🏎episode - 14🏎

280 47 17
                                    

Unicode🏎

ကားနားဆီပြန်ဆွဲခေါ်လာတဲ့ ကျွန်တော့်၏လက်ကို လှုပ်ယမ်းကာ ဖြုတ်ချလိုက်သည့် Renjunကြောင့် ခံပြင်းစွာ ပြုံးလိုက်ပြီး ပခုံးနှစ်ဖက်မှနေ၍ဆုတ်ကိုင်ကာ ကားရှေ့ဖုံးပေါ် ဖိကပ်၍လှဲချပစ်လိုက်တော့ ရုန်းကန်၍နေသည် ။

" Huang Renjun .. မင်းကလူတွေအများကြီးရှေ့မှ ငါနဲ့ကစားချင်နေပုံပဲ "

" Jaemin .. မင်းဘာမဟုတ်တာတွေ တွေးတောနေပြန်ပြီလဲ .. အ .. Jaemin မလုပ် ... "

အပေါ်မှထပ်ဝတ်ထားသည့် ကုတ်အင်္ကျီအား
လက်တစ်ဖက်နှင့်ဆွဲချကာ ရှပ်အဖြူပေါ်မှ ပခုံးသားနုနုတို့ကို ငုံကာခဲလိုက်တော့ ရင်ဘတ်ကိုတွန်း၍ ငြင်းဆန်ပြန်သည် ။

" Jaemin .. ကျေးဇူးပြုပြီး "

" ကျေးဇူးပြုပြီး .. ဘာဖြစ်လဲ ဆက်ပြောလေ "

မပီဝိုးတဝါးထွက်လာတဲ့ တစ်စွန်းတစ်စ စကားလေးရဲ့နောက် နားသီးဖျားလေးအား နမ်းရင်းမေးလိုက်တော့ သူ့အောက်နှုတ်ခမ်းလှလှလေးတွေကို ပြတ်ထွက်လုမတက် ကိုက်ခဲ၍ထားသည် ။

တင်းကြပ်နေအောင်မှိတ်ထားသည့် မျက်ဝန်းဖျားမှ စီးကျလာသည့် မျက်ရည်ကြည်တို့အားကြည့်ကာ ပြုံးလိုက်ပြီး ..

" ဒါလေးလုပ်တာကို ငိုနေစရာလားကွ "

ပြန်မဖြေပဲ မျက်ဝန်းတို့ကို ဇွတ်မှိတ်ထားသည့် Renjunမျက်နှာလေးအား အတန်ငယ် ငေးစိုက်ကြည့်လိုက်ပြီးမှ မေးဖျားမှဆွဲမော့၍ လစ်လပ်နေတဲ့ အပေါ်နှုတ်ခမ်းအား ဖိကပ်၍နမ်းရှိုက်ပစ်လိုက်သည် ။

တုုံ့ပြန်မှုမပါတဲ့ အနမ်းတို့အား တစ်ယောက်တည်းပုံဖော်ရင်း ရင်ဘတ်ထဲ ဒေါသလှိုင်းအချို့က ဖြတ်ပြေးလို့ ဝင်ရောက်လာတာမို့ နမ်းနေမှုအား ရပ်တန့်ကာ မေးဖျားမှတင်းနေအောင်ဆုတ်ကိုင်၍ ပါးနှစ်ဖက်ကို လက်ချောင်းများဖြင့် ခပ်ကြမ်းကြမ်းဖျစ်ညှစ်လိုက်တော့ ကိုက်ခဲထားသည့် အောက်နှုတ်ခမ်းတွေ သူ့သွားတွေထံမှ လွတ်မြောက်၍သွားရသည် ။

" မင်းငါ့ကိုပြန်မနမ်းတော့ဘူးလား Huang Renjun "

" အနမ်း .. မင်းတစ်ယောက်တည်း ဖြစ်ချင်နေတဲ့ အရာပဲလေ .. ငါကဘာကိစ္စနဲ့ မင်းလိုလူကို မိန်းမိန်းမောမော နမ်းရှိုက်ရမှာလဲ "

🏎️Racer🏎️Donde viven las historias. Descúbrelo ahora