🏎episode - 12🏎

328 47 17
                                    

Unicode🏎

ဆံစလေးအားထိခတ်ချိန် မျက်ဝန်းသားလေးတွေ လှုတ်ခတ်သွားတာမို့ လက်ကလေးပြန်ရုတ်လိုက်တော့ မျက်ဝန်းဝိုင်းလေးတွေ ပွင့်ဟ၍လာသည်..

" နိုးသွားတာလား "

" အင်း.. ဘယ်အချိန်ရှိပြီလဲ "

လှဲနေရာမှ ထထိုင်ကာ အိပ်မှုံစုံမွှားနဲ့ မေးလို့နေတာမို့...

" အင်း.. ဘယ်အချိန်လဲဆိုတော့ ကိုယ်ကကြည့်ပေးရမှာပေါ့ "

ဘာနာရီမှဝတ်မထားသည့် လက်ကောက်ဝတ်အား မြှောက်ကာ ဟန်ပါပါကြည့်နေတော့ Renjunက ရယ်သည် ..

" နာရီလည်းမရှိပဲနဲ့ "

" ရှိတယ်.. Babe မမြင်ရလို့ .. သေချာကြည့် "

" ဘယ်မှာလဲ .. မရှိပါဘူး "

လက်အားဆွဲယူကာ မှောက်တစ်ပြန်လှန်တစ်ပြန် ကြည့်နေသည့် Renjunအား အသည်းယားဆွဲ ဂုတ်ကနေဆွဲယူပြီး ရင်ခွင်ထဲသွင်းလိုက်တော့ ငြိမ်သက်၍နေလေသည်..

" တွေ့ပြီလား နာရီ "

" ဟင့်အင်း "

" မတွေ့ဘူးလား "

" အင်းလေ "

" အာ "

Bathrobeအားအနည်းငယ်ဆွဲလှပ်ကာ ဝဲဘက်ရင်အုံထက် မျက်နှာတစ်ခြမ်းကပ်ပေးလိုက်ပြီး..

" အခုရောတွေ့ပြီလား "

" ရင်ဘတ်အေးအေးကြီးကို .. ဘယ်မှာလဲ နာရီ "

" ကိုယ့်ရင်ခုန်သံတွေက မင်းအတွက် စက္ကန့်မိနစ်တွေပေါ့ Babeလေးရဲ့ "

" အဲ့မိနစ်တွေကို နာရီဖြစ်အောင် ကျွန်တော်မတွက်တတ်ဘူးဆိုရင်ရော "

" ကိုယ်ကသင်ပေးမှာပေါ့ "

" ဘယ်လိုသင်ပေးမှာလဲ "

" Babe နားလည်လွယ်မယ့် တွက်နည်းမျိုးနဲ့ပေါ့ "

" Mark "

လည်ပင်းအားလက်နှစ်ဖက်နှင့် သိုင်း၍ဖက်တွယ်ကာ ခေါ်လိုက်သည့် အသံတိုးသဲ့သဲ့ကြောင့် ခါးအားထိန်းကိုင်ကာ မေးဆက်ပြဖြစ်သည် ..

ငေးစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲက ရွှန်းစိုနေတဲ့ မျက်ရည်ကြည်လေးတွေ..

🏎️Racer🏎️Nơi câu chuyện tồn tại. Hãy khám phá bây giờ