D.E.C.I.S.I.O.N: 23

364 48 3
                                    

အတိအကျပွင့်လင်းတဲ့ ဆက်ဆံရေးကိုတော့ တရားဝင်မရောက်သေးပေမဲ့ အခုဆို 80 ရာခိုင်နှုန်းလောက်တော့ ဘတ်ဟျွန်းနဲ့ နီးစပ်နေပြီလို့ ဆိုနိုင်တဲ့အထိ သူတို့ နီးကပ်လာကြသည်။

”ဒီနေ့ သွားစရာရှိတာလား? ”

​သောက်လက်စ ကော်ဖီတစ်ခွက်ကိုင်ထားရင်း အပေါ်ထပ်ဘတ်ဟျွန်း အခန်းထိရောက်လာသူက ဘီဒိုဖွင့်ရင်း အင်္ကျီရွေးနေတဲ့ ဘတ်ဟျွန်းကို မြင်တဲ့အခါ မေးခွန်းတစ်ခုထုတ်မေးလာပြီး နောက်က ကြိမ်ခုံပေါ် ဝင်ထိုင်ကာ ဘတ်ဟျွန်းကို ကြည့်လာ၏ ။

”ကိုကြီးလေ...နေ့လည်စာ တူတူစားချင်တယ်ဆိုလို့ ”

အညိုရောင်ဆွယ်တာလေးထုတ်လာသူက အကြောင်းအရင်းကိုပြောပြပြီး ချန်းယောလ်ကို ကြည့်လာသည်။

”ကျောင်းသွားပြီးပြီမလား
မဆိုးဘဲ ငါ့ကို စိတ်ချမ်းသာအောင် ထားမယ်မလား? ယောလ် ”

မဆိုးဘဲ ကျောင်းတက်ပါမယ်လို့ ကတိပေးထားတော့ ချန်းယောလ်မှာ အလိုကျပေါ့!
ကျောင်းလည်းသွားပြီးပြီမလို့ ခေါင်းညိမ့်ပြလိုက်တော့ ဘတ်ဟျွန်းက သူ့ခေါင်းကို ဖွဖွလေး ပွတ်ပေးလာရင်း ”လိမ္မာတယ် ”လို့ ချီးကျူးလာတယ်။

ပြုံးရင်း ချီးကျူးမှုကိုခံယူလာသူက ပါးချိုင့်နက်နက်နဲ့ ကျေနပ်လို့...
ဒီလိုကျတော့လည်း အဆိုးလေးကနေ လိမ္မာတုံးလေး ဖြစ်သွားတာပဲ။

”ဘတ်ဟျွန်း ...ခဏ ”

အင်္ကျီလဲဖို့ လုပ်နေသူကို ခဏရပ်ခိုင်းကာ ချန်းယောလ်က ဘီဒိုရှေ့သွားသည်။
အဖြူရောင် shirt ကို ဝတ်စေတဲ့လူက အပေါ်က အဝါနုရောင် ဆွယ်တာလေးကိုလည်း ထပ်ရွေးပေးလာသည်။ အဖြူရောင် style pant နဲ့ ဘတ်ဟျွန်းက အရောင်နုလေးတွေကြား ငယ်ရွယ်နေသည်။

”ဒီနေ့ ဘယ်သွားမှာလဲ ”

”ကိုကို ခေါ်ထားလို့ ၊ Ram နဲ့လည်း တူတူတွေ့မှာ
နောက်တော့ မကျစေရပါဘူး ”

သေချာလေး အစီရင်ခံနေသူက ဘတ်ဟျွန်းကိုပဲ ပြုံးကြည့်နေတာ ။
မနေတတ်စွာ ဘတ်ဟျွန်းမှာ မျက်နှာလွှဲရသေး။ ဒီကောင်လေးနဲ့မှ မကြုံစဖူး ရှက်သွေးလည်း ဖြာဖူးပြီ။

D.E.C.I.S.I.O.N (C)Where stories live. Discover now