Unicode 🏎
" Hyung "
လက်အားဆုတ်ကိုင်ကာ ခေါ်နေတဲ့ Haechan လက်အားဖြုတ်ချလိုက်ပြီး..
" ငါအဆင်ပြေတယ် Haechan "
" Mark .. readyဖြစ်ရင် ရိုက်မယ် "
" OK Sir "
စာခေါက်လေးအား အင်္ကျီအိတ်ကပ်ထဲထိုးထည့်ကာ နေရာဆီပြန်လျှောက်ခဲ့လိုက်တော့ Billeက ပြုံးပြ၍နေသည်မို့ ခေါင်းတစ်ချက်သာညိတ်၍ ပြုံးတယ်ဆိုယုံပြုံးပြလိုက်သည် ..
" Mark .. အခု scene က Kateထွက်သွားတာကို Edanက လိုက်တားမယ် .. စကားတွေပြောကြမယ် .. ကတောက်ကဆတွေဖြစ်မယ် .. နောက်ဆုံး Edanက ကျန်ရစ်ခဲ့မယ် .. အဲ့အချိန်ကနေ တစ်ပြိုင်တည်း ပြိုင်ပွဲက ရလဒ်ကို ကြေငြာလိမ့်မယ် .. ပထမဆုကိုရနေပေမဲ့ ချစ်ရသူမရှိတဲ့အခါ အရာရာက ဘာအဓိပ္ပါယ်မှမရှိသလို ခံစားနေရတဲ့ moodကို အပြည့်အဝ ဆရာလိုချင်တယ် OK.. မင်းဖြစ်နိုင်မယ်မဟုတ်လား Mark "
" လုပ်နိုင်ပါတယ် "
" OK .. စလိုက်ကြရအောင် .. camera.. lighting.. ready .. five.. four.. three.. two.. one.. action 🎬 "
" Kate ကိုယ်ပြောတာလေး "
" တော်ပြီ Edan .. ငါတို့ဒါကို ရပ်တန့်လိုက်ကြရအောင် "
" ကိုယ်မင်းကိုချစ်တယ် Kate.. ကိုယ်မင်းမရှိပဲ မနေနိုင်ဘူး "
' ဘဝတစ်ကွေ့မှာ တခဏတာ ခလုတ်တိုက်မိတဲ့ ဆူးငြောင့်တစ်ခုလိုပဲ ကျွန်တော့်ကို ခင်ဗျားသဘောထားလိုက်ပါ Mark '
" ဟင့်အင်း .. မဖြစ်နိုင်ဘူး .. ကိုယ်မင်းကိုလွယ်လွယ်လေး ချစ်ခဲ့တာ မဟုတ်ဘူး .. ကိုယ့်ဘဝ ကိုယ့်အောင်မြင်မှု ကိုယ်ပိုင်ဆိုင်သမျှအရာအားလုံးက မင်းမရှိရင် ဘာမှတန်ဖိုးမရှိဘူး .. ကျေးဇူးပြုပြီး ကိုယ့်ကိုမနှိပ်စက်ပါနဲ့ကွာ .. ကိုယ့်ဆီပြန်လာပေးပါ "
" OK Cut ! ကောင်းတယ် Mark .. နောက်ဆုံး scene.. scene no.86ကို ရိုက်မယ် .. outfitလဲထားလိုက်တော့ "
Directorရှေ့မှလှမ်းထွက်ခဲ့ကာ Haechanဆီလျှောက်ခဲ့တဲ့ လမ်းကမာန်တင်း၍သာ..
နောက်ဆုံးscene..
အထူးသဖြင့် ကျွန်တော်လုံးဝမရိုက်ချင်တော့တဲ့ scene..
CITEȘTI
🏎️Racer🏎️
Fanfictionကျွန်တော့်ချစ်သူရဲ့ခြေထောက်ကို ခင်ဗျားလည်ချောင်းသွေးနဲ့ဆေးပေးရမှ ကျွန်တော်ကျေနပ်မယ်... MarkRen feat:: RenMin [ Unicode ] ကျွန်တော့်ချစ်သူရဲ့ခြေထောက်ကို ခင်ဗျားလည်ချောင်းသွေးနဲ့ဆေးပေးရမှ ကျွန်တော်ကျေနပ်မယ်... MarkRen feat:: RenMin