🏎episode - 11🏎

324 50 16
                                    

Unicode 🏎

နူးညံ့နွေးထွေးမှုတွေနဲ့ ကျွန်တော့်ရင်ခွင်ကြားတိုးဝင်အိပ်စက်နေသည့် အကောင်ပေါက်လေးကြောင့် မနက်ခင်းလေးဟာ ခါတိုင်းနေ့တွေထက် လှပလို့နေခဲ့သည်..

နှာသီးဖျားမှာကလူကျီဆယ်နေသည့် Shampooနံ့ ခပ်သင်းသင်းအား နမ်းရှိုက်ရင်း နာရီကိုလှမ်းကြည့်လိုက်တော့ ၉ နာရီထိုးနေပြီ..

ပုံမှန်ဆို ၆ နာရီထိုးတာနဲ့ အိပ်ယာကထတတ်တဲ့ ကျွန်တော့်ရဲ့အိပ်စက်ချိန်တွေ နေမြင့်ခဲ့ဖူးတာ ဒါပထမဆုံးပဲ..

ခပ်ပြည့်ပြည့်ခန္ဓာကိုယ်လေးအား တင်းနေအောင်ဖက်တွယ်ကာ မျက်ဝန်းတို့ပြန်မှိတ်ရင်း သတိထားမိခဲ့တာတစ်ခုရှိတယ်..

Renjunအိပ်မောကျနေတာလေးက သိပ်ချစ်ဖို့ကောင်းတယ်..

မျက်ခုံးနှစ်ခု၏အလယ်ဗဟိုချက်က နေရာလွတ်လေးကို နှုတ်ခမ်းတို့စုချွန်၍ ဖိကပ်နမ်းရှိူက်လိုက်တော့ မျက်တောင်ဖျားတွေ လှုပ်ခတ်၍လာသည်..

" နိုးသွားပြီလား "

" ဟင်.. "

အမေးတို့အားပြန်မဖြေပဲ မျက်လုံးလေးတွေဝိုင်းစက်ကာ ကျွန်တော့်ရင်ခွင်ထဲက ကုန်းထသည့်သူက ဆံပင်တွေကြားလက်ထိုးထည့်ကာ စိတ်ပျက်စွာ ကုတ်ခြစ်၍နေသည်..

" ဘာဖြစ်လို့လဲ babe "

" ကျွန်တော်ဘယ်လိုလုပ်ပြီး ခင်ဗျားအခန်းထဲရောက်နေရတာလဲ "

" မင်းမမှတ်မိဘူးလား.. ညကbabe ကိုယ့်ရင်ခွင်ထဲမှာအိပ်ပျော်သွားတာလေ.. "

" အဲ့လောက်ပဲလား "

" အဲ့ဒါအပြင် ဘာဖြစ်ရမှာလဲ babeရဲ့ .. "

ရှုပ်ပွနေသည့်ဆံပင်လေးတွေအား လက်နှင့်သပ်ကာ နှဖူးချင်းခပ်ဖွဖွထိပြီး ကျွန်တော်ပြောတော့ ခေါင်းငုံ့၍ဂုတ်ကလေးပွတ်နေသည်..

" ကဲပါ ရှက်မနေနဲ့တော့.. ကိုယ်ရေချိုးပြီးရင် shootingသွားရအုန်းမှာ.. Babeလေးက မြန်မြန်ထပြီး ကိုယ့်အတွက် အင်္ကျီပြင်ပေးလေ "

" အွန်း သွား "

" အဲ့ဒါတွေ ချစ်မဝဖြစ်နေရတာ "

ပါးနှစ်ဖက်အားဆွဲလိမ်ကာ မွေ့ယာပေါ်က ဆင်းပြီးရေချိုးခန်းထဲဝင်ခဲ့သည်အထိ အကောင်ပေါက်လေးက ကုတင်ပေါ်က လှုပ်တောင်မလှုပ်သေး..

🏎️Racer🏎️Wo Geschichten leben. Entdecke jetzt