မီးဖိုခန်းထဲက လှုပ်ရှားသံတွေကို ကြားနေရတာနဲ့အမျှ ဘတ်ဟျွန်း ကိုယ့်မျက်နှာကိုသာ လက်ဖဝါးနဲ့ အုပ်ထားရင်း စိတ်ထဲက အော်ဟစ်နေမိသည်။
ဘယ်လိုတောင် ကလေးကလားဆန်လိုက်တဲ့ အပြုအမူကို အတွေးတော အဆင်ခြင်မရှိဘဲ ပြုမူမိလိုက်တာလဲ!! တွေးကြည့်ရင်းနဲ့ကို ရှက်လွန်းလို့ အငွေ့သာပျံလိုက်ချင်တော့တယ်။"ငါ ဗိုက်ဆာတယ်....အခု "
နားလည်ရခက်သွားတဲ့ ချန်းယောလ်က ဖိနပ်တစ်ဖက်ကိုတောင် ဆက်မဝတ်တော့ဘဲ ဘတ်ဟျွန်းကို ကြည့်လာသည်။
ဟန်ဒိုဂျင်းကလည်း သူ့ကိုစိုက်ကြည့်လာတာ စူးစူးရဲရဲမလို့ နှုတ်ခမ်းတစ်ဖက်လေး ကော့တက်ကာ အဲ့တစ်ယောက် မခံချင်အောင် ပြုံးပြမိတာကို ချန်းယောလ်တော့ မမြင်လိုက်ပါ။
ခဏအကြာမှာ ချန်းယောလ်က စီးလက်စဖိနပ်တွေကို ချွတ်လာကာ"ဘတ်စ်မှတ်တိုင်က တည့်တည့်ပဲ ကိုကို
သိပ်မဝေးဘူးမလို့ လိုက်မပို့တော့ဘူးနော် "အိမ်ပေါ်တန်းတက်လာသူက ဘတ်ဟျွန်းကို ဘာစားချင်လဲ လို့မေးလာသေးသည်။
ချန်းယောလ်ရဲ့ လျစ်လျူရှူခံလိုက်ရတာကို
မကျေမနပ်ဖြစ်လို့ ပြန်သွားတဲ့ ဒိုဂျင်းက တံခါးကို ဝုန်းခနဲ မြည်အောင်ပိတ်သွားသေးတယ်။စောနကဖြစ်ရပ်ကို ပြန်တွေးမိလေ ဘတ်ဟျွန်း မျက်နှာကို ပိုလို့အုပ်ထားမိလေ။
အခုနအချိန်ထိ အောင်ပွဲရတဲ့ စစ်သူကြီးလို ခံစားခဲ့ရပေမဲ့ အခုအခါမှာတော့ တွင်းထဲ ပြေးအောင်းချင်တဲ့ ကြွက်ကလေးတစ်ကောင်ပင် ဖြစ်လိုက်ချင်တော့တယ်။"ဘတ်ဟျွန်း ဒီလာမလား? "
မီးဖိုးချောင်ထဲက လှမ်းခေါ်တဲ့ ချန်းယောလ်အသံကြောင့် ဘတ်ဟျွန်း လန့်သွားရပြီး အပေါ်တက်ပြေးဖို့ ကြံရွယ်လိုက်သည်။ ဆိုဖာအဆုံးအရောက်မှာပဲ "ဘယ်လဲ! ? "ဆိုတဲ့ နီးကပ်နေတဲ့ အသံကြောင့် ဘတ်ဟျွန်း လှည့်ကြည့်မိတော့ အနားရောက်လာတဲ့ချန်းယောလ်ကို တွေ့လိုက်ရသည်မလို့ သူခိုးလူမိသလို ခေါင်းခါပြလိုက်မိ၏ ။
ဂျုံခေါက်ဆွဲစားနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ် ထိုင်ကြည့်နေသည်။ ခေါင်းမမော့လာတဲ့ ဘတ်ဟျွန်းက ရယ်ချင်စရာလေး။