖြစ်ခဲ့တဲ့ မိဘအိမ်ကို နှစ်လကျော်ကြာမှ ခြေချဖြစ်ပေမဲ့ အရင်လို နွေးထွေးနေစဲပါပဲ ။
အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ ဖေဖေက သူရောက်တာမြင်တာနဲ့ ဒေါသရိပ်မပါ ခနဲ့စကားဆိုသည်။

”ဒီအဖေစကားနားမထောင်တဲ့ ငါ့ရဲ့ သားအဆိုးကို နှစ်လကျော်ကြာမှ မြင်ရပြီပေါ့ ”

ဖေဖေ့စကားကြောင့် ဘတ်ဟျွန်းက ပြုံးစစလုပ်ရင်း ဧည့်ခန်းထဲက ဆိုဖာထက်ဝင်ထိုင်လာသည်။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အစ်ကိုတို့ စုံတွဲကလည်း အဖေ့စကားမှာ ရယ်သံနှောလို့ ...။

”တောင်းပန်ပါတယ် ကျွန်တော် ပြန်လာရမှာကို ”

ယွန်ဟွာကို သဘောမကျတဲ့ဖေဖေက သူ့လက်ထပ်ပွဲကို အဆုံးထိကန့်ကွက်ခဲ့သည်။ မိဘသဘောမတူတဲ့ကြားက ယွန်ဟွာနဲ့ အလျင်စလို လက်ထပ်ဖို့ထိဇွတ်တိုးခဲ့တာ ဘတ်ဟျွန်းရဲ့ ကိုယ်ပိုင်လောဘရိပ်ကြောင့်ဆိုတာ မိမိကိုယ်တိုင်သာ အမှန်တရားကို သိသည်။

ယွန်ဟွာနဲ့လက်ထပ်ခွင့်ရမှ သူ့ရဲ့ တစ်ဦးတစ်ယောက်သောလေးနဲ့ နီးစပ်ခွင့်ရမှာ။
မိဘသဘောတူညီမှုမရှိတာကြောင့် ယွန်ဟွာစိတ်ဆင်းရဲခဲ့ရတာ ဘတ်ဟျွန်းအသိ။ ဖေဖေသဘောတူမှ လက်ထပ်ချင်တယ်လို့ သူမဆန္ဒကို ဖွင့်ဟပြောပြခဲ့ပေမဲ့
အသံတိတ် အတ္တကြီးစိုးတဲ့ ဘတ်ဟျွန်းကတော့ အချစ်တတ်ဆုံးလူသားယောင်ဆောင်ကာ သူမနဲ့ လက်ထပ်ခွင့်ရဖို့ လိမ်ညာစကားတွေ ပေါပေါသီသီဆိုခဲ့မိသည်။
မငြင်းဆန်နိုင်တဲ့ ယွန်ဟွာက သူ့ရဲ့ အယောင်ဆောင် ချစ်ပြခြင်းတွေအပေါ် အများကြီး ပြိုလဲခဲ့ရတာ။

ပြန်တွေးမိရင် မှားခဲ့တာ အကုန်သိပေမဲ့ သူဟာ သိသိကြီးနဲ့ နောင်တတရားဆိုတဲ့အရာကိုတော့ တစ်ခါမှ မတမ်းတမိဘူး။
အခုလို ချစ်ရတဲ့ ချန်းယောလ်နဲ့ နီးစပ်ခွင့်ရနေတာကိုက လိုချင်ခဲ့တဲ့အရာဖြစ်လို့ အရာရာဟာ ပေးဆပ်ရကျိုးနပ်ပါတယ်။ အဲဒါက လူ့အသက်ဖြစ်နေရင်တောင် ...

D.E.C.I.S.I.O.N (C)Hikayelerin yaşadığı yer. Şimdi keşfedin