Unicode🏎
မနက်ကတည်းက ထူးဆန်းနေတဲ့ Yellow ရဲ့ မျက်နှာအမူအယာက ညကကိစ္စကို အစာမကြေညက်သေးသယောင်..
ဝတ်ဖို့ဝတ်စုံကိုလည်း ခုံပေါ်ပဲတင်ပေးခဲ့သလို အခုမနက်စာစားဖို့အတွက်လည်း အဒေါ်ကြီးကိုပဲ ပြင်ဆင်ခိုင်းပေးကာ ရှောင်ဖယ်၍နေသည် ။
ဒါကမဟုတ်သေးဘူး..
" Jisung "
" ဗျာ Hyung "
" Yellowကိုသွားခေါ် "
ကျွန်တော့်အမိန့်အဆုံး Jisungက မနက်စာစားပွဲဝိုင်းမှ ထထွက်ကာ Yellowကိုသွား၍ခေါ်သည် ။
သိပ်မကြာလိုက်ပါ..
Jisungပြန်လာတော့ Yellowပါမလာခဲ့ဘူး...
" Yellowရော Jisung "
" အကိုက ဗိုက်အောင့်နေလို့လို့ပြောပါတယ် "
" ဘာ.... "
ထိုင်နေရမှထကာ Yellowအခန်းတံခါးအားတွန်းဖွင့်ကာ ဝင်ခဲ့လိုက်တော့ မွေ့ယာပေါ်မှာလှဲ၍နေသည် ။
" မင်းနေမကောင်းဘူးဆို "
နှဖူးပေါ်လှမ်းလိုက်တဲ့လက်တွေက စိုးရိမ်စိတ်ကြောင့် သွက်လက်လို့နေသည် ။
" ကျွန်တော် ဘာမှမဖြစ်ဘူး "
လက်အားဖယ်ချကာ လှဲနေရာမှထပြီး ကားသော့ကိုယူ၍ ရှေ့ကလှမ်းထွက်ဖို့ပြင်နေတာမို့ လက်အားဖမ်းဆွဲလိုက်တာမို့ ခပ်စောင်းစောင်းလှည့်၍ကြည့်လာသည် ။
" မင်းဒါဘယ်ကိုသွားမလို့လဲ "
" ခင်ဗျား ဒီနေ့ shootingရှိတယ်လေ "
" မင်းနေမကောင်းနေဘူးလေ "
" ကျွန်တော်ဗိုက်လေးပဲအောင့်နေတာ.. ဆေးသောက်ထားတယ်.. သက်သာသွားလိမ့်မယ် "
" ပေး "
လက်ဝါးဖြန့်ကာတောင်းလိုက်တာမို့ သူကမျက်တောင်တို့ပင်ကာ ကြည့်လေသည် ။
" ကားသော့ကိုယ့်ကိုပေး "
လက်ဖဝါးထဲရောက်လာသည့် ကားသော့အား ဆုတ်ကိုင်ကာ Yellowရဲ့လက်ကောက်ဝတ်မှဆွဲပြီး အပြင်ထွက်ခဲ့လိုက်သည် ။
" Haechan "
" ဗျာ.. Hyung "
" Shooting Managerဆီဖုန်းဆက်လိုက်.. ဒီနေ့ ငါ shooting ဖျက်တယ်လို့ "
STAI LEGGENDO
🏎️Racer🏎️
Fanfictionကျွန်တော့်ချစ်သူရဲ့ခြေထောက်ကို ခင်ဗျားလည်ချောင်းသွေးနဲ့ဆေးပေးရမှ ကျွန်တော်ကျေနပ်မယ်... MarkRen feat:: RenMin [ Unicode ] ကျွန်တော့်ချစ်သူရဲ့ခြေထောက်ကို ခင်ဗျားလည်ချောင်းသွေးနဲ့ဆေးပေးရမှ ကျွန်တော်ကျေနပ်မယ်... MarkRen feat:: RenMin