🏎️episode - 5🏎️

299 56 6
                                    

Unicode🏎️

" yellow "

ကျွန်တော်ပေးတဲ့ဝတ်စုံလေးနဲ့ ဟန်ချက်ညီစွာ လိုက်ဖက်နေတဲ့ ချာတိတ်လေးအား ကြည့်ကာ သဘောကျစွာ ပြုံးရယ်လိုက်တော့ ဂုတ်လေးပွတ်ကာ ရှက်သွေးဖြာလို့နေသည် ။

" ဘာလို့အဲ့လောက်အထိ အူမြူးနေတာလဲ ။ သွားစရာရှိတာ မသွားပဲနဲ့ ။ စိတ်ပြောင်းသွားရင် မလိုက်တော့ပဲနေမှာ "

ဂျွတ်ဆက်ဆက်ပြောပုံလေးက သူများတွေအတွက် နားဝင်မချိုပေမဲ့ ကျွန်တော်ကတော့ ထိုဘုကန့်လေးကိုပင် သဘောအကျကြီးကျနေမိတယ် ။

မောင်းသူနေရာမှာ ကျွန်တော်ဝင်ထိုင်ဖို့ပြင်တော့ ကားဘေးမှာရပ်ကာ ဟိုသည်ရှာဖွေလို့နေပြန်သည် ။

" Erisရော "

" ကိုယ်ဒီနေ့ Erisကိုခေါ်မထားဘူး "

" ဘာဖြစ်လို့လဲ "

" ကိုယ်တိုင်မောင်းချင်လို့ "

" ဘယ်ဖြစ်မလဲ "

" ဘယ်အရာက မဖြစ်ဘူးလို့ မင်းထင်တာလဲ "

" ဒီလိုပွဲမျိုးတွေက တခမ်းတနားတက်ရတာလေ ။ ခင်ဗျားကိုယ်တိုင်ကားမောင်းသွားလို့ ဘယ်ဖြစ်မလဲ ။ ခင်ဗျား ဖယ် ကျွန်တော်မောင်းမယ် "

" အိုကေဗျာ "

ကားသော့အား ကမ်းပေးကာ ဘေးကနေရာကိုရွေ့ပြောင်းထိုင်ပြန်တော့လည်း ချာတိတ်လေးက အလိုမကျပြန်သေး ။

" ဘာဖြစ်ပြန်ပြီလဲ "

" နောက်ခန်းမှာထိုင်လေ "

" မင်းလေးအခု ကိုယ့်ကိုသိပ်ဆိုးနေတယ်လို့ မထင်ဘူးလား "

ကားပေါ်ကဆင်းခါနီး သူကျောမှီထားသည့် ကူရှင်ပေါ်လက်တင်ကာ နားနားကပ်ပြီးပြောလိုက်တော့ မျက်လုံးလေးဝင့်ကာ စောင်းငဲ့ကြည့်လို့လာသည် ။

" ဆိုးတယ်ထင်ရင်လည်း ဆိုးတယ်ပေါ့ ။ ခင်ဗျားကို လူအမြင်တင့်စေဖို့ လုပ်ဆောင်ပေးရမှာ ကျွန်တော့်တာဝန်ပဲ ။ တာဝန်ချိန်မဟုတ်တော့ပေမဲ့ ခင်ဗျားအလုပ်တွေကို လိုက်လုပ်ပေးနေရတဲ့အတွက် overtimeကြေးတော့ ခင်ဗျားကောင်းကောင်းပေးရလိမ့်မယ် "

🏎️Racer🏎️Dove le storie prendono vita. Scoprilo ora