D.E.C.I.S.I.O.N :02

1.3K 218 12
                                    

အခန်းထဲက ထွက်လာတော့ ဧည့်ခန်းထဲမှာ ရှိနေတဲ့ Baekhyun ကိုတွေ့သည်။
လိုက်ကာအဖြူရောင်တွေရှေ့မှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေပုံပေါ်၏ ။
ချန်းယောလ်အနားကို လျှောက်သွားပြီး ဘတ်ဟျွန်းလုပ်နေတာကို ကြည့်ရင်းကနေ...

”ဘာလုပ်နေတာလဲ ”

ချန်းယောလ်အသံကြားတာနဲ့ ဘတ်ဟျွန်း နောက်ကိုလှည့်ကြည့်လာသည်။

”နိုးပြီလား ”

အမေးနဲ့အတူ အပြုံးနုလေးတစ်ခု ချန်းယောလ်ကို ပြုံးပြလာပြီး ရှေ့ပြန်လှည့်သွားသည်။ပြီးမှ ပြန်ဖြေလာ၏ ။

”ညကပြောလို့..... မင်းမကြိုက်ဘူးဆို
အဲဒါကြောင့် လိုက်ကာတွေ ဖြုတ်သိမ်းမလို့ လုပ်နေတာ ”

ဘတ်ဟျွန်း အပြည့်အစုံရှင်းပြလာရင်း လက်က လိုက်ကာတွေကို ဖြုတ်ဖို့ လုပ်နေသည်။

”ကျွန်တော့်စကားတစ်ခွန်းကြောင့် အစ်မကြိုက်တဲ့ လိုက်ကာတွေကို ဖြုတ်ရက်တယ်လား ”

​မြှောက်ထားတဲ့ ဘတ်ဟျွန်းလက်တွေ တုံ့ဆိုင်းကုန်သည်။ သူ စကားပြောမှားသွားမိပြီပဲ..။
စိုးထိတ်သွားတဲ့ သူ့မျက်နှာကို ချန်းယောလ်် မမြင်နိုင်တာ သူ့အတွက် ကံကောင်းမှုပဲ...။

”ဘာလို့ စကားတစ်ခွန်းကို နှစ်ခါပြောရအောင် လုပ်တာလဲ ယောက်ဖ ”

အဆုံးသတ်ခေါ်ချလာတဲ့စကားက ချန်းယောလ်ရဲ့ မနက်ခင်းကို အမဲရောင်ဖြစ်အောင် လုပ်လိုက်တာပဲ...။

”ယွန်ဟွာကြိုက်တဲ့ အဖြူရောင်တွေကို
ငါသိမ်းထားတော့မယ် လို့ ပြောပြီးသားလေ
မမှတ်မိတာလား ”

ချန်းယောလ်ဘက်ကို လှည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေတဲ့ ချန်းယောလ်ကို တွေ့လိုက်ရသည်။

”မဖြုတ်နဲ့
ဘာလို့လဲ မသိဘူး... လိုက်ကာအဖြူတွေက လှလာသလိုပဲ ”

ချန်းယောလ်လှည့်ထွက်လာတော့သည်။
ဒီနေရာမှာ မနေချင်တော့ဘူး...။ သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို ရင်ထဲထည့်ပြီး ချစ်ကြောင်းပြောနေတာ မြင်ရကြားရတိုင်း သူ့နှလုံးသားကို မီးနဲ့ရှို့နေသလိုပဲ...။

D.E.C.I.S.I.O.N (C)Where stories live. Discover now