D.E.C.I.S.I.O.N :09

859 134 6
                                    

ဘတ်ဟျွန်း အိမ်ထဲ မဝင်ခင် သက်ပြင်းအရင်ချလိုက်သည်။ ဖွင့်ပြောဖို့ မနည်းဆုံးဖြတ်ထားပေမဲ့ တုန်ယင်နေတဲ့ နှလုံးသားကြောင့် အပြင်မှာ အချိန်ဖြုန်းနေခဲ့တာ အခုဆို ညရောက်ရောပေါ့ ။

ဝယ်လာတဲ့ မုန့်ထုပ်လေးကိုင်ပြီး အိမ်ထဲဝင်ဖို့ လုပ်နေတဲ့ဘတ်ဟျွန်းက တံခါးဖွင့်ဖို့တောင် လက်တွေ တုန်နေသည်။

ချန်းယောလ်ရော အိမ်မှာ ရှိပါ့မလား

အိမ်အဝကနေ အိမ်အထဲထိ လိုက်ကြည့်ပေမဲ့ အရိပ်အယောင်တောင် မတွေ့တာမလို့ ဒုတိယအကြိမ် သက်ပြင်းချမိပြန်သည်။ ချန်းယောလ်အတွက် ဝယ်လာတဲ့ မုန့်ကို စားပွဲပေါ် တင်ပြီး ကိုယ့်အခန်းကို ဝင်ဖို့ ဆိုင်းပြင်းလိုက်၏ ။

ငါးရက်ရှိပြီ ၊ သူ အိမ်က ထွက်လာတာ ။ ဟိုတစ်နေ့ညနေက မှားခဲ့ပြီးထဲက ကောင်လေးစကားကို နားမထောင်ဘဲ ထွက်ပြေးလာခဲ့တာ ငါးရက်ရှိပြီ ။ စိတ်မထိန်းနိုင်လို့ မှားယွင်းတာတို့...လူငယ်သဘာဝစမ်းသပ်ကြည့်ချင်တာ...နောက်ဆုံး တောင်းပန်ပါတယ် ဆိုတဲ့ စကားထိ ပြောလာမှာ ကြောက်တာကြောင့် ထွက်ပြေးလာခဲ့တာ ။ သူ့စိတ်ရင်းကို ပြသပေးခဲ့ပေမဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ တန်ကြေးဖြတ်သွားမှာကိုတော့ မလိုချင်ပါ ။
သူ လောဘကြီးနေပြီလေ ။ မထားသင့်တဲ့ လောဘက သိပ်ကြောက်ဖို့ကောင်းတာမှန်း လက်သင့်ခံလိုက်ရပြီ ။

ငါးရက်တိတိ ဘတ်ဟျွန်း မိုတယ်တစ်ခုမှာ သောင်တင်နေခဲ့သည်။ ရှုပ်ရှတ်ခတ်နေတဲ့ အတွေးတွေနဲ့ လုံးထွေးနေခဲ့တာ ။ နောက်ဆုံး သူ ပျော်ရွှင်ချင်လာသည်။ တရားဝင် မိန်းမဖြစ်သူ သေဆုံးသွားတာ နှစ်ပတ်ပဲ ရှိသေးတယ်။ ဖွင့်ပြောလို့ ဖြစ်ပါ့မလား ဆိုတဲ့အတွေးတွေနဲ့ ပူလောင်နေခဲ့တာ ။ နောက်ဆုံး သူ့အတွက်ပဲတွေးချင်တဲ့ စိတ်က ကြီးစိုးသွားတယ်နဲ့ တူတယ် ။ တစ်ရက်မှာတော့ ပန်းစည်းတစ်စည်းနဲ့ ယွန်ဟွာကို သွားခွင့်တောင်းခဲ့သည်။

လူတိုင်းက ကိုယ့်အတွက်ပဲ ကိုယ်တွေးတာပေါ့ ။ ရရှိမှာ အမုန်းတရားလား? ရတယ်..ကောင်လေးပေးရင် သူ ပျော်ပျော်ကြီး ယူမှာပေါ့ ။ ဇွဲမလျော့ဘဲ သူ့စိတ်ရင်းကို ပြသပေးရင် ချန်းယောလ် နားလည်ပေးလာမှာလို့ ယုံကြည်သည်။

D.E.C.I.S.I.O.N (C)Where stories live. Discover now