အိပ်ခန်းထဲဝင်ရောက်လာပြီဖြစ်တဲ့နေရောင်ကျေးဇူးနဲ့ ချန်းယောလ်နိုးလာရသည်။
ခေါင်းတွေကိုက်လိုက်တာ..
ရင်ထဲလဲပူကာ နေရမကောင်းဘူးမလို့ မျက်နှာချောချောက ရှုံ့မဲ့နေရော..။ သို့ပေမဲ့ ခဏတွင်းချင်း ပြောင်းလဲသွားတဲ့မျက်နှာက အပြုံးတစ်ခုဆီ ချက်ချင်း.. ။
”ဒီတစ်ယောက် အခန်းမရှိတာလား? ”
ချန်းယောလ်လက်တွေက လက်မောင်းကိုခေါင်းအုံးကာ တစောင်းအိပ်နေတဲ့ ဘတ်ဟျွန်းရဲ့ ပါးပြင်ပေါ် သက်ရောက်သွားသည်။ ညှစ်ချလိုက်တဲ့နောက် အိကျသွားတဲ့ ပါးပြင်နုနုက နီတောင်နီသွားသေး ။
”အွန်း...”ကလေးတွေမထချင်လို့ ပျင်းကြောဆွဲ အော်သလိုအသံမျိူး ဘတ်ဟျွန်းဆီကထွက်လာတာမလို့ ချန်းယောလ်တိုးတိုးသာသာရယ်လိုက်မိသည်။
”ခင်ဗျားနဲ့ တရားဝင် ချစ်ချင်လိုက်တာ ဘတ်ဟျွန်းရယ်
ကျွန်တော့ကို မမုန်းဘဲ စဥ်းစားပေးရင် သိပ်ကောင်းမှာပဲ
ကျွန်တော် အရမ်းပျော်မိမှာ သိလား ”အတွေးတစ်ခုနဲ့ ငြိမ်သက်သွားတဲ့ချန်းယောလ်က ဘတ်ဟျွန်းကို တွေတွေလေး ငေးကြည့်ရုံသာ..
”မင်း နိုးပြီလား ”
တစ်ချက် ငုံ့သန်းလိုက်ပြီး မျက်လုံးအိမ်တွေကို လက်ဖဝါးနဲ့ သုံးခါလောက် ပွတ်သပ်ပြီးမှ ချန်းယောလ်ကို မော့ကြည့်လာသည်။
မတ်တပ်ထလာကာ ချန်းယောလ်နဖူးပေါ် ရောက်လာတဲ့ လက်ဖဝါးပြင်ဖြူဖြူလေး ။
ရုတ်တရက်မလို့ လန့်သွားကာ
ချန်းယောလ် အသက်ရှူအောင့်လိုက်မိသည်။”တော်သေး...”
သူ့ဟာသူ တိုးတိုးလေးပြောပြီး ထွက်သွားမလို့ လုပ်နေတဲ့ ဘတ်ဟျွန်းကို လက်လှမ်းဆွဲလိုက်မှ သူ့ဆီ အကြည့်ရောက်တော့သည်။
”ဘယ်သွားမလို့လဲ ”
”ချန်းယောလ် ကိုယ်ပူတွေပြန်တက်တာမလို့ တစ်ညလုံး ရေပတ်တိုက်ပေးထားရတာ
ငါ မနက်မိုးလင်းမှအိပ်ရတာမလို့ သွားအိပ်ဦးမယ် ”ထိုတော့မှ ကုတင်အောက်ခြေမှာရှိတဲ့ ရေဇလုံနဲ့ သူ့ဘေးနားကသဘက်တစ်ထည်ကို မြင်မိသည်။
ဘတ်ဟျွန်းတစ်ခုခုဖြစ်နေတယ်ဆိုတာ ချန်းယောလ်ရဲ့ ဆဠမအာရုံက အလိုလိုသိသည်။ သူ့မျက်နှာကို မကြည့်ဘဲ ထွက်သွားဖို့ပဲ လုပ်နေတဲ့ ဘတ်ဟျွန်းက တစ်ခုခုတော့ တစ်ခုခုပဲ။