တိတ်ဆိတ်နေတဲ့ ညအချိန် လမ်းသွယ်လေးထက် တစ်ဦးတည်း ရှိနေတဲ့ အမျိုးသမီးတစ်ယောက်...
မကြာခင် အဖြစ်ဆိုးတစ်ခု သူမစီရောက်လာတော့မှာကို သူမ ကိုယ်တိုင်တောင် သိမည်မထင်..
အိမ်မှာ စောင့်နေမဲ့ တစ်ဦးတည်းသော လူကို တွေးရင် လမ်းမထက် ခပ်သွက်သွက်သွားနေ၏မကြာလိုက်..ကံကြမ္မာဆိုးက သူမစီ ရောက်လာပြီ.. ။
နောက်က အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီး..
သူမ ရှောင်ဖို့ ကြိုးစားပေမဲ့ အရာမထင်လိုက်..
သူမကို ဝင်တိုက်သွားသည်မှာ အချိန်တိုလေးအတွင်း...
အရာအားလုံးက လျှပ်တပြက်နဲ့....သွေးအိုင်ထဲက သူမကို ကယ်တင်မဲ့လူမရှိဘူး.. ။
ကယ်ပါလို့ ညည်းညူးနေတဲ့ သူမစကားကို ကြားတဲ့လူ မရှိဘူး ..။အထီးကျန်စွာနဲ့ သူမအနား ဘယ်သူ့မှ မရှိခဲ့တာ အခုအချိန်ထိ အမှန်တရားတစ်ရပ်...။ခဏတာ ဆူညံသွားတဲ့ ပတ်ဝန်းကျင်က အခုတော့ သူမဟုတ်သလိုပဲ.. တိတ်ဆိတ်သွားပြီ...။
ညအမှောင်ယံမှာ ထွက်လာတဲ့ ဖိနပ်သံ...
ဖိနပ်သံက သေဆုံးနေတဲ့ သူမအနားရောက်လာ၏ ။
အပေါ်စီးကနေ သူမကို စိုက်ကြည့်နေသည်မှာ အချိန်အတော်ကြာ...
နောက်တော့ .. စကားတစ်ခွန်းပြောပြီး ထွက်သွားတော့သည်။”ငါ့ကို ခွင့်မလွှတ်ပါနဲ့ ”
ဖိနပ်သံက အဝေးစီသို့ တဖြည်းဖြည်း.....
ဒီနေ့က သူမရဲ့ မင်္ဂလာနေ့...
အိမ်မှာ အမျိုးသားဖြစ်သူ စောင့်နေမှာ....
နေ့လည်ခင်းက ရင်ခုန်စွာနဲ့ ဝတ်ဆင်ခဲ့တဲ့
လက်သူကြွယ်ထက်က ငွေရောင်လက်စွပ်လေး...အခုတော့ သွေးတွေနဲ့...။¿¿¿¿¿
အသုဘ အခမ်းအနားတစ်ခု..
အမဲရောင်ဝတ်ထားတဲ့ လူတွေနဲ့ အခန်းတွင်း ပြည့်လျှံနေသည်။ပန်းတွေကြားက သေဆုံးသွားတဲ့ သူမရဲ့ ကိုယ်ပွား ဓာတ်ပုံ
ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ သူမရှေ့ ပန်းချသွားကြတဲ့လူတွေ...လာတဲ့လူတိုင်းကို ကန်တော့ရင်း အရိုအသေပေးနေတဲ့ သေဆုံးသူမိသားစုဝင်နေရာမှာ အမျိုးသားတစ်ယောက်ထဲ...။
ဝမ်းနည်းရိပ်သန်းနေပုံပေါ်ပေမဲ့ မျက်ရည်တော့မရှိ...။တည်တည်ငြိမ်ငြိမ်ပဲ...။