D.E.C.I.S.I.O.N :08

826 122 8
                                    

အနက်ရောင်စက္ကူပတ်နဲ့ အဖြူရောင် ဂန္ဓာမာပန်း

အရိုးပြာထားရာ ဗိမာန်ထက် ဘတ်ဟျွန်းရောက်လာသည်။ သူမကတော့ မူပိုင်အဖြူရောင်အပြုံးလေးနဲ့ပေါ့...။

သိပ်လှပါတယ်။ သူလိုလူနဲ့သာ မတွေ့ခဲ့ရင် အလှပဆုံးပြုံးပြီး ချစ်ရသူနဲ့ လောကထက် ပျော်ပျော်ရွှင်ရွှင် ရှိနေရဦးမှာ ။

”ဘာလို့ ကိုယ့်ကို ချစ်တာလဲ ”

”ဘတ်ဟျွန်းမလို့ ”

မေးကြည့်ခဲ့ဖူးတယ်။ အဖြေက သူမလို့တဲ့ ။
မင်းကို နာကျင်အောင်ပဲ လုပ်မဲ့ကောင်ကို မချစ်ပါနဲ့လို့ စိတ်ထဲက အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ အပြင်မှာတော့ သူက အပြုံးလေးနဲ့ ။ ပခုံးထက် မှီနေတဲ့ ယွန်ဟွာကို စိတ်ရင်းမပါတဲ့ ကြင်နာမှုနဲ့ အချိုသတ်ခဲ့တာ ။

.........

”ကိုယ်တို့ လက်ထပ်ကြရအောင် ”

ဖုံးဖိမရနိုင်အောင် ပျော်ရွှင်နေတဲ့ သူမက ခေါင်းကို ခပ်သာသာညိမ့်လာခဲ့သည်။ ကိုယ့်စီက လက်ထပ်ခွင့်ကြောင့် တစ်ကမ္ဘာလုံးမှာ သူမက အပျော်ဆုံးပါလို့ ဖွင့်ဟပြောလာခဲ့တာ ။

”ကိုယ့်ကို မိဘတွေနဲ့ မိတ်ဆက်မပေးဘူးလား ”

ရှက်ပြုံးလေးနဲ့ သူမက ခေါင်းညိမ့်ပြလာတဲ့အချိန် ပျော်နေမယ်ဆိုတာ အလိုလိုသိပါတယ်။ အလားတူ သူလည်း ပျော်ရွှင်နေခဲ့တာ ။ ချစ်ရတဲ့ကောင်လေးနဲ့ တရားဝင်တွေ့ဆုံခွင့်ရမယ်ဆိုပြီးတော့ပေါ့...။ ပျော်ရွှင်ခြင်းအကြောင်းပြချက်က မတူပေမဲ့လို့...။

ဘောင်ခတ်ထားတဲ့ ပတ်သက်မှုကို လျစ်လျူရှုကာ နှုတ်ဆက်ခဲ့သည်။ အနီးကပ်တွေ့လိုက်ရတာနဲ့ ရင်တွေခုန်လွန်းလို့ ရေတွေပဲ သောက်ခဲ့ရတာ အမှတ်တရပေါ့ ။ ရိုးသားတဲ့ သူမကတော့ အမေးထုတ်လာပါတယ်... မိဘတွေနဲ့ တွေ့ရမှာ ရင်တုန်နေလို့လား တဲ့လေ ။

ချန်းယောလ် အစ်မဖြစ်နေတာကိုက မင်းအတွက် ကံမကောင်းခြင်းပဲ ယွန်ဟွာ ။
ငါဆိုတဲ့ကောင်က သူနဲ့ပတ်သက်တဲ့ ချစ်ခြင်းတစ်ခုကိုသာအမြဲရွေးချယ်မှာမလို့ အခြားသူကို ထည့်တွက်နေမှာ မဟုတ်ဘူး ။

D.E.C.I.S.I.O.N (C)Onde histórias criam vida. Descubra agora