🏎 episode -1 ️🏎️

921 60 3
                                    

Unicode

" Congratulation "

ဂုဏ်ပြုစကားဆိုလာသည့် ရင်းနှီးနေပြီးသား အသံတစ်ခုကြောင့် modelတွေနဲ့စကားပြောနေခြင်းကိုရပ်ကာ လှည့်၍ကြည့်လိုက်တော့ အလှဆုံးအပြုံးတွေနဲ့ လင်းလက်နေတဲ့ ချစ်ရသူက အဝါရောင်နှင်းဆီပန်းစည်းအား ကျွန်တော့်ထံကမ်းလင့်သည် ။

" Surprise "

လက်နှစ်ဖက်ကို ဆန့်တန်းရင်းပြောလာသည်က မြတ်နိုးဖွယ်ရာအတိ ။

ချစ်သူပေးတဲ့ ပန်းစည်းအားယူပြီး ရင်ခွင်နန်းတော်ထဲကိုခိုလှုံကာ တိုးဝှေ့လိုက်တော့ ကြင်နာစွာပွေ့ဖက်လေသည် ။

" Darlingလာမယ်လို့ ကျွန်တော်တကယ်ထင်မထားတာ "

" ကြိုပြောရင် မင်းလေးဘယ်ပျော်ပါ့မလဲ "

မေးဖျားလေးကိုဆွဲမော့ကာပြောလာသည့် Darlingစကားကြောင့် နှုတ်ခမ်းဖျားလေးကော့တက်၍သွားရသည် ။

" ပျော်တယ်မလား "

" ဟုတ် ပျော်တယ် "

ခေါင်းလေးညိတ်ပြကာပြောလိုက်တော့ Jaeminက နောက်ကနေ နှာခေါင်းရှုံ့ပြသည် ။

" ငါလည်းပါပါသေးတယ် Renjun "

" မင်းကိုတော့လုံးဝကိုမမြင်တာ "

Darlingရင်ခွင်ထဲကနေ လှမ်း၍စလိုက်တော့ Jaeminက နှုတ်ခမ်းကိုမဲ့ကာ မျက်နှာတစ်ဖက်လွှဲသွားသည် ။

" ကောက်သွားပြီ "

" ထားလိုက်ကောက်ပါစေ  "

" ပွဲကပြီးပြီမဟုတ်လား "

" အင်း ပြီးပြီ ။ သိမ်းစရာရှိတာတွေသိမ်းပြီးရင် ဂုဏ်ပြုညစာစားပွဲလုပ်မလားလို့ ။ ပထမဆုံး showပွဲကြီးကို ဖန်တီးနိုင်တဲ့အတွက်လေ "

" ဒါပေါ့ လုပ်ရမှာပေါ့ ။ မင်းလေးရဲ့ မဟာအောင်ပွဲပဲကို ။ ကိုယ်ဒကာခံမယ် "

" အာ မဟုတ်တာ Darlingကလည်း ကျွန်တော်ပဲရှင်းရမှာပေါ့ "

" ကိုယ်နဲ့မင်းလေးကြားမှာ ခွဲခြားစရာတွေရှိသေးလို့လား "

" ဟုတ်ပါပြီ ။ ခဏစောင့် ပစ္စည်းတွေယူလိုက်အုန်းမယ် "

" များလား ကိုယ်ကူသယ်ပေးမယ်လေ "

🏎️Racer🏎️Where stories live. Discover now