🏎episode - 8🏎

266 52 17
                                    

Unicode 🏎

တီရှပ်ခပ်ပွပွအဖြူကို ဒူးအထက်ဘောင်းဘီအနက်အတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ကာ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်သည့် Yellowအား တစ်ချက်သာမော့ကြည့်ပြီး လှီးလက်စ အသားကို ဆက်လှီးနေလိုက်သည် ။

Haechanက အသားတစ်ဖက်ဝါးရင်း အကဲခတ်သလိုကြည့်နေပေမဲ့ Jisungနဲ့Chenleကတော့ ခေါင်းပင်မဖော် ။

သူ့ရှေ့က ပန်းကန်ကိုကိုင်ကာ အဓိပ္ပါယ်မဲ့ ထိုင်တွေးနေသည့် Yellow ရှေ့က ပန်းကန်ကိုဆွဲယူလိုက်ပြီး အသားတွေအပြည့်လှီးထားသည့် ကျွန်တော့်ပန်းကန်နဲ့လဲပေးလိုက်တော့ မော့၍ကြည့်သည် ။

သူ့အကြည့်တို့အားမသိကျေးကျွံပြုကာ အသစ်စက်စက်ပန်းကန်ထဲက အသားတို့ကိုသာလှီးချွတ်နေလိုက်သည် ။

တိတ်ဆိတ်ခြင်းကို ကိုယ်စားပြုတဲ့ ညစာစားပွဲလေးမှာ ဘယ်သူကမှယောင်လို့တောင် စကားဦးမသမ်း..

ထိုတိတ်ဆိတ်မှုအားဖြိုခွင်းလိုက်သည်က ဖုန်းသံတစ်ခုသာ..

ကျွန်တော့်ဖုန်းလာနေတာမို့ ထိုင်နေရာမှထကာ showcase ပေါ်တင်ထားသည့်ဖုန်းယူကာ ကြည့်လိုက်တော့ မာမီ့ဆီက..

" ဟယ်လို.. "

" Minhyung ah "

တုန်ယင်နေတဲ့မာမီ့အသံလေးနောက်မှာ တမ်းတလွမ်းဆွတ်ခြင်းတွေ အပြည့်ပါဝင်လို့နေမှန်း ကျွန်တော်ခံစားမိတယ် ။

"  Nae."

" သတိရတယ် "

မာမီ့စကားအဆုံး အံကိုတင်းတင်းကြိတ်ကာ မျက်ဝန်းဖျားက မျက်ရည်ကြည်အချို့အား မျက်တောင်နှင့်ပုတ်ခတ်၍သိမ်းဆည်းလိုက်သည် ။

" အိမ်ပြန်လာခဲ့ "

" ကျွန်တော်တောင်းပန်ပါတယ် မာမီ "

" Minhyung မင်းကိုမာမီနေ့တိုင်းမျှော်နေတာ "

" တောင်းပန်ပါတယ် Hyung "

" မလိုပါဘူးကွာ.. အားရင်တစ်ခေါက်လောက်ဖြစ်ဖြစ် မာမီ့ကိုမျက်နှာလေးလာပြလိုက်ပါ "

" ကျွန်တော်ကြိုးစားပါ့မယ် "

" Minhyung ah! အမေ သားကိုအရမ်းချစ်တယ်နော် "

🏎️Racer🏎️Where stories live. Discover now